ရည်မှန်းချက်ဆိုတာ ကိုယ်ဘယ်ကို သွားချင်တယ်ဆိုတာကို သတ်မှတ်လိုက်တာပါပဲ။ ရည်မှန်းချက်ကြီးတဲ့သူဆိုတာ လမ်းရှိတဲ့လူကို ပြောတာ ဖြစ်ပါတယ်။ ဘဝမှာ ရည်မှန်းချက်မရှိရင် ၊ ရည်မှန်းချက်မကြီးရင် အမြင့်ရောက်ဖို့ မလွယ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ရည်မှန်းချက်ကြီးတဲ့လူ ဟုတ်/မဟုတ် သိချင်ရင် ကိုယ့်မှာဒီအကျင့်တွေ ရှိသလား ဆန်းစစ်ကြည့်ဖို့ ပြောချင်ပါတယ်။

(၁) ရည်မှန်းချက်ထားတယ် တခြားသူတွေ ပြောမနေဘူး

Plan And Execution

Photo: Unsplash

ရည်မှန်းချက်ကြီးတဲ့လူဆိုတာ ပန်းတိုင်ကိုပဲ ဦးတည်ထားတဲ့လူတွေ ဖြစ်ပြီး အဲ့ဒီကို ရောက်ဖို့ပဲ အမြဲကြိုးစားနေသူတွေ ဖြစ်ပါတယ်။ တချို့တွေကျတော့ ကိုယ့်ရည်မှန်းချက်ကို တခြားသူတွေ လျှောက်ပြောပြီး အလုပ်မဖြစ်ဘဲ အချိန်ကုန်နေတတ်ကြပါတယ်။ တကယ်သာ ရည်မှန်းချက်ကြီးသူဆိုရင် ရည်မှန်းချက်ထားပါ ၊ ကြိုးစားပါ တခြားလူတွေကို လျှောက်ပြောမနေပါနဲ့။

(၂) စွန့်စားရဲတယ်

Chess

Photo: Unsplash

အောင်မြင်ချင်ရင် စွန့်စားရဲဖို့ လိုပါတယ်။ စွန့်စားရဲတဲ့စိတ်ဆိုတာ အကြောက်တရားကို ရင်ဆိုင်ရဲတာ ဖြစ်ပါတယ်။ ရည်မှန်းချက်အောင်မြင်ဖို့ နည်းလမ်းသစ်တွေနဲ့ လျှောက်လှမ်းရမယ့်အချိန်တွေ ရှိပါတယ်။ ရည်မှန်းချက်ကြီးတဲ့သူဆိုတာ ဆန်းသစ်တီထွင်မှုပါတဲ့ အပြောင်းအလဲဖန်တီးသူတွေရဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။

(၃) တွေးခေါ်မှုအသစ်တွေကို စူးစမ်းတယ်

Man Looking at documents

Photo: Unsplash

သင်နဲ့ မတူတဲ့လူတွေနဲ့ စကားပြောပါ။ လေ့လာပါလို့ ပြောချင်ပါတယ်။ မတူတဲ့ အတွေးအခေါ်တွေ ၊ ဖောက်ထွက်မှုရှိတဲ့ စိတ်ကူးတွေကို မျှဝေပါ။ လေ့လာပါ။ ရည်မှန်းချက်ကြီးတဲ့သူတွေနဲ့ ပေါင်းပါ။ ရည်မှန်းချက်ကို သွားရာလမ်းမှာ ပေါင်းသင်းဆက်ဆံရေးကောင်းအောင် လုပ်ပြီး တစ်ဖက်လူတွေရဲ့ အတွေးနဲ့ အသံကို နားထောင်ပါလို့ ပြောချင်ပါတယ်။

(၄) တခြားသူတွေနဲ့ မပြိုင်ဘူး

Man And Computer

Photo: Unsplash

သင့်ရဲ့ အကြီးဆုံးပြိုင်ဘက်က သင်ကိုယ်တိုင်ပဲ ဖြစ်ဖို့သင့်ပါတယ်။ တခြားသူတွေနဲ့ ယှဉ်ပြိုင်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ထောင်ချောက်အမိမခံပါနဲ့။ အောင်မြင်မှုတစ်ခုကို တိုင်းတာရာမှာ တခြားလူတွေထက် ကိုယ်ဘယ်လောက် ပိုရသလဲနဲ့ မတိုင်းတာပါနဲ့။ ကိုယ်ဘာတွေ စွမ်းဆောင်ခဲ့သလဲနဲ့ပဲ တိုင်းတာရမှာပါ။ အလုပ်ကြိုးစားမှု ၊ အာရုံစိုက်မှုနဲ့ ထက်သန်တက်ကြွတဲ့ စိတ်ဆန္ဒတွေက အောင်မြင်ခြင်းရဲ့အခရာအချက်တွေပါပဲ။

Featured Photo: Lifehack