တိုးတက်အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် နေ့စဉ် ပိုကောင်းအောင်လုပ်ပါလို့ ပြောချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တန်ဖိုးတက်လာအောင် လုပ်ခြင်းအားဖြင့် ထိုက်တန်တဲ့အမြင့်တစ်နေရာကို ရောက်မှာ အမှန်ပါပဲ။ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးလုပ်ရင်းနဲ့ တန်ဖိုးမြင့်လူတစ်ယောက်ဖြစ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပေးတဲ့ ကတိတွေထဲမှာ အမြင့်ဆုံးကတိတစ်ခုပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ကိုယ်သင် High-Value ဖြစ်အောင် လုပ်နိုင်မယ့်နည်းတချို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ရည်ရွယ်ချက်ထားပါ

Goal

Photo: Pexels

လူတွေလုပ်လေ့ရှိတဲ့ အကြီးဆုံးအမှားတစ်ခုက ကိုယ့်ဘဝအတွက် ပြတ်သားတဲ့ဦးတည်ချက်မရှိခြင်းပဲ ဖြစ်ပါတယ်။ အခုမှ အလုပ်စဝင်တဲ့လူတစ်ယောက်ကနေ မာတီလ်ဘီလျံနာကြီးအထိ ပြတ်သားတဲ့ ရည်ရွယ်ချက် ရှိဖို့ လိုပါတယ်။ ရည်ရွယ်ချက်ပန်းတိုင်ရှိတာဟာ သင့်ကို ဦးတည်ချက်ရှိတဲ့လူ ဖြစ်လာဖို့ ပထမဆုံးခြေလှမ်းပါပဲ။

(၂) အရှုံးတွေကနေ ပြန်ရုန်းထနိုင်ပါစေ

Prepare to Run

Photo: Pexels

ရုပ်ပိုင်းကြံ့ခိုင်မှုရှိတာ ကောင်းပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှုက အလိုအပ်ဆုံးပါပဲ။ စိတ်က လူကို အရာရာ ပုံသွင်းပါတယ်။ အခက်အခဲနဲ့ ဆုံးရှုံးမှုတွေ ကြုံတဲ့အခါတိုင်း ယုံကြည်ချက်အပြည့်နဲ့ ခေါင်းမော့ပြီး ပြန်ထတဲ့ အကျင့်လုပ်ထားပါ။ အလျှော့မပေးတဲ့ အရည်အချင်းတစ်ခုရှိရုံနဲ့တင် ဘဝအမြင့်ကို ရောက်နိုင်ပါတယ်။

(၃) ဆက်ဆံရေးကောင်းပါ

Meeting

Photo: Pexels

လူမှုဆက်ဆံရေးပညာကို အထင်မသေးပါနဲ့။ အောင်မြင်မှုတစ်ခုကို ဦးတည်စေတဲ့အရည်အချင်းတွေထဲမှာ တော်ရုံတတ်ရုံ ကြိုးစားရုံနဲ့ မရပါဘူး။ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်ဖို့လည်း လိုပါတယ်။ သင့်ကို ပိုပြီး တန်ဖိုးတက်စေတာ သင့်တတ်ထားတဲ့ အတတ်ပညာတွေကြောင့်ထက် သင့်ရဲ့ လူတွေအပေါ် ဆက်ဆံမှု ၊ သဘောထားနဲ့ ကိုယ်ကျင့်တရားက အခရာကျပါတယ်။

(၄) စွဲမြဲထက်သန်မှုရှိပါ

Business Man Calling Phone

Photo: bolde

ကိုယ့်မှာ ရည်မှန်းချက်တစ်ခု ရှိလာပြီဆိုရင် အဲ့ဒီရည်မှန်းချက်ကို အရောက်လျှောက်လှမ်းနိုင်ဖို့ စွဲစွဲလန်းလန်း ကြိုးစားတာ ၊ ထက်ထက်သန်သန် လုပ်ဆောင်တာတွေ မပါရင် ရည်မှန်းချက်အောင်မြင်ဖို့ ခက်ပါတယ်။ ဘာပဲလုပ်လုပ် စွဲစွဲမြဲမြဲလုပ် ၊ ထက်ထက်သန်သန်လုပ် ၊ ယုံယုံကြည်ကြည်လုပ် အောင်မြင်အောင်အထိ လုပ်သွားမယ်ဆိုရင် သံဓိဌာန်ခိုင်မာပြီး တန်ဖိုးရှိတဲ့လူတစ်ယောက် ဖြစ်လာမှာအမှန်ပါပဲ။

Featured Photo: bolde