အာဆင်နယ်အသင်းနည်းပြ အာတီတာက အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားခဲ့ပြီး ရှက်ဖီးယူနိုက်တက်ဂိုးသမားဟောင်း ကစားနေတဲ့ ဗီဒီယိုဖိုင်တွေကို ကြည့်ရှုနေချိန်မှာ ၎င်းရဲ့ ကိုယ်ရည်ကိုယ်သွေးကို အထင်ကြီးမိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

Ramsdale's Effort to save goal attempt

Photo: Goal.com

ရမ်းစ်ဒေးလ်ဟာ တန်းဆင်းသွားခဲ့တဲ့ ရှက်ဖီး ယူနိုက်တက်အသင်းကနေ ထပ်ဆောင်း ဆုကြေးငွေပါဝင်တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၂၄ သန်းနဲ့ အာဆင်နယ်ကို နွေရာသီမှာ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အမ်းမရိတ်စ်ကို ရောက်ရှိလာခဲ့ပြီးနောက် လူမှုကွန်ရက်မှာ မှတ်ချက်ပေးခြင်းကို ကန့်သတ်ခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေဆီကနေ ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ လီနိုရဲ့နေရာမှာ အစားထိုးထည့်သွင်းခြင်းခံခဲ့ရတဲ့အချိန်ကတည်းက အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဆက်တိုက်ပြသပြီးနောက်ပိုင်း အာဆင်နယ်ရဲ့နံပါတ် ၁ ဂိုးသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

အာတီတာက နောက်ဆုံးမှာတော့ အသက် ၂၃ နှစ်အရွယ်ဂိုးသမားရဲ့ စရိုက်လက္ခဏာကြောင့် ခက်ခဲတဲ့အခိုက်အတန့်ကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး အဲဒါကပဲ ၎င်းကို ခေါ်ယူဖို့အတွက် ဆုံးဖြတ်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

Aaron Ramsdale

Photo: 90Min

“ကျွန်တော်တို့ ဘယ်နေရာမှာ ပိုကောင်းမွန်လာနိုင်မလဲ၊ ဘာတွေ ပျောက်ဆုံးနေလဲ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ ခေါင်းဆောင်မှုကို ဘယ်လို ပုံသွင်းချင်လဲဆိုတာကို အတည်ပြုဖို့ လိုအပ်ခဲ့တာ သိသာပါတယ်။ အဲဒါက ကလပ်အသင်းကို ခင်ဗျား ခေါ်ယူခဲ့တဲ့လူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်တယ်ဆိုတာ သိသာပြီး အာရွန်က အရမ်း အကျိုးအမြတ်ဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့ တွေးမိခဲ့ပါတယ်”

“ဆက်သွယ်မှုက သင့်တော်တဲ့စကားလုံးပါ။ ဆက်သွယ်မှုက စည်းလုံးမှုကို ယူဆောင်ပေးပြီး ပရိသတ်တွေနဲ့ ကစားသမားတွေကြားက မတူညီတဲ့ တုန်ခါမှုမျိုးကို ယူဆောင်ပေးတယ်။ အဲဒါက အရမ်းကို မရှိမဖြစ် လိုအပ်ပါတယ်။ အာရွန်က သဘာဝနည်းလမ်းအတိုင်းပဲ အဲဒီတုန်ခါမှုမျိုးကို လွှင့်ထုတ်ပေးနိုင်စွမ်းရှိတယ်။ သူ့ရဲ့ ယှဉ်ပြိုင်လိုစိတ်ရှိမှုကလည်း ပရိသတ်တွေကို မတူညီတဲ့အဆင့်အတန်းတစ်ခုကို ယူဆောင်ပေးပြီး သူ့ရဲ့ အနိုင်လိုချင်တဲ့စိတ်ဆန္ဒကြောင့် အဲဒီလိုဖြစ်လာခဲ့တာပါ။ အဲဒါက ကျွန်တော်တို့ လိုအပ်နေတဲ့ စိတ်ဓာတ်ပိုင်းပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Asia Newsday