ကိုယ့်ကိုယ်ကိုယ်သာ ချစ်ပြီး ငါတကောကောနဲ့ အခြားသူကိုတော့ မတူမတန်ဖိနှိပ်ဆက်ဆံတတ်တဲ့သူမျိုးနဲ့ ကြုံတွေ့ဖူးပါသလား။ ထိုကဲ့သို့သူမျိုးနဲ့ ကြုံတွေ့လာရပါက ဝေးဝေးသာရှောင်လိုက်ပါ။

သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေထဲမှာလည်း ထိုကဲ့သို့သောလူမျိုး ရှိနိုင်ပါတယ်။ ထိုသူတို့သည် သူတို့လိုချင်တဲ့ အာရုံစိုက်ခံရမှု မရသရွေ့ သူတို့ရဲ့ချစ်သူ၊ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတို့ကိုလည်း လျစ်လျူရှုတတ်ကြပါတယ်။ စိတ်မထင်ရင် မထင်သလို နောက်ပြောင်သလိုနဲ့ သင့်ကို နှိမ့်ချဆက်ဆံတတ်ပါသေးတယ်။

ထိုကဲ့သို့သောလူတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဘယ်လိုပြုမူရမလဲ…..

ကိုယ့်ရဲ့အမျက်ဒေါသနှင့် ကြောက်ရွံ့မှုတွေကို မဖော်ပြပါနဲ့

tips for men who is being manipulated by others

ကိုယ့်ကို ဖိနှိပ်ခြယ်လှယ်နေတဲ့ တကိုယ်ကောင်းသမားတွေနဲ့ မပေါင်းသင်းချင်တာကတော့ သဘာဝကျပါတယ်။ ဒါပေမဲ့ မပေါင်းမနေရတဲ့ အခြေအနေမျိုး ကြုံတွေ့ရတဲ့အခါ ကိုယ့်ရဲ့စိတ်ခံစားချက်ကို အပြင်သို့ ထုတ်မပြပါနဲ့။ သင့်ရဲ့လျို့ဝှက်ချက်များ၊ ကိုယ်ရေးကိုယ်တာများကိုလည်း ထိုသူထံ (လုံးဝ) မပြောပြပါနဲ့။ သင့်နောက်ကျောကို ဓားနဲ့ ထိုးသွားပါလိမ့်မယ်။

ကိုယ်ပေါင်း စိတ်ခွာပြုလုပ်ပါ

tips for men who is being manipulated by others

အလုပ်ကြောင့်သော်လည်းကောင်း မိမိရဲ့လူမှုဆက်ဆံရေးကြောင့်သော်လည်းကောင်း မဖြစ်မနေ ပေါင်းသင်းဆက်ဆံရတဲ့အခါ သင့်ရဲ့စိတ်နှလုံးကို ထိုသူထံ ပုံအပ်မထားပါနဲ့ ကိုယ်ပေါင်း စိတ်ခွာသာ ပြုလုပ်ပါ။ စိတ်နှစ်ပြီးပေါင်းတဲ့အခါ သင်ပဲ စိတ်ညစ်ရပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သာ ဦးစားပေးပါ

tips for men who is being manipulated by others

သားကြီးရေ… ငါ့ကို ဒါလေး ကူညီပါဦး ဆိုပြီး အကူအညီလိုမှ သတိရတဲ့အခါမျိုး သင့်ဆီရောက်လာတဲ့အခါမျိုးတွေ ရှိပါသလား။ ကိုယ် အကူအညီလိုတ့အခါမျိုးကျရင်တော့ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတတ်ပါသလား။ ကိုယ့်ကို လိုသုံးလိုသာ သဘောထားတဲ့သူကို စာရင်းထဲ မထည့်ပါနဲ့။ သူတို့ကို ရှေ့တန်းမတင်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်သာ ဦးစားပေးပါ။

“ငါတို့” ဆိုတဲ့အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုပါ

tips for men who is being manipulated by others

ကိုယ့်ကိုယ်ကိုယ်သာ သိတတ်သော သူတို့သည် “ငါ” ဆိုတာပဲ ခေါင်းထဲရှိပါတယ်။ ထိုအခြေအနေမျိုးမှာ သင်က “ငါတို့” ဆိုတဲ့စကားလုံးကို များများအသုံးပြုပြီး သင်သည် ကိုယ့်အတွက်ရော သူ့အတွက်ပါ စဉ်းစားပေးတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားမိအောင် ပြုလုပ်ရပါမယ်။ တနည်းအားဖြင့် သူ့ကိုလည်း ကိုယ့်အတွက်ပဲ ကိုယ် မကြည့်နဲ့လို့ ပညာရှိနည်းနဲ့ ဖော်ပြရာရောက်ပါတယ်။

သည်းခံနိုင်စွမ်းကုန်လာပြီဆိုရင်တော့ ဝေးဝေးသာပြေးလိုက်ပါ

tips for men who is being manipulated by others

သူတို့ရှေ့မှာ ပေါက်ကွဲမပြပါနဲ့။ ပေါက်ကွဲလိုက်တဲ့အခါ သူတို့အမှားက ကိုယ့်အမှားဖြစ်သွားပါလိမ့်မယ်။ သင့်အနေနဲ့ ဘယ်လိုမှသည်းမခံနိုင်တော့ဘူးဆိုရင် ဝေးဝေးသာ ရှောင်နေလိုက်ပါ။ သူတို့သည် သင့်ဘဝအတွက် ဘာအထောက်အကူမှလည်း ပေးမှာမဟုတ်ပါဘူး။ စိတ်အားငယ်စရာတွေပဲ သယ်လာမှာပါ။ ဒါ့ကြောင့် သူတို့နဲ့ မိတ်ဆွေမဖြစ်ရလို့လည်း ကိုယ့်အတွက် နစ်နာသွားတာမရှိပါဘူး။ ပိုတောင် ကောင်းသွားပါသေးတယ်။

Source: Lovepanky.com

Featured Image Source: Gr8relate.com