Rugged ဖက်ရှင်တွေဟာ ဟန်လုပ်မလုပ်နေဘဲ လွတ်လွတ်လပ်လပ်နေချင်သူတွေ ဝတ်လေ့ရှိတဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဒီဖက်ရှင်ကို စွန့်စားခန်းထွက်တဲ့လူတွေ အဝတ်များပြီး နောက်ပိုင်းမှာတော့ ဖက်ရှင်ပုံစံသစ် ထွင်ချင်သူတွေပါ ဝတ်လာကြပါတယ်။
Rugged စတိုင်တွေက အကြမ်းပတမ်း ဒုံးဝတ်လို့ရတယ်။ ရေရှည်ဝတ်နိုင်ပြီး ကိုယ်ပိုင်ဖြစ်တည်မှုကို ပုံဖော်နိုင်တယ်။ အများအကြားမှာ ထူးခြားတယ်။ သိပ်ပြီး တယုတယ သပ်သပ်ရပ်ရပ် ဝတ်ဖို့ မလိုတာကြောင့် ဝန်လည်း ကျဉ်းပါတယ်။ Rugged စတိုင်လို့ ပြောလိုက်ရင် Boots ဖိနပ် ၊ Beanies ဦးထုပ် ၊ သိုင်းကြိုးနဲ့ Messenger Bag တွေကို အများဆုံး ဝတ်တာ တွေ့ရမှာပါ။
Photo: Point 5cc
Boots နဲ့အတူ တွဲဝတ်လေ့ရှိတာက Dark Indigo Jeans အရင့် ၊ စစ်တပ်သုံး ဂျက်ကတ် နဲ့ Suspenders ဘောင်းဘီသိုင်းကြိုးဖက်ရှင်တို့ ဖြစ်ပါတယ်။ တစ်ခါတလေမှာ Low-Top Sneakers တို့ Leather Oxfords တို့နဲ့လည်း စီးကြပါတယ်။ လယ်သာ Boots တွေကတော့ Rugged ဖက်ရှင်ရဲ့ အမှတ်တံဆိပ်ဖြစ်သလို အလိုက်ဖက်ဆုံးစတိုင်တစ်ခုလည်း ဖြစ်ပါတယ်။
Rugged Style မှာ ဝတ်ကြတဲ့ ဂျက်ကတ်တစ်မျိုးက Canvas Jacket ဖြစ်ပါတယ်။ Canvas Jacket တွေက အကြမ်းခံပြီး ယောင်္ကျားဆန်ပါတယ်။ ရေစိုမိုးစိုဒဏ်ခံနိုင်သလို ဝတ်ရတာလည်း စတိုင်ကျပါတယ်။ Canvas Jacket ကို Chambray Shirt နဲ့ ဝတ်မယ်ဆိုရင် Dark Indigo Jeans နဲ့ အညိုရောင် Leather Boots မျိုး တွဲစီးသင့်ပါတယ်။ Jacket အရောင်ကို ကာကီဆန်ဆန် အရောင်မျိုးက ပိုပြီး Rugged ဆန်ပါတယ်။
တကယ်လို့ Denim သားကြိုက်ရင် Denim Jeans Outfit နဲ့ Leather Boot မျိုး စီးသင့်ပါတယ်။ Leather Boots နဲ့ Jeans Pant က လိုက်ဖက်သလို အတွဲလည်း ညီပါတယ်။ အပေါ်မှာတော့ White T-Shirt နဲ့ Beanie ဦးထုပ် ဆောင်းရင် အတော်ကြီး စတိုင်ကျသွားပါပြီ။ Rugged ပိုဆန်ချင်ရင် Messenger Bag ပါ လွယ်သင့်ပါတယ်။ ဒါမှမဟုတ်လည်း Denim Jacket အစား Leather Jacket မျိုး ဝတ်ဖို့ အကြံပေးချင်ပါတယ်။
Photo: nextluxury
Flannel ဖက်ရှင် ကြိုက်ရင် Flannel ကွက်ရင့်ရင့်ကို Denim Jacket နဲ့ တွဲဝတ်ပါ။ ရာသီဥတုအေးတဲ့အချိန်မျိုးမှာ ဝတ်ဖို့အတွက် ဖက်ရှင်ကောင်းတစ်ခုပါပဲ။ တဘောင်းဘီကို ကာကီရောင် ကင်းဗတ်သားမျိုး ဝတ်တာ Black Jeans ဝတ်တာမျိုး လုပ်နိုင်ပါတယ်။ Military စတိုင်ကြိုက်တယ်ဆိုရင် တကယ့် စစ်တပ်သုံးဂျက်ကတ် အစိမ်းပုတ်ရောင်ကို အောက်ခံ တီရှပ်အဖြူ/Graphic Tee တို့နဲ့ ဝတ်နိုင်ပါတယ်။
Rugged ဖက်ရှင်ကိုမှ နည်းနည်းသပ်ရပ်တဲ့ Refined ဘက် သွားချင်ရင် Canvas Vest နဲ့ တွဲဝတ်ပြီး အောက်မှာ ကာကီဘောင်းဘီ ၊ Leather Boot တွေနဲ့ တွဲသင့်ပါတယ်။ ဒါကတော့ Rugged စတိုင်ကြိုက်တဲ့ အမျိုးသားတွေအတွက် အဝတ်များကြတဲ့ ဖက်ရှင်တချို့ကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ်။
Featured Photo: Pinterest