ကျန်းမာရွှင်လန်းချင်ရင် စောစောအိပ် ၊ စောစောထ ဆိုပြီး ပြောကြပါတယ်။ အခုခေတ်မှာ လူမှုကွန်ရက်တွေ နဲ့ ဖျော်ဖြေရေးတွေ သုံးတာများတာကြောင့် သန်းခေါင်းသန်းလွဲမှ အိပ်ရာကနေ မနက်စောစော အိပ်ရာက ထ,ဖို့ ခက်လာကြပါတယ်။ ဒီလို နေထိုင်မှုပုံစံတွေဟာ စောစောစီးစီး ရောဂါဝင်ပြီး အသက်တိုနိုင်ပါတယ်။ ဒါကြောင့် မနက်စောစော အိပ်ရာထဖြစ်အောင် အလွယ်ကူအရိုးရှင်းဆုံး နည်းလမ်းလေးတွေ အကြံပေးလိုက်ပါတယ်။
(၁) ခွေးမွေးပါ

Photo: realmenrealstyle
ခွေးတစ်ကောင်ရှိတာဟာ သင့်အတွက် အဖော်ကောင်းတစ်ယောက်ရတာပါပဲ။ ဒါတင်မဟုတ်ပါဘူး။ သင့်ကို မနက်အိပ်ရာပေါ်က ဆွဲချဖို့ပါ အကူအညီပေးနိုင်ပါတယ်။ မနက်မိုးလင်းလို့ အခန်းအပြင်ဘက်ကို မထွက်ရတဲ့ ခွေးဟာ သူ့သခင်ကို နားပူနားဆာလုပ်တော့တာပါပဲ။ ဒါကြောင့် Alarm Clock မထားချင်ရင် ခွေးမွေးပါ။ ခွေးတစ်ကောင်ကို သင့်အခန်းထဲ မထားချင်ရင်တော့ Alarm Clock အားကိုးပါလို့ ပြောချင်ပါတယ်။
(၂) ညအိပ်ရာဝင်ချိန် ပြောင်းပါ

Photo: realmenrealstyle
မနက် ၅ နာရီ အိပ်ရာက ထဖြစ်ချင်ရင် ညကို ၉ နာရီလောက် အိပ်ရာဝင်သင့်ပါတယ်။ အိပ်ရာစောစောဝင်ဖြစ်တာကြောင့် မနက်စောစော အိပ်ရာက ထဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ တစ်ရက် အနည်းဆုံး ၈ နာရီအိပ်ချိန်ရပြီး မနက် ၅ နာရီ ထနိုင်ဖို့အတွက် အိပ်ချိန်ပြောင်းတာကလည်း အလုပ်ဖြစ်ပါတယ်။
(၃) ညဘက်အိပ်ပျော်ဖို့ ဂရုစိုက်ပါ

Photo: realmenrealstyle
ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ဖို့ ညမအိပ်ခင် တစ်နာရီလောက်ကစပြီး ဖုန်းသုံးတာ ၊ TV ကြည့်တာတွေ ရှောင်ပါ။နေ့လည်ဘက်လောက်ကစပြီး ကော်ဖီလိုမျိုး မျက်စိကျယ်စေမယ့် ကဖိန်းဓါတ်ပါ အစားအသောက်တွေ မစားပါနဲ့။ အိပ်ရာမဝင်ခင် အရက်မသောက်ပါနဲ့။ အိပ်တော့မယ့်ဆိုရင် အခန်းမီးတွေကို မှိန်မှိန်လေးထားတာ/အမှောင်ချတာမျိုး လုပ်ပါ။
(၄) အကျင့်ဖြစ်အောင် ဂရုစိုက်ပါ

Photo: realmenrealstyle
မနက် ၅ နာရီ အိပ်ရာက ထဖို့ ဇွတ်အတင်း Alarm အားကိုးနဲ့ နိုးထရတာမျိုး မဖြစ်အောင် အခုပြောခဲ့တဲ့ အချက်တွေကို အနည်းဆုံး ၃-၄ ပတ်လောက် ပုံမှန်လုပ်သွားပါ။ ကျင့်သားရသွားရင် မနက်ဘက် စောစော အိပ်ရာထဖို့ဆိုတာ ဘာမှ ခက်ခဲတော့မှာ မဟုတ်ပါဘူး။
Featured Photo: thegentlemansjournal
