စီးပွားရေးသမားများ၊ လုပ်ငန်းရှင်များ၊ အောင်မြင်နေသော အမျိုးသားများဆီမှာ အရည်အသွေးကောင်းတဲ့ဘောပင်တစ်ချောင်းရှိကြပါတယ်။ စာချုပ်ချုပ်တဲ့အခါမျိုး၊ အရေးကြီးစာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးရတဲ့အခါ သင့်ရဲ့လက်မှတ်သည် သင့်ရဲ့ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်ပါတယ်။

သင့်ရဲ့ကိုယ်ပိုင်အမှတ်အသားကို အရည်အသွေးကောင်းတဲ့ ဘောပင်တစ်ချောင်းအသုံးပြုကာ ရေးထိုးခြင်းသည် သင့်ရဲ့ဖက်ရှင်ကို ကြီးကျယ်ခမ်းနားစေပါတယ်။

ဘောပင်ဈေးကွက်သည်လည်း ထိုကဲ့သို့သောသူများကိုရည်ရွယ်ပြီး အရည်အသွေးကောင်းကာ ခမ်းနားလှပသော ဘောပင်များ ထုတ်လုပ်လျက်ရှိပါတယ်။

အရည်အသွေးကောင်းပြီး ခမ်းနားလှပတဲ့ဘောပင်များကို စိတ်ဝင်စားသူတွေအတွက် ကမ္ဘာ့ဈေးအကြီးဆုံးဘောပင်များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Conway Stewart Westminster

the most expensive pen for men

ဒီလိုဒီဇိုင်းမျိုးလေးနဲ့ လာတာဖြစ်ပြီး ဈေးနှုန်းကတော့ ၁၈၀၀ ဒေါ်လာကျသင့်ပါလိမ့်မယ်။ သင့်အနေနဲ့ နေ့စဉ်အသုံးပြုနေကျ ဘောပင်အမျိုးအစားဒီဇိုင်းကို ရွေးချယ်နိုင်သလို ရှေးတုန်းကသုံးသလိုမျိုး ဖောင်တိန်ဘောပင်အနေနဲ့လည်း ရွေးချယ်နိုင်ပါတယ်။

Graf Von Faber-Castell

the most expensive pen for men

သူ့ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ပါ။ ဘောပင်ကို သစ်သားဘူးထဲမှာထည့်ပြီးရောင်းတာဖြစ်တဲ့အပြင် ဘောပင်ထိပ်စေ့လေးကိုလည်း ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။

The Caran D’Ache 1010

the most expensive pen for men

နာရီစက်သွားများဖြင့် ပုံဖော်ထားပြီး ပတ္တမြားနှင့် နီလာတို့ကိုလည်း ထည့်မြှုပ်ထားတဲ့အတွက်ကြောင့် သူ့ရဲ့ဈေးနှုန်းက ဒေါ်လာ ၁၉၀၀၀ ဖြစ်သွားတာပါ။ အကန့်အသစ်နဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုပါ။

Diamante By Aurora

the most expensive pen for men

ဒီဘောပင်ကိုတော့ တစ်နှစ်လုံးနေမှ တစ်ချောင်းသာထုတ်လုပ်တာဖြစ်ပါတယ်။ သူ့ကို ၃၀ ကာရက်စိန်များဖြင့် စီခြယ်ထားတာဖြစ်ပြီး ဘောပင်ထိပ်စေ့လေးကိုတော့ ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၁.၂၈ မီလီယံဒေါ်လာဖြစ်ပါတယ်။

Montblanc And Van Cleef And Arpels

the most expensive pen for men

ဒီဘောပင်ကတော့ ဒေါ်လာ ၇ သိန်း ၃ သောင်းတန်ကြေးရှိပါတယ်။ စိန်၊ ပတ္တမြား၊ နီလာနှင့် မြတို့ဖြင့် ပြုလုပ်ထားတဲ့အတွက်ကြောင့် ဈေးကြီးနေရခြင်းဖြစ်ပါတယ်။

The Four Seasons Pen

the most expensive pen for men

ဘောပင်တစ်ချောင်းတည်းဆိုပေမယ့် သူ့အရောင် ၄ ရောင် ပြောင်းနိုင်တဲ့အတွက်ကြောင့် The Four Seasons Pen လို့ အမည်ပေးထားခြင်းဖြစ်ပါတယ်။ နွေဦးရာသီအတွက် အစိမ်းရောင်၊ နွေရာသီအတွက် အနီရောင်၊ ဆောင်းဦးရာသီအတွက် အညိုရောင်နှင့် ဆောင်းရာသီအတွက် မီးခိုရောင်တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၆၀၀၀ ဖြစ်ပါတယ်။ သူ့ကို စုစုပေါင်း အချောင်း ၃၃ ချောင်းသာ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

Source: Supermoney.com

Featured Image Source: Pitchmanpens.com