ငယ်စဉ်ကျောင်းသားဘဝတုန်းက အတန်းထဲ စာသင်နေချိန် အတွေးရေယာဉ်များ တောင်ရောက်မြောက်ရောက်နဲ့ စိတ်ကူးယဉ်ဖူးကြပါလိမ့်မယ်။ ထိုကဲ့သို့ စိတ်ကူးယဉ်ခြင်းမျိုးကိုတော့ သင့်ဆရာ၊ ဆရာမက ကြိုက်နှစ်သက်မှာမဟုတ်ပါဘူး။

လူတိုင်းက စိတ်ကူးယဉ်တတ်ကြပါတယ်။ သိပ္ပံပညာရှင်များရဲ့ပြောကြားချက်အရ လူသားများသည် သူတို့ဘဝရဲ့၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းသောအချိန်ကို စိတ်ကူးယဉ်ခြင်းဖြင့် ကုန်ဆုံးလေ့ရှိကြတယ်လို့ ပြောကြားထားပါတယ်။

စိတ်ကူးယဉ်ခြင်းသည် အောင်မြင်ချင်တဲ့ ယောကျာ်းများအတွက် မရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုပါ။ ဘာ့ကြောင့် ဒီလိုပြောရလဲဆိုတာ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

စိတ်ကူးယဉ်ခြင်းသည် စိတ်ဖိစီးမှုများ၊ စိတ်လှုပ်ရှားစရာများကို ပြေလျော့စေတယ်

why daydreaming is important for men

ကျွန်တော်တို့ရဲ့ဦးနှောက်သည် အကြောင်းအရာတစ်ခုတည်းပေါ်တွင် အချိန်အကြာကြီးအာရုံမစိုက်နိုင်ကြပါဘူး။ ကိုယ့်ရဲ့ဦးနှောက်ကျန်းမာပြီး စိတ်ဖိစီးမှုများ လျော့ချဖို့ရန်အတွက် ဦးနှောက်ကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာများဖြင့် တွေးတောကာ စိတ်ကူးယဉ်ရမှာဖြစ်ပါတယ်။

စိတ်ကူးယဉ်ခြင်းသည် ပြဿနာများကို ဖြေရှင်းပေးနိုင်တယ်

why daydreaming is important for men

ဒီအချက်ကတော့ လက်တွေ့မဆန်ဘူး၊ မဖြစ်နိုင်ဘူးလို့ သင် တွေးထင်ကောင်း တွေးထင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တခါတရံမှာ ပြဿနာတစ်ခုကို အာရုံစိုက်ပြီး မရမနေအဖြေရှာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်ချေအမျိုးမျိုးကို စိတ်ကူးယဉ်ကာ တကယ့်လက်တွေ့ကျမယ့် ဖြေရှင်းချက်တစ်ခုကို ဆွဲထုတ်နိုင်မယ်ဆိုရင်တော့ သင့်ရဲ့ပြဿနာသည် အလွယ်လေး ပြီးသွားမှာပဲဖြစ်ပါတယ်။

စိတ်ကူးယဉ်ခြင်းသည် သင့်ရဲ့ပန်းတိုင်သို့ အရောက်လှမ်းနိုင်အောင် ကူညီပေးတယ်

why daydreaming is important for men

အားကစားသမားများ၊ ဖျော်ဖြေတင်ဆက်သူများသည် သူတို့ရဲ့ပြိုင်ပွဲ (သို့) ဖျော်ဖြေမှုမစတင်ခင်မှာ စိတ်ကူးယဉ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းသည် အောင်မြင်မှုကို အရလှမ်းနိုင်အောင် ဦးနှောက်ကို သတိလှမ်းပေးနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့အောင်မြင်မှုကို ရရှိနေပြီလို့ စိတ်ကူးယဉ်ခြင်းသည် သင့်ကို ပျော်ရွှင်ကျေနပ်မှုကို ခံစားရစေပြီး ကြုံတွေ့လာမယ့် အခက်အခဲအားလုံးကို ရဲရဲကြီးရင်ဆိုင်ကျော်ဖြတ်နိုင်အောင်လည်း ကူညီပေးပါသေးတယ်။

တီထွင်ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးခြင်း

why daydreaming is important for men

လေ့လာချက်တစ်ခုအရ မိမိရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့အရာများကို ၂ မိနစ်ခန့် စိတ်ကူးယဉ်ခြင်းသည် စိတ်ကူးမယဉ်တတ်တဲ့လူတွေထက် ၄၁ ရာခိုင်နှုန်းခန့် ပိုမိုတီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတာကို မြင်တွေ့ရပါတယ်။ ထိုသူတွေက ပြဿနာတစ်ခုကိုပဲ အာရုံစိုက်နေမယ့်အစား သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးယဉ်နိုင်စွမ်းကို အသုံးချသွားတာပဲဖြစ်ပါတယ်။

ကမ္ဘာကြီးကို ပိုမိုသာယာလာအောင် ကူညီပေးခြင်း

why daydreaming is important for men

သင့်အနေနဲ့ ကိုယ့်ရဲ့စိတ်ကူးအတွေးများကို ထုတ်ပြောရမှာရှက်တယ်ဆိုရင် ကိုယ့်တစ်ယောက်တည်းသိတဲ့ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားနိုင်ပါတယ်။ ဒီလိုစိတ်ကူးယဉ်ခြင်းသည် သင့်ရဲ့ဖန်တီးနိုင်စွမ်းကို တိုးမြှင့်စေရုံသာမကဘဲ သင့်ရဲ့အကောင်းမြင်နိုင်စွမ်းကိုလည်း တိုးမြှင့်ပေးပါတယ်။ မကောင်းတဲ့အငွေ့အသက်တွေ ပျောက်ကွယ်သွားမယ်ဆိုရင်တော့ သာယာလှပတဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ပြီပဲဖြစ်ပါတယ်။

Source: Verywellmind.com

Featured Image Source: Timesofisrael.com