ရှီယာဆု (Shiatsu) ဆိုတာ ကိုယ်တိုင်လုပ်နိုင်တဲ့ အရိုးရှင်းဆုံး ဂျပန်ရိုးရာနှိပ်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ကျန်းမာရွှင်လန်းတဲ့ အကျိုးကျေးဇူးတွေ အများကြီး ပေးတဲ့ လေ့ကျင့်ခန်း ဖြစ်ပြီး စိတ်အပြင် ကိုယ်ပါ နုပျိုစေတယ်လို့ ယူဆထားပါတယ်။

ဒီကုထုံးရဲ့ အားသာချက်တစ်ခုက စိတ်ဖိစီးမှုနဲ့ အရိုးအဆစ် နာကျင်မှု သက်သာစေတဲ့အပြင် မျက်နှာပေါ်က အရေးအကြောင်းတွေ ဖယ်ရှားပြီး ပြန်နုပျိုလာအောင်ပါ စွမ်းဆောင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရတဲ့ လေ့ကျင့်ခန်းလဲ ကြည့်ရအောင်ပါ။

How to get rid of “crow’s feet”

Photo: Bright Side

အရင်ဆုံး မျက်လုံးထောင့်စွန်းတွေမှာ ရှိတဲ့ အရေတွန့်တာတွေကို ကုသတဲ့ နှိပ်နယ်မှုကို ပြောပြပါမယ်။ လုပ်ရမှာက ကိုယ့်လက်ညှိုးတွေကို မျက်လုံးအပြင်ထောင့်စွန်းတွေမှာ ထားပြီး နည်းနည်းလေး နွေးအောင် ထောက်ထားရမှာပါ။ လက်ချောင်းတွေနဲ့ ဖိထားပြီး ပြန်လွှတ်လိုက်ပါ။ လက်ညှိုးတွေကို လွှတ်မချဘဲ ကြွက်သားတွေကို အပေါ်တွန်းတင်ထားရင်လည်း ရပါတယ်။ မျက်လုံး နှစ်ဖက်မှာ ၃ စက္ကန့်စီ ၃ ကြိမ် လုပ်ပါ။

မျက်လုံးအောက် မျက်အိတ်နားက အရေကလည်း အလွန်ပါးလို့ တွန့်လွယ် အရေးအကြောင်းထင်လွယ်ပါတယ်။ ဒီနေရာကို Shiatsu နည်းနဲ့ ပြန်လည်သန်စွမ်းအောင် လုပ်မယ်ဆိုရင် လက်ညှိုး ၊ လက်ခလယ်နဲ့ လက်သူကြွယ်ကို မျက်လုံးအောက် အရိုးပေါ် ထောက်ပြီး နှိပ်ပေးရမှာပါ။ နည်းက ရိုးပါတယ်။ မျက်လုံးအောက်ထောင့် ၂ နေရာနဲ့ အောက်တည့်တည့်နေရာတွေကို လက်သုံးချောင်းနဲ့ ၁၀ စက္ကန့်အထိ ကြာအောင် ဖိထားပြီး လွှတ်ရမှာပါ။ နှစ်ကြိမ်လုပ်ပေးပါ။

How to remove puffiness from under your eyes

Photo: Bright Side

မျက်နှာတစ်ပြင်လုံးကို အသားအရည်တင်းရင်းချောမွေ့ချင်ရင်လည်း Shiatsu လေ့ကျင့်ခန်းကို သုံးနိုင်ပါတယ်။ Shiatsu ဟာ မျက်ခုံးနှစ်ခုအကြားက အရေတွန့်တာတွေလည်း ဖယ်ရှားနိုင်ပါတယ်။ လုပ်ရမှာက လက်ညှိုး ၊ လက်ခလယ်နဲ့ လက်သူကြွယ်ကို မျက်ခုံးနှစ်ခုကြား တန်းတန်းထားပြိး ၅ စက္ကန့်ကနေ ၇ စက္ကန့်ကြာ ဖိထားရမှာပါ။ ဒီလေ့ကျင့်ကို နှစ်ကြိမ်လုပ်နိုင်ပါတယ်။

နောက်ဆုံးလေ့ကျင့်ခန်းက မျက်ခုံးကို နှိပ်ပေးတာပါပဲ။ မျက်ခုံးအိမ်တွေကို တင်းရင်းကျစ်လျစ်အောင် နှိပ်ပေးတာကလည်း ရုပ်ရည်ကို ပိုနုပျိုစေပါတယ်။ ဒီတစ်ခေါက်မှာလည်း လက်ညှိုး ၊ လက်ခလယ်နဲ့ လက်သူကြွယ်တွေကို မျက်ခုံးပေါ် သုံးချိုးချ ပြီး ဖိထားရမှာပါ။ ပြီးရင် သိပ်အားမစိုက်ဘဲ အလယ်အလတ်ဖိအားနဲ့ မျက်ခုံးကို ဖိတွန်းပေးရမှာပါ။ ၇ စက္ကန့်လောက် လုပ်ပေးရမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။

 

ပုံမှန်လုပ်ပေးသွားရင် မျက်နှာအရေးအကြောင်းထင်တာ ၊ အသားအရည်တွန့်တာတွေ သိသိသာသာ သက်သာလျော့ပါးသွားမှာပါ။
မျက်အိတ်တွေ ဖောင်းတာ သက်သာချင်ရင် လက်ချောင်းတွေကို မျက်လုံးအတွင်းနဲ့ အပြင်ထောင့်တွေကို ၃ စက္ကန့်ကြာအောင် ညင်ညင်သာသာပဲ ထောက်ထားရမှာပါ။ လက်ညှိုးနဲ့ လက်ခလယ်သုံးပြီး ခွထောက်ထားလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းကို တစ်ကြိမ် ၃ စက္ကန့်နှုန်းနဲ့ ၃ ကြိမ် လုပ်ပေးရမှာပါ။