အချိန်ကို ကောင်းစွာစနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ ယောကျာ်းများအတွက် လုပ်ငန်းခွင်အောင်မြင်မှုသည် အလှပဆုံးသော အသီးအပွင့်တစ်ခုပဲဖြစ်ပါတယ်။ အချိန်ကို ကောင်းစွာ စီမံခန့်ခွဲနိုင်တဲ့အတွက်ကြောင့် အလုပ်ကိစ္စအများကြီးကို အချိန်တိုအတွင်း ပြီးမြောက်နိုင်ခြင်း၊ စိတ်ဖိစီးမှုများ လျော့ကျခြင်းစတဲ့ အကျိုးကျေးဇူးများကိုပါ ခံစားရရှိနိုင်ပါတယ်။

ဒါဆိုရင် အချိန်ကို စနစ်တကျစီမံခန့်ခွဲနိုင်အောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးသင့်သလဲဆိုတာကို ဆက်လက်ဝေမျှပေးချင်ပါတယ်။

မှန်ကန်တဲ့ ပန်းတိုင်ကို သေသေချာချာချမှတ်ထားပါ

time management for men who want to be successful in life

သင့်ရဲ့ပန်းတိုင်သည် တိကျမှုရှိရပါမယ်။ သင် ကိုယ်တိုင် လိုက်လံလုပ်ဆောင်နိုင်ရပါမယ်။ ကြီးမားလွန်းသော ပန်းတိုင်ဖြစ်နေပါကလည်း သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်တာကြောင့် မိမိကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့ ပန်းတိုင်ကို သေသေချာချာ ချမှတ်ထားပါ

အရေးကြီးဆုံးအရာကို ဦးစားပေးပါ

time management for men who want to be successful in life

အရေးကြီးဆုံးနှင့် အမြန်လိုသော ကိစ္စများကို အရင်ဆုံးလုပ်ဆောင်ပါ။ အရေးကြီးပေမယ့် အလျင်မလိုသော ကိစ္စများကို ဘယ်အချိန်လုပ်ဆောင်ရမလဲ အချိန်သတ်မှတ်ပါ။ အလျင်လိုပေမယ့် အရေးမကြီးသော ကိစ္စများကို ဒုတိယဦးစားပေးထဲ ထည့်ပါ။ အရေးလည်းမကြီး အလျင်လည်းမလိုသော ကိစ္စများကိုတော့ နောက်ဆုံးမှ လုပ်ဆောင်ပါ

အချိန်သတ်မှတ်ထားပါ

time management for men who want to be successful in life

အလုပ်ကိစ္စတစ်ခုလုပ်ဆောင်တဲ့အခါ ဒီအလုပ်သည် ဘယ်အချိန်မှာ စလုပ်သလဲ ဘယ်အချိန်အတွင်း ပြီးရမလဲဆိုတာကို စလုပ်ကတည်းက သေချာ သတ်မှတ်ထားဖို့လိုပါတယ်။ ဒါမှ အလုပ်လုပ်နေစဉ်အတွင်း သေသေချာချာ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

အလုပ်တစ်ခု ပြီးမြောက်တိုင်မှာ မိနစ်အနည်းငယ်ခန့် အနားယူပါ

time management for men who want to be successful in life

တစ်နေကုန်လုံး အနားမယူဘဲ အလုပ်ချည်းပဲ ဆက်တိုက်လုပ်တဲ့အခါ စိတ်ပင်ပန်းရတတ်ပါတယ်။ သင့်ရဲ့အလုပ်အပေါ်မှာလည်း အာရုံစိုက်နိုင်မှာမဟုတ်ဘဲ အမှားမှားအယွင်းယွင်းတွေ ဖြစ်တတ်ပါတယ်။ အလျင်စလို လုပ်ဆောင်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် အလုပ်တစ်ခုပြီးသွားတိုင်း ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် အနားယူကာ ဦးနှောက်ကို အနားပေးပါ။ ဒါဆိုရင် သင်လည်း ပြန်လည်လန်းဆန်းသွားမှာဖြစ်ပြီး အာရုံပိုမိုစူးစိုက်နိုင်ပါလိမ့်မယ်။

အစီအစဉ် ရေးဆွဲထားပါ

time management for men who want to be successful in life

Plan ချထားခြင်းသည်လည်း သင့်ရဲ့တစ်နေ့တာကို စနစ်ကျစွာ ဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ Plan မချထားပါက အချိန်တွေအကုန်လုံး ကမောက်ကမဖြစ်ကုန်ပြီး သင်ပဲ စိတ်မွန်းကြပ်ကာ အလုပ်ရဲ့ဖိစီးမှုဒဏ်တွေကို ခံစားရနိုင်ပါတယ်။

Source: Corporatefinanceinstitute.com

Featured Image Source: Thegrandnarrative.com