သိုးမွေးအင်္ကျီတစ်ထည်လောက်နွေးထွေးမှုကိုပေးနိုင်သလို ဆွယ်တာတစ်ထည်လိုလဲပေါ့ပေါ့ပါးပါးဝတ်လို့ရတဲ့ Hoodie အင်္ကျီတွေဟာ ကမ္ဘာ့နေရာအနှံ့က ဖက်ရှင်တံဆိပ်တခုဆိုလဲ မမှားပါဘူး။ ၁၉၂၀၊ ၃၀ပြည့်လွန်နှစ်တွေအတွင်း sport wear တွေကိုလူတွေစိတ်ဝင်စားလာတာနဲ့အမျှ တချို့ဖက်ရှင်တွေနဲ့အတူ Hoodie ဖက်ရှင်ကအစပြုလာပါတယ်။ တကယ်လို့သင်က Hoodie ချစ်သူတစ်ယောက်ဆိုရင် Hoodie အင်္ကျီတွေဘယ်လိုပေါ်ပေါက်လာလဲဆိုတာကို စိတ်ဝင်စားမယ်ထင်ပါတယ်။ ဒါဆိုအခုပဲပြောပြပေးပါမယ်။

Source : The Denizen

အလယ်ခေတ်လောက်ကတည်းက အင်္ကျီချုပ်သူတွေဟာ အင်္ကျီမှာခေါင်းစွပ်ပါတာရဲ့အရေးကြီးမှုကိုနားလည်သဘောပေါက်ခဲ့ကြပေမယ့် ထည့်သွင်းချုပ်လုပ်ခြင်းမရှိခဲ့ပါဘူး။ နည်းပညာတစ်ခုအရ အားကစားအင်္ကျီထုတ်လုပ်သူ Feinblooms Brothers က အရင်ပုံစံဟောင်းကနေ ခေတ်နဲ့လိုက်လျောညီထွေဖြစ်စေမယ့်အစားပုံစံတမျိုးကိုဖန်တီးနိုင်ခဲ့ကြပါတယ်။

ချည်ထည်နဲ့ပြုလုပ်ထားပြီးတော့ ထူထည်းပြီးနွေးထွေးတယ်၊ ချည်သားနဲ့ပြုလုပ်ပေမယ့် ကျုံသွားတာမျိုးမဖြစ်ဘဲ အကြိမ်ကြိမ်ရေနဲ့ပြန်လျှော်ပြီးဝတ်လို့ရအောင်ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကတော့ Hoodie ပါ။ Hoodie တွေမှာ ဝတ်ဆင်သူကိုနွေးထွေးပြီးသက်တောင့်သက်သာရှိစေရန် ဆွဲသားတစ်မျိုးကိုထည့်သွင်းချုပ်လုပ်ထားပြီး ခေါင်းစွပ်ပုံစံနဲ့ပေါင်းစပ်ထားပါတယ်။

Source : Philadelphia Tribune

၁၉၆၀ ခုနှစ်မှာ အမေရိကန်ရဲ့နာမည်ကျော်ပရောဖက်ရှင်နယ်လက်ဝှေ့သမား Muhammed Ali က လေ့ကျင့်ရေးမှာ အမြဲတမ်းဝတ်လေ့ရှိတာကိုတွေ့ရတာကလဲ Hoodie တွေကိုပိုစိတ်ဝင်စားစေခဲ့ပါတယ်။ Joe Namath နဲ့ Rocky Balboa တို့လို Hoodie ဝတ်ဆင်ထားတဲ့ အားကစားသမားအကျော်အမော်တွေကြောင့်လဲ ဆယ်စုနှစ်တိုင်အောင် ရိုးမသွားခဲ့ပါဘူး။

အခုခေတ်မှာတော့ ကယ်လီဖိုးနီးယားကစကိတ်စီးသမားတွေ၊ graffiti အနုပညာရှင်သမားတွေနဲ့ ဟစ်ဟော့ရှေ့ဆောင်အဆိုတော်တွေရဲ့ ကိုယ်ပိုင်ဖက်ရှင်ပုံစံတခုအနေနဲ့ပြောင်းလဲလာခဲ့ပါတယ်။