ခရိုအေးရှား နောက်ခံကစားသမားဟောင်း ဒီနို ဒရစ်ပစ်ဟာ နောက်ပိုင်းမှာ ဇနီးသည်ဖြစ်လာမယ့်သူနဲ့ ကွင်းလယ်စက်ဝိုင်းမှာ ဖောင်းဒိုင်းခဲ့ပြီးနောက် ဒိုင်နမို ဇာဂရက်အသင်းရဲ့ အပြောင်းအရွှေ့စာရင်းထဲ ထည့်သွင်းခြင်း ခံခဲ့ရဖူးပါတယ်။

ဒရစ်ပ်စဟာ ခရိုအေးရှား လက်ရွေးစင်အသင်းအတွက် တစ်ကြိမ် ပါဝင်ကစားပေးခဲ့ဖူးပြီး ၂၀၀၉ ခုနှစ်တုန်းက ဇာဂရက်အသင်းအတွက် ကစားပေးနေခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဒရစ်ပစ်ရဲ့ ဇနီးဖြစ်သူ နီဗက်စ် ဆဲစီးယပ်ဟာ Daily Star ရဲ့ ဖော်ပြချက်အရ ဆားဘီးယား စကားစမြည်ပြောခန်းမှာ ၎င်းနဲ့ ဒရစ်ပစ်တို့ရဲ့ ချစ်ရည်လူးခဲ့တဲ့ အတွေ့အကြုံကို ပြောကြားခဲ့တာဖြစ်ပြီး ဒိုင်နမို ဇာဂရက်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Stadion Maksimir ကွင်းထဲမှာ ၂ ယောက်တည်း ပျော်ရွှင်ခဲ့ကြတဲ့အချိန်တွေကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Nives Celsius

Photo: Sportbible

“ဒီနိုက ကျွန်မတို့အတွက် ဘောလုံးကွင်း မီးဆိုင်းတွေကို ဖွင့်ပေးမယ့် လူတွေကို စီစဉ်ခဲ့ပြီး နောက်ဆုံးမှာတော့ ကွင်းလယ်စက်ဝိုင်းမှာ ဖောင်းဒိုင်းချင်တဲ့ သူ့အိပ်မက်က ပြည့်ဝသွားခဲ့ပါတယ်။ အဲဒါက အရမ်းကို မိုက်ပါတယ်”ဆဲစီးယပ်ဟာ ပလေးဘွိုင်းမော်ဒယ်ဟောင်းတစ်ဦးဖြစ်ပြီး ခရိုအေးရှားနိုင်ငံမှာ အဆိုတော်နဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဆဲစီးယပ်ရဲ့ ပြောစကားတွေဟာ ဒိုင်နမို ဇာဂရက်အသင်း တာဝန်ရှိသူတွေနားထဲ အလျင်အမြန်ရောက်သွားခဲ့ပြီး တကမ္ဘာလုံးသိအောင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့ကြပါတယ်။

ဒရစ်ပစ်ဟာ အဲဒီအင်တာဗျူး ထွက်ပေါ်လာခဲ့ပြီးနောက် အပြောင်းအရွှေ့စာရင်းထဲမှာ ထည့်သွင်းခြင်းခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဇန်နဝါရီလမှာ ဂျာမန်ကလပ်အသင်းဖြစ်တဲ့ ခါးလ်ရူဟာအသင်းကို အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ အဲဒီနှစ် နွေရာသီမှာပဲ အပြီးသတ်အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီး ဒရစ်ပစ်ဟာ ဒိုင်နမို ဇာဂရက်အသင်းအတွက် နောက်ထပ်ဘယ်တော့မှ ကစားပေးခွင့် မရတော့တာဖြစ်ပါတယ်။

Dino Drpic

Photo: Eurosport

ဒရစ်ပစ်ဟာ ဂရိ၊ ယူကရိန်း၊ ခရိုးအေးရှားမှာ နောက်ထပ်တစ်ကြိမ်နဲ့ ဘရူနိုင်းနိုင်ငံတို့မှာ ကစားသမားဘဝကို ကုန်ဆုံးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပါတယ်။ ဒရစ်ပစ်နဲ့ ဆဲစီးယပ်တို့ဟာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ကြပြီး သားသမီး ၂ ယောက် ထွန်းကားခဲ့ပါတယ်။

အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ ခရိုအေးရှားနောက်ခံကစားသမားဟာ ဒိုင်နမို ဇာဂရက်အသင်းအတွက် ကစားပေးခဲ့တဲ့ ၈ နှစ်တာ ကာလတလျှောက်လုံးမှာ လိဂ်ဖလား ၅ ကြိမ်နဲ့ ခရိုအေးရှားဖလား ၆ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ နည်းပြ ဆလာဗန် ဘီလစ် လက်ထက် ခရိုးအေးရှားအသင်းအတွက် ဆလိုဗက်ကီးယားနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၎င်းရဲ့ တစ်ပွဲတည်းသော နိုင်ငံတကာပွဲစဉ်ကို ပါဝင်ကစားပေးခဲ့ပါတယ်။