ဘောင်းဘီတိုဖက်ရှင်သည် အအိုက်သက်သာစေပြီး ပေါ့ပေါ့ပါးပါးနှင့် စတိုင်လ်ကျလှပစေတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ အချို့ယောကျာ်းများသည်လည်း ဘောင်းဘီရှည်သည် စိတ်ကျဉ်းကြပ်စေတယ်လို့ ခံစားရတဲ့အတွက်ကြောင့် ဘောင်းဘီရှည်အစား ဘောင်းဘီတိုကိုသာ စွဲစွဲမြဲမြဲ ဝတ်ဆင်လေ့ရှိကြပါတယ်။

သို့သော် ကိုယ် ဝတ်ဆင်လိုက်တဲ့ ဘောင်းဘီတိုဖက်ရှင်သည် အထာမကျပါက အများအမြင်မှာ အမြင်ရိုင်းစေပြီး သင့်ရဲ့ဖက်ရှင်ကို ပျက်စီးစေပါတယ်။

ဒါဆိုရင် ကိုယ့်ရဲ့ဘောင်းဘီတိုဖက်ရှင်သည် မပျက်စီးသွားအောင် အမြဲတမ်းဖက်ရှင်ကျနေအောင် ဘယ်လိုအချက်တွေကို လိုက်နာရမလဲ။

ဘောင်းဘီတိုဖက်ရှင်ကို ဘယ်အချိန်မှာ ဝတ်ဆင်သင့်သလဲ

shorts fashion for men

ဒီမေးခွန်းသည် အခြေခံအကျဆုံးအချက်ဖြစ်ပါတယ်။ ဘောင်းဘီတို ဝတ်ဆင်သင့်တဲ့အချိန် (၂) ချိန်ရှိပါတယ်။ ပထမအချိန်ကတော့ ကိုယ်သွားမယ့်နေရာ၊ သွားမယ့်ပွဲနဲ့ ရာသီဥတုအခြေအနေပါ။ နောက်တစ်ချက်ကတော့ ရုံးတက် ရုံးဆင်း၊ အရေးကြီးပွဲများ တက်ရတဲ့အချိန်မျိုးမဟုတ်ဘဲ သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါး တွေ့ဆုံကြတဲ့အချိန်ပဲဖြစ်ပါတယ်။

ဂျင်းဘောင်းဘီအတိုများ (လုံးဝ) မဝတ်ဆင်ပါနဲ့

shorts fashion for men

ဂျင်းဘောင်းဘီအတိုဖက်ရှင်များသည် ယောကျာ်းများနဲ့ လုံးဝ မလိုက်ဖက်ပါဘူး။ ဝတ်ဆင်မိပါက သင့်ရဲ့ဖက်ရှင်သည် ဘောင်းဘီအသစ် ထုတ်ဝတ်တာနဲ့မတူဘဲ ဂျင်းဘောင်းဘီအရှည် အဟောင်းကို ညှပ်ထုတ်ကာ ဆင်မြန်းထားတာနဲ့တူပါတယ်။

အိတ်ကပ်အရမ်းမဖောင်းလွန်းတဲ့ ဘောင်းဘီတို (သို့) ကိုယ်တိုင်းနဲ့ ကွက်တိချုပ်ထားတဲ့ ဘောင်းဘီတိုများကို ဝတ်ဆင်ပါ

shorts fashion for men

Photo Source: Mossbros.com

သင့်ဘောင်းဘီက တိုနေတဲ့ဖက်ရှင်ဖြစ်ပါတယ်။ ဒါ့ကြောင့် အိတ်ကပ်ကို အရမ်းကြီး သိသာလွန်းနေတာမျိုးမဟုတ်ဘဲ အိပ်ကပ်သေးသေးကပ်ကပ်ပဲပါတဲ့ ဘောင်းဘီတိုများကိုသာ ရွေးချယ်သင့်ပါတယ်။

ကာကီအရောင်သာမက အခြားသော အရောင်များကိုလည်း ဝတ်ဆင်ဖို့ ဝန်မလေးပါနဲ့

shorts fashion for men

Photo Source: Artofmanliness.com

ကာကီရောင်သည် ဘယ်အရောင်နဲ့မဆို လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကာကီရောင်တစ်ခုတည်း ဝတ်ဆင်မယ့်အစား အခြားသောအရောင်များကို ဝတ်ဆင်ပေးမယ်ဆိုရင် သင့်ကို လူငယ်ပိုဆန်စေပြီး မိုမိုဖက်ရှင်ကျစေပါတယ်။

အားကစားဘောင်းဘီတိုများကို အားကစားပြုလုပ်နေချိန်မှာသာ ဝတ်ဆင်ပါ

shorts fashion for men

Photo Source: Yogiesrus.com

အချို့ကလည်း အားကစားဘောင်းဘီတိုကို အားကစားပြုလုပ်တဲ့အချိန်အပြင် အပြင်ထွက်လည်တဲ့အချိန်မျိုးမှာလည်း ဝတ်ဆင်လေ့ရှိကြပါတယ်။ သင့်ရဲ့ဖက်ရှင်ကို ဂရုမစိုက်ဘူးဆိုရင်တော့ ထိုကဲ့သို့ ဝတ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ သင်သည် ဖက်ရှင်ကို အလေးပေးတယ်ဆိုရင်တော့ ဒီအချက်ကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

Source: Thesharpgentleman.com

Featured Image Source: Pinterest.com