Dress Code ဆိုတာ ဘယ်အဝတ်အစားကို ဘယ်အခမ်းအနားမှာ ဝတ်ရမယ်လို့ သတ်မှတ်ထားတာပါပဲ။ Dress Code ဆိုတာမျိုးကလည်း သူ့နေရာနဲ့သူ လိုက်ဖက်အောင် ဝတ်တက်မှ တန်ဖိုးတက်ပြီး ဝတ်ရတာ စမတ်ကျတာ မဟုတ်လား။ ဒါကြောင့် အခြေခံသိထားသင့်တဲ့ Dress Codes တွေနဲ့ သူတို့ကို ဝတ်ရမယ့်အခမ်းအနားတွေအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

(၁) Casual Dress Code

Casual-Dress-Code

Photo: thetrendspotter

ဝတ်ရမယ့် Dress Code စတိုင်တွေထဲမှာ သက်တောင့်သက်သာအဖြစ်ဆုံးနဲ့ အာရုံအစား အနည်းဆုံးပုံစံပါပဲ Casual ဆိုတဲ့အတိုင်း ပွဲနဲ့လမ်းနဲ့ သွားလာရတာမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ဖက်ရှင်မျိုး ဝတ်သွားရင်လည်း ရပါတယ်။

Casual Dress Code တွေအကြောင်း ပြောရင် ဘယ်တော့မှ ရိုးမသွားတဲ့ Classic Items တွေနဲ့ တွဲဖက် ဝတ်သွားတာ အကောင်းဆုံးပါပဲ။ Classic Items တွေဆိုတာ ဂျင်းပင် ၊ ဆွယ်တာ ၊ Sneaker ၊ တီရှပ် နဲ့ Denim Jackets တို့လိုမျိုး အဝတ်အစားတွေကို ပြောတာ ဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်း Casual စတိုင်ဖက်ရှင်ဖြစ်လို့ ကိုယ့်အတွက် Confident ရှိစေပြီး လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစားမျိုးကို ရွေးချယ်နိုင်ပါတယ်။

(၂) Smart Casual Dress Code

Smart-Casual-Men

Photo: thetrendspotter

Smart Casual ဖက်ရှင်က ဒီဘက်ခေတ် လူလတ်ပိုင်းနဲ့ ရာထူးမြင့်မြင့် တာဝန်ယူထားတဲ့ လူငယ်ပိုင်းအကြား အဝတ်များတဲ့ ဖက်ရှင်စတိုင် ဖြစ်ပါတယ်။ ဒီဖက်ရှင်ကို အစပ်အဟပ်မှန်အောင် ဝတ်တတ်ရင် ကြည့်လို့ကောင်းပြီး သားနားတဲ့အပြင် Impressive လည်း ဖြစ်စေနိုင်ပါတယ်။

တကယ်တော့ Smart Casual ဆိုတာ ရိုးရိုး Casual ကို အဆင့်မြှင့်လိုက်တာပါ။Casual စတိုင်တွေရဲ့ လွတ်လပ်ပေါ့ပါးမှုကိုမှ သပ်ရပ်မှုနဲ့ အနားကွပ်လိုက်တာ ဖြစ်ပါတယ်။ အရင်က T-Shirt နဲ့ Jeans တွဲဝတ်ရာကနေ Chambray Shirt ၊ Blazer နဲ့ Chino Pant ကို ပြောင်းဝတ်လိုက်တာမျိုး ဖြစ်ပါတယ်။တော်ရုံ ပွဲတက်ဖို့ အဆင်ပြေတဲ့ ဖက်ရှင်လည်း ဖြစ်ပါတယ်။

(၃) Business Casual Dress Code

Business-Casual-Dress-Code

Photo: thetrendspotter

Smart Casual ထက် ပိုပြီး Formal ကျတဲ့ Dress Code ပါ။လုပ်ငန်းရှင်တွေနဲ့ မန်နေဂျာအဆင့်ပုဂ္ဂိုလ်တွေ ရုံးတက်ဖက်ရှင်အဖြစ် အဝတ်များပါတယ်။ အခုခေတ်မှာ Business Casual စတိုင်ကို ပိုပြီး လူဝတ်များပါတယ်။ Formal အကျကြီးလည်း မဟုတ် Casual Type လည်း မဟုတ်လို့ ဝတ်ရတာ အရမ်းကြီးတော့ Serious မဖြစ်စေပါဘူး။

ဖက်ရှင်အနေနဲ့ Chino နဲ့ Sweater ၊ Dark Jeans နဲ့ Blazer ကုတ်တို့ တွဲဝတ်လေ့ ရှိပါတယ်။ Shirt ခံဝတ်မယ်ဆိုရင် အရည်အသွေးကောင်းပြီး တန်ဖိုးမြင့်တဲ့ ရှပ်တွေ သုံးလေ့ရှိပါတယ်။ ဖိနပ်ကိုတော့ Brogues ၊ Loafers ၊ Derby Shoes တို့လို Smart Footwear မျိုး ရွေးချယ်နိုင်ပါတယ်

(၄) Business Formal Dress Code

Business-Formal-Dress-Code

Photo: thetrendspotter

ကော်ပိုရိတ်အစည်းအဝေးပွဲတွေ ၊ နှစ်ပတ်လည်အခမ်းအနား နဲ့ မိတ်ဆက်ပွဲလို ပွဲကြီးကြီးတွေမှာ Formal Dress Code မျိုး ဝတ်လေ့ ရှိပါတယ်။ ရုံးဝတ်စုံအမျိုးအစားဖြစ်ပြီး ဝတ်စုံပြည့်ဖက်ရှင်လို့လည်း ခေါ်တတ်ကြပါတယ်။ အဖြူရောင် ဒါမှမဟုတ် အပြာရောင်လိုမျိုး Standard Color နဲ့ Business Shirt တစ်ထည် ၊ အပေါ်မှာ နက်ပြာ ဒါမှမဟုတ် မီးခိုးရောင် Suit ဝတ်ပါတယ်။
နက်ခ်တိုင်လည်း သုံးလေ့ရှိပြီး အရောင်ရင့်ရင့်တွေ ရွေးလေ့ရှိပါတယ်။ ဖိနပ်ကိုတော့ အနက်ရောင် လယ်သာ Shoes တွေအပြင် Oxford Shoes ၊ Derby Shoes တို့လို Shoes မျိုးလည်း စီးနိုင်ပါတယ်၊၊