ခရီးသွားခြင်းသည် စိတ်အပန်းပြေစေပြီး စိတ်ဖိစီးမှုများးကို လျော့ပါးသက်သာစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သဘာဝအလှတရားများကို စိတ်အေးလက်အေးဖြင့် ကြည့်ရှုခံစားနိုင်ပြီး ဒေသန္တရ ဗဟုသုတများကိုလည်း ရရှိပိုင်ဆိုင်စေပါတယ်။

စာဖတ်သူတွေထဲမှာလည်း ခရီးသွားရတာကို နှစ်သက်သူများလည်း ပါကောင်းပါနိုင်ပါတယ်။ စာဖတ်သူကိုယ်တိုင်က ခရီးသွားရတာ နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ခရီးသွားနေစဉ်မှာ ဘယ်လိုအရာလေးတွေကို ပြုမူဆောင်ရွက်ရမလဲဆိုတာကိုရော သိပြီးပါပြီလား။

မသိသေးဘူးဆိုရင်တော့ နောက်တစ်ကြိမ်ခရီးထွက်ဖြစ်တဲ့အခါ ကျင့်သုံးဖြစ်အောင် ဝေမျှပေးလိုက်ရပါတယ်။

လက်ရှိအချိန်ကို အပြည့်အဝခံစားပါ

A Man's Guide to Travelling with Style

ခရီးသွားနေစဉ်မှာ ဆိုရှယ်မီဒီယာတွေပေါ်မှာတင်ဖို့ ပုံလှလှလေးတွေရိုက်ရတာသည်လည်း တာဝန်တစ်ရပ်လိုဖြစ်လာပါတယ်။ ဓာတ်ပုံလှလှလေးတေါ ရိုက်ခြင်းသည် အမှတ်တရကောင်းများကို သိမ်းဆည့်ပေးထားနိုင်ပါတယ်။ ဒါပေမဲ့ ထိုသာယာလှပတဲ့အခိုက်အတန့်ကလေးကို သင် အပြည့်အဝခံစားနိုင်ဖို့အခွင့်အရေးများ ဆုံးရှုံးသွားစေတတ်ပါတယ်။ ဒါ့ကြောင့် ပုံအများကြီး ရိုက်ယူတာမျိုးမလုပ်ဘဲ ကိုယ့်ရဲ့အမြင်အာရုံနဲ့သာ ကြည့်ရှုခံစားလိုက်ပါ။

ပိုက်ဆံ ပိုပိုသာသာဆောင်သွားပါ

A Man's Guide to Travelling with Style

ခရီးသွားနေစဉ်မှာ တည်းခိုစရိတ်၊ စားသုံးစရိတ်များ၊ အမှတ်တရပစ္စည်းများအတွက် မသွားခင်ကတည်းက သေချာစဉ်းစားသွားပါ။ ကိုယ် ဘယ်လောက်သုံးဖြစ်မလဲ။ ဘယ်လောက်ဆို လုံလောက်မလဲဆုံးဖြတ်ပါ။ ထို့နောက် ပိုက်ဆံအပိုလည်း ထည့်သွားသင့်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုအပိုကုန်သွားမလဲဆိုတာ မသိနိုင်တာကြောင့် ပိုပိုသာသာယူသွားတဲ့အခါ စိတ်ဖြောင့်ဖြောင့်နဲ့ ခရီးသွားနိုင်တာပေါ့။

လူတိုင်းကို မယုံပါနဲ့

A Man's Guide to Travelling with Style

ကိုယ် ကြားသိရတဲ့ အကြောင်းအရာတစ်ရပ်သည် သာမန်ထက်ပိုပြီး ထူးကဲသာလွန်စွာ ကောင်းမွန်နေမယ်ဆိုရင်တော့ ပုံမှန်အခြေအနေမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံအတွင်းမှာ ခရီးသွားတဲ့အခါမှာတော့ ပတ်ဝန်းကျင်အစိမ်းဖြစ်နေတဲ့အတွက်ကြောင့် သေချာဂရုစိုက်သင့်ပြီး နိုင်ငံခြားခရီးသွားတဲ့အခါ ပိုလို့တောင် သတိထားသင့်ပါတယ်။

ဒေသ အစားအစာများကို မဖြစ်မနေ မြည်းစမ်းစားသုံးပါ

A Man's Guide to Travelling with Style

ဒေသတစ်ခုစီမှာ မတူညီတဲ့ အစားအစာကိုယ်စီရှိကြပါတယ်။ ထိုဒေသစာများသည်လည်း အင်မတန်နာမည်ကြီးကြပြီး တစ်ခါစားဖူးရုံနဲ့ နောက်တစ်ခါထပ်စားချင်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ကိုယ့်အိမ် ပြန်ရောက်လာတဲ့အခါ ခရီးသွားတုန်းက အဲ့နေရာမှာ စားခဲ့တဲ့အစားအစာလေးဆိုပြီး လွမ်းတမြည့်မြည့်နဲ့ ပြန်လည်ဆွေးနေရတာလည်း ဖီလင်တစ်မျိုးပဲ မဟုတ်လား။

အရည်အသွေးကောင်းတဲ့ ခရီးဆောင်အိတ် သယ်သွားပါ

A Man's Guide to Travelling with Style

သင့်ရဲ့ခရီးဆောင်အိတ်သည် သင့်ရဲ့အဝတ်အစားများကို လုံခြံအောင်ကာကွယ်ပေးတာဖြစ်ပါတယ်။ ထိုအိတ်ထဲမှာ သင့်ရဲ့အရေးကြီးတဲ့စာရွက်စာတမ်းများ၊ ပိုက်ဆံများ ထည့်ချင်လည်း ထည့်ထားမှာပါ။ ထိုအရာများကိုလည်း လုံခြုံစွာ ထားဖို့ရန်အတွက် အရည်အသွေးကောင်းတဲ့ခရီးဆောင်အိတ်မျိုး အသုံးပြုရမှာဖြစ်ပါတယ်။

ဖိနပ်အပိုသယ်သွားပါ

A Man's Guide to Travelling with Style

အမျိုးအစားမတူတဲ့ ဖိနပ် ၂ ရံလောက် ထည့်သွားသင့်ပါတယ်။ ဥပမာ ခရီးစသွားစဉ်မှာ Sneakers ဖိနပ် စီးသွားတယ်ဆိုရင် ခရီးဆောင်အိတ်ထဲမှာ ညှပ်ဖိနပ်တစ်ရံထည့်သွားပါ။ သင့်ရဲ့အဝတ်အစားစတိုင်လ်နဲ့ လိုက်ဖက်ပြီး ဖိနပ်များကို ပြောင်းလဲဝတ်ဆင်ပါ။

ဖိနပ်အပိုယူသွားသင့်တဲ့နောက်ထပ်အကြောင်းအရင်းကတော့ မတော်တဆ ဖိနပ်တစ်ရံပြတ်သွားခဲ့သည်ရှိသော် ဖိနပ်ဝယ်ဖို့အချိန်ကုန်စရာမလိုဘဲ ကိုယ့်ရဲ့အားလပ်ရက်ခရီးကို အားရပါးရကုန်ဆုံးနိုင်မှာမို့လို့ပဲဖြစ်ပါတယ်။

Source: Realmenrealstyle.com

Featured Image Source: Shermanstravel