ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှုရှိတာကို Confident ရှိတယ်လို့ ပြောကြတာပါ။ နာမည်ကျော်ကြားမှ ၊ ချမ်းသာမှ ၊ လူတွေ အားကျလောက်တဲ့ ရုပ်ရည်နဲ့ ဘော်ဒီပိုင်ရှင်ဖြစ်မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာမျိုးက စစ်မှန်တဲ့ Confident ရှိတာမျိုး မဟုတ်ပါဘူး။

လူ့စိတ်သဘာဝကို လေ့လာနေတဲ့ ပညာရှင်တွေက Confidence ရဲ့ အရေးပါမှုကို အလေးအနက် အသိအမှတ်ပြုထားကြသူတွေ ဖြစ်သလို လူတွေ Confident ကောင်းလာအောင် ဘယ်လိုအချက်တွေက လှုံ့ဆော်ပုံဖော်ပေးနေသလဲဆိုတာပါ သိထားကြပါတယ်။ ဒီတစ်ခေါက်မှာ အဲ့ဒီလို လွယ်ကူရိုးရှင်းပြီး ထိရောက်လှတဲ့ Confident ရှိလာစေမယ့် နည်းလမ်းလေးတွေ ပြန်ဖောက်သည်ချချင်ပါတယ်။

(၁) Self-Talk တွေကို ထိန်းချုပ်ပါ

Work With Computer

Photo: Unsplash

ကိုယ့်ကိုယ်ကိုယ် ပြန်ပြောပြနေတဲ့ အသံတွေကို သေချာနားထောင်ပါ။ ကိုယ်လိုချင်တဲ့ပုံစံရအောင် ထိန်းချုပ်ထားပါ။ အဲ့ဒီစကားတွေက သင့်ရဲ့ ပုံစံကို ပုံဖော်ပေးနေလို့ ဖြစ်ပါတယ်။ သင့်စိတ်က သင့်ခေါင်းထဲက သင့်ကိုယ်သင် ပြန်ပြောနေတဲ့အသံတွေကို အမြဲနားထောင်နေပြီး အဲ့ဒီအသံအတိုင်း လိုက်လုပ်တတ်တယ်ဆိုတာ မမေ့ပါနဲ့။

(၂) စကားလုံးလေးတွေ ပြောင်းကြည့်ပါ

You Can Do It

Photo: Unsplash

စကားတစ်လုံးဟာ အလွန်ကို စွမ်းတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ စကားပြောရာမှာ ငါ-သူဆိုတဲ့ First Person နဲ့ Second Person အသုံးအနှုန်းလေးတွေ ရှိပါတယ်။ ဥပမာ- “ငါရလိုက်တယ်။ ငါလုပ်နိုင်တယ်”ဆိုတဲ့စကားနေရာမှာ “(သင့်နာမည်ကို ထည့်ပြောပြီး) မင်းလုပ်နိုင်တယ် ၊ မင်းရလိုက်တယ်” လို့ ပြောခြင်းအားဖြင့် စိတ်ကို ထိခိုက်လှုံ့ဆော်မှုက အများကြီး ပြောင်းသွားတတ်တယ်လို့ ဆိုပါတယ်။

(၃) စိတ်ကူးယဉ် ပုံဖော်မှု သုံးပါ

hands clenched power strength isolated on black

Photo: Unsplash

ပုံဖော်မှု Visualization လုပ်တယ်ဆိုတာ သင်လိုချင်တဲ့ အခြေအနေအတွက် ကြိုမျှော်မြင် ပြင်ဆင်လိုက်တာပါပဲ။ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်စိတ်တည်ဆောက်တယ်ဆိုတာ ကြွက်သားတွေ သန်မာလာတဲ့ပုံနဲ့ ဆင်ပါတယ်။ ကြွက်သားတွေ လေ့ကျင့်ပေးဖို့ ကြွက်သားထိအောင် လှုပ်ရှားရင်း နူရွန်တွေလောင်မြိုက်ရာကနေ ကြွက်သားမျှင်လေးတွေ ပွားပွား ကြီးထွားလာတာမျိုး။ သင့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ တွေးထားချိန်တိုင်းမှာ ဦးနှောက်ထဲက နူရယ်ကွန်ရက်တွေ လှုံ့ဆော်ရာကနေ ပိုလို့ ချိတ်ဆက်မိပြီး ခိုင်မာလာပါတယ်။ ဒီနည်းနဲ့ ယုံကြည်မှုတွေ ပိုခိုင်မာလာတတ်ပါတယ်။

(၄) အလေ့အကျင့်လုပ်ပါ

Kid On Bike

Photo: Unsplash

အားကစားသမားတွေ သူတို့ရဲ့ အကောင်းဆုံးအားကစားစွမ်းရည်ရဖို့ နေ့တိုင်း‌အထုံအလေ့ဖြစ်အောင် လေ့ကျင့်သလိုမျိုး စိတ်စွမ်းအင်ဘက် သွားသူဟာ နေ့စဉ် အထုံပါအောင် လေ့ကျင့်ယူဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို လာစမ်းသပ်ချိန်တွေမှာ မဖြစ်မနေ ထုတ်သုံးဖို့နဲ့ ယုံကြည်မှုရှိရှိနဲ့ အတွင်းစိတ်ကို တွန်းအားပေးခိုင်းနေဖို့ လိုပါတယ်။

Featured Photo: Unsplash