Gym ကစားတဲ့ အမျိုးသားတွေကို မိန်းကလေးတွေက ‘ကြည်’ တယ်ဆိုတာ သိပ္ပံနည်းကျ လေ့လာမှုတွေက သက်သေပြထားပါတယ်။ တကယ်တော့ အမျိုးသားတွေ အားကစားလုပ်တယ်ဆိုတာကလည်း ကျန်းမာရေးကောင်းဖို့ သက်သက်ပဲ ရည်ရွယ်တယ်ဆိုရင် ဒါက လိမ်တာပါပဲ။

အမျိုးသားတွေ Gym ကစားတဲ့ ရည်ရွယ်ချက်တွေထဲမှာ မိန်းကလေးတွေ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိဖို့ဆိုတဲ့ အချက်လည်း ပါနေပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းတွေဟာ လူကို အဆီကျပြီး ကျစ်လျစ်ကြံ့ခိုင်စေတဲ့အပြင် ရုပ်ရည်ကိုပါ ပိုပြီး ခန့်ညားအောင် အကူအညီပေးပါတယ်။

Photo: MensHealth

ဒီအချက်ကို ဩစတြေးလျ Griffith University က လေ့လာတဲ့ လေ့လာမှုကလည်း ထောက်ခံထားပါတယ်။ ကွင်းစ်လန်းမှာရှိတဲ့ Griffith University က သုတေသီတွေဟာ အမျိုးသမီး ၁၅၀ နဲ့ တွေ့ဆုံပြီး သူတို့မျက်လုံးထဲ ဆွဲဆောင်မှုရှိတယ်လို့ လက်ခံထားတဲ့ အမျိုးသားတွေရဲ့ ပုံစံကို မေးမြန်းလေ့လာခဲ့ပါတယ်။

အမျိုးသမီး တစ်ဦးချင်းစီကို လေ့လာစူးစမ်းမှု လုပ်ပြီးနောက် ယောင်္ကျားတစ်ယောက်ရဲ့ ဆွဲဆောင်နိုင်စွမ်းကို အချက် ၃ ချက်နဲ့ သုတေသီတွေဟာ မှတ်ချက်ချခဲ့ပါတယ်။ အဲ့ဒါတွေကတော့ ဘယ်လောက် သန်မာသလဲ ၊ ဘယ်လောက် ကျစ်လျစ်သွယ်လျသလဲနဲ့ ဘယ်လောက် အရပ်ရှည်သလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Source : Freepik

တစ်ချို့ အမျိုးသမီးတွေဟာ မိန်းမဆန်ဆန် နုနယ်တဲ့ မျက်နှာပိုင်ရှင်တွေကို သဘောကျတယ်ဆိုပေမယ့် အများစုကတော့ ကိုယ်ကာယကြံ့ခိုင်သန်မာတဲ့ အမျိုးသားတွေကို စိတ်ဝင်စားကြပါတယ်။