အာဆင်နယ်ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ သူရဲကောင်းဖြစ်ခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပီတာ ရှမိုက်ကယ်ဆီကနေ ချီးကျူးခြင်းခံခဲ့ရတာက ထူးခြားတဲ့အခိုက်အတန့်ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Aaron Ramsdale Save

Photo: The Guardian

အာဆင်နယ်အသင်းဟာ စနေနေ့ လက်စတာစီးတီးအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပေးဂိုးမရှိအောင် အကောင်းဆုံးလက်စွမ်းနဲ့ ကာကွယ်ပေးနိုင်ခဲ့တဲ့ ရမ်းစ်ဒေးလ်ဟာ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုး ပြသခဲ့တာဖြစ်ပါတယ်။ အလွတ်တည်ကန်ဘောကနေ ဂျိမ်းစ် မက်ဒီဆင် ကန်သွင်းခဲ့တဲ့ ဂိုးကန်သွင်းမှုကို လက်တစ်ဖက်ထဲနဲ့ လေထဲမှာ မယုံနိုင်ဖွယ် ခုန်ပျံပုတ်ထုတ်ခဲ့ပြီးနောက် အားလုံးရဲ့ ပါးစပ်ဖျားမှာ အဲဒီကာကွယ်မှုက ပြောစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ရဲ့ ကာကွယ်နိုင်မှုက မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်ကို ဒီနှစ်တွေမှာ မြင်ခဲ့ဖူးသမျှ ကာကွယ်မှုတွေထဲမှာ အကောင်းဆုံးကာကွယ်မှုဖြစ်တယ်လို့ ကြေညာရလောက်တဲ့အထိ ဖြစ်စေခဲ့ပြီး အာဆင်နယ်ဂိုးသမားက ရရှိလာတဲ့ တုံ့ပြန်မှုတွေနဲ့ပတ်သက်ပြီး မယုံနိုင်ဖြစ်ခဲ့တာဖြစ်ပါတယ်။ “တစ်စုံတယောက်က သူ့ရဲ့ တွစ်တာအကောင့်ကို ဟက်ခ်သွားသလိုပါပဲ။ အဲဒါက ရူးသွပ်ချင်စရာဖြစ်ပြီး ရှင်းပြဖို့ တော်တော်လေး ခက်ပါတယ်”

Ramsdale against Leicester City

Photo: The Athletic

“ကက်စ်ပါ ရှမိုက်ကယ်က တဖက်ဂိုးပေါက်မှာ ရှိနေခဲ့ပြီး ပီတာက အဲဒီစာကို ရေးခဲ့တာကို ကျွန်တော် အဝတ်လဲခန်းထဲ ရောက်တဲ့အချိန်မှာ တွေ့လိုက်ရတဲ့အတွက် အဲဒါက ထူးခြားတဲ့ အခိုက်အတန့်ဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ လူငယ်ကြယ်ပွင့်ကစားသမားတစ်ယောက်အဖြစ်နဲ့ ရှမိုက်ကယ် ကစားတာကို ကြည့်ခဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အခါမှာ ရမ်းစ်ဒေးလ်က “ကျွန်တော် လုံးဝ ရိုးရိုးသားသားပြောမယ်။ မကြည့်ဖူးပါဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်တော် အားလုံးသိခဲ့ပါတယ်။ ကျွန်တော် ဟိုက်လိုက်တွေ အများကြီး ကြည့်ခဲ့ပြီး သူ အရမ်းကောင်းတဲ့ ကာကွယ်မှုတွေ လုပ်ခဲ့တာကို မြင်ဖူးပါတယ်”

“ကျွန်တော် ကြီးပြင်းလာတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေလောက်တော့ အများကြီး မကြည့်ဖြစ်ခဲ့ဘဲ ကျွန်တော် ဂိုးစဖမ်းတော့ သူ အနားယူခဲ့ပြီးပြီလို့ ကျွန်တော် ထင်ပါတယ်”လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အခုလုပ်နိုင်ခဲ့တာတွေအားလုံးက အဆုံးအဖြတ်ပေးနိုင်တဲ့ ခြေလှမ်းတွေလို့ ရမ်းစ်ဒေးလ်က လက်ခံထားပေမယ့် အာဆင်နယ်နဲ့ အင်္ဂလန်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းလိုမျိုး ကစားသမားဆီကနေ ရရှိခဲ့တဲ့ အားပေးထောက်ခံမှုတွေကတော့ တကယ်မှဟုတ်ရဲ့လား မယုံနိုင်ဖြစ်နေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။

“အာဆင်နယ်မှာ ရှိနေခဲ့ပြီး အခုလက်ရှိ ဒေးဗစ် ဆီးမန်းနဲ့ အဆက်အသွယ်ရှိနေပါတယ်။ ကျွန်တော့်မှာ သူ့ဖုန်းနံပါတ် ရှိနေပြီး သူ့ဆီကနေ အရင်ကရော အခုပါ မက်ဆေ့ဂျ်တွေ ရခဲ့တာတောင်မှ သူ့ဆီကနေ အားပေးထောက်ခံတဲ့ စာရခဲ့တာက ထူးဆန်းနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Photojoiner.net