Crystal Palace နောက်ခံကစားသမား Aaron Wan-Bissaka ကို မန်ယူအသင်းက ပေါင်သန်း ၅၀ နဲ့ခေါ်ယူလိုက်ပါပြီ။ ဗုဒ္ဗဟူးနေ့က မန်ချက်စတာမြို့မှာ ပထမအဆင့် ဆေးစစ်ချက်အောင်မြင်သွားပြီလို့ သိရပါတယ်။ ပုဂ္ဂိုလ်ရေးအရတော့ သဘောတူညီမှု ညှိနိုင်းရအုံးမှာပါ။

အဆိုပါ ၂၁ နှစ်အရွယ်နောက်ခံကစားသမားကို မန်ယူအသင်းက ကနဦး ပေါင် ၄၅ သန်းပေးချေရမှာပါ။ ကစားရတဲ့ပွဲ အရေအတွက်ပေါ်မှုတည်ပြီး Add-Ons ပေါင် ၅ သန်းထည့်ပေါင်းထားတဲ့အတွက်ကြောင့် အဆိုပါကစားသမားဟာ ပေါင်သန်း ၅၀ တန်ကြေးရှိသွားတာပါ။

Source: Fox Sports

Wan-Bissaka ဟာ မန်ယူအသင်းမှာ ကာလရှည် စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဆေးစစ်ချက်အောင်မြင်သွားရင်တော့ အဆိုပါကစားသမားဟာ ဆိုးရှားခေါ်ယူခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာမှာပါ။ ဆိုးရှားရဲ့ ပထမဆုံးခေါ်ယူခဲ့တဲ့ကစားသမားကတော့ Swansea အသင်းကစားသမား Daniel James ပဲဖြစ်ပါတယ်။

အဆိုပါ အင်္ဂလန် ယူ ၂၁ ကစားသမားဟာ Paul Pogba (ပေါင် ၈၉ သန်း) ၊ Romelu Lukaku (ပေါင် ၇၆ သန်း) ၊ Angel Di Maria (ပေါင် ၅၉.၇ သန်း) နဲ့ Fred (ပေါင် ၅၂ သန်း) တို့ရဲ့ နောက် ယူနိုက်တတ်ရဲ့ ၅ ယောက်မြောက် ဈေးအကြီးဆုံးခေါ်ယူမှုဖြစ်လာဖွယ်ရှိနေပါတယ်။

Source: Fox Sports Asia

Wan-Bissaka ဟာ Palace အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် ၃၅ ပွဲထိပါဝင်ကစားပေးထားပါတယ်။ ပရီးမီးယားလိဂ်မှာ အသင်းက အဆင့် ၁၂ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဆိုးရှားဟာ အဆိုပါကစားသမားကို အသင်းကနေထွက်ခွာတော့မဲ့ အသင်းခေါင်းဆောင် Antonio Valencia နေရာမှာ အစားထိုးဖို့အတွက်ခေါ်ယူခဲ့တာပါ။ ယူနိုက်တတ်အသင်းက အဆိုပါကစားသမားကို တစ်ပတ် လုပ်ခပေါင် ၈ သောင်းခန့်ပေးချေဖွယ်ရှိနေပါတယ်။ သူဟာ လက်ရှိုမှာ အင်္ဂလန် ယူ ၂၁ အတွက် ကစားပေးနေပါတယ်။

Source: South London Press

မန်ယူအသင်းရဲ့ နောက်တန်းမှာ Wan-Bissaka ဘယ်လိုခြေစွမ်းပြ ကစားမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။