ကျွန်တော်တို့ဟာ တစ်ခါတစ်လေ မှန်တယ်လိုထင်ရတဲ့ အကြောင်းအရာအချက်အလက်တွေ ကြားရတက်ပါတယ်။ ဒါပေမယ့် သေချာပြန်လေ့လာကြည့်လိုက်ရင် အချက်အလက်တွေက အမှားတွေဖြစ်နေတက်ပါတယ်။ ဒီနေ့ kwee page ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ တကယ်မဟုတ်ဘူးလို့ထင်ရပေမယ့် အမှန်တကယ်ရှိနေတဲ့ အကြောင်းအရာလေးတွေပါ။
နော်ဝေးနိုင်ငံ Longyearbyen (လောင်းရီယာဗြန်မြို့) မှာ သေခြင်းကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ မြို့ထဲမှာ လူသေခွင့်မပြုထားပါဘူး။

ဂရိစ်နိုင်ငံမှာ ခရစ္စမက်ဘိုးဘိုးကြီး ဆန်တာကလော့စ် ကို Agios Vassilis (အာဂျီအို့စ် ဗာဆီလိစ်) လို့ခေါ်ကြတယ်။

အခန်းတစ်ခန်းထဲမှာ လူပေါင်း (၂၃) ယောက်ရှိနေမယ်ဆိုရင် လူနှစ်ယောက်ဟာ မွေးနေ့တစ်နေ့တည်းဖြစ်နိုင်ခြေ (၅၀) ရာခိုင်နှုန်း ရှိပါတယ်။

အပျင်းရောဂါဟာ မျိုးရိုးလိုက်တက်ပါတယ်။

စကော့တလန်နိုင်ငံရဲ့ ကိုယ်စားပြုတိရိစ္ဆာန်ဟာ ယူနီကွန်ဖြစ်ပါတယ်။

ဆော်ဒီအာရေဘီးယားနိုင်ငံဟာ ကုလားအုတ်တွေကို သြစတြေးလျ ကနေတင်သွင်းရပါတယ်။

Nintendo ဂိမ်း ကုမ္ပဏီ ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၂၀) ကျော်ကတည်းက တည်ထောင်ခဲ့ပါတယ်။

ကမ္ဘာကြီးကို အပေါက်ဖောက်ပြီး ခုန်ချမယ်ဆိုရင် ကမ္ဘာကြီးရဲ့ တစ်ဖက်ခြမ်းကို (၄၂) စက္ကန့်အတွင်း ရောက်ရှိသွားမှာပါ။

မူရင်း Titanic သင်္ဘော ကြီးတည်ဆောက်ခဲ့စဉ်က ဒေါ်လာ (၇.၅) သန်းသာကုန်ကျခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် တည်ဆောက်ခဲ့တဲ့ Titanic သင်္ဘော ကြီးကတော့ ဒေါ်လာ သန်း (၂၀၀) ကုန်ကျခဲ့ပါတယ်။

ကမ္ဘာကြီးရဲ့ အောက်စီဂျင်ပမာဏ (၇၀) ရာခိုင်နှုန်းကို phytoplankton လို့ခေါ်တဲ့ ရေထဲမှာနေတဲ့ သတ္တဝါလေးတွေက ထုတ်လုပ်ပေးတာပါ။

စေတန်ဂြိုလ်နဲ့ ဂျူပီတာ ဂြိုလ်ပေါ်မှာ စိန်မိုးတွေ ရွာသွန်းလေ့ရှိပါတယ်။

ကျိန်ပြောခြင်းဟာ အကိုက်အခဲပျောက်ဆေး သောက်သလိုပဲ ခန္ဓာကိုယ်အပေါ်မှာ သက်ရောက်မှုရှိစေပါတယ်။

Source: Bright Side
