နာမည်ကြီး အေစီမီလန်အသင်းဟာ ယူအီးအက်ဖ်အေကချမှတ်ထားတဲ့ ဘဏ္ဍာ ရေးစည်းမျဉ်းတွေကို မလိုက်နာခဲ့တာကြောင့် လာမဲ့ရာသီမှာ ယူရိုပါလိဂ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံလိုက်ရခြင်းဖြစ်ပါတယ်။

အဆိုပါ အီတလီကလပ်ဟာ ဒီရာသီစီးရီးအေမှာ အဆင့် ၅ နေရာရပ်တည်နိုင်ခဲ့ပေမဲ့ လာမဲ့ရာသီမှာ ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့် ရရှိတော့မှာမဟုတ်ပါဘူး။ အားကစားဆိုင်ရာခုံးရုံး Court of Arbitration for Sport (CAS) ကတော့ အေစီမီလန်အသင်းဟာ စည်းကမ်းချိုးဖောက်ခဲ့တာကြောင့် အခုလို ယူရိုပါလိဂ် ဝင်ခွင့်ပိတ်ပင်ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

Source: AZƏRBAYCAN24

အေစီမီလန် အသင်း ယူရိုပါလိဂ် ဝင်ခွင့်ပိတ်ပင်ခံရတာကြောင့် စီးရီအေမှာ အဆင့် ၆ မှာသာ ရပ်တည်နိုင်ခဲ့တဲ့ AS Roma အသင်းဟာ ယူရိုပါလိဂ် အုပ်စုအဆင့်ကနေ တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပါတယ်။ အဆင့် ၇ ရခဲ့တဲ့ Torino အသင်းကတော့ ခြေးစမ်းပွဲကနေစပြီး ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပါတယ်။အေစီမီလန်အသင်းဟာ သူတို့ရဲ့အရေးယူခံရယူကို အယူခံဝင်တော့မှာ မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“လာမဲ့ရာသီမှာ အသင်းကို ဥရောပပြိုင်ပွဲတွေမှာ တွေ့ရတော့မှာမဟုတ်ပါဘူး။ ဒီအတွက် အသင်းပရိသတ်တွေကို တောင်းပန်ကြောင်းပြောပရစေ။ FFP ရဲ့ ယူရိုပါလိဂ် ဝင်ခွင့်ပိတ်ပင်ကြောင်း ဆုံးဖြတ်ချက်ကိုလည်းလေးစားရမှာပါ။ လာမဲ့ရာသီတွေမှာ အသင်းကို ယခုထက်ပိုမိုအောင်မြင်အောင် ပြန်လည်ပြုပြင်သွားမှာပါ” လို့ အသင်းတာဝန်ရှိသူတွေကပြောခဲ့ပါတယ်။

Source: Business Recorder

အေစီမီလန်အသင်းဟာ အဆိုပါအဖြစ်မျိုး ၂၀၁၈ ခုနှစ်က ကြုံဖူးပြီးတော့ အယူခံဝင်ခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့တာကြောင့် အရေးယူခံရမဲ့ဘေးမှ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ လာမဲ့ရာသီမှာ အေစီမီလန်အသင်း ယူရိုပါလိဂ် ဝင်ခွင့်ပိတ်ပင်ခံလိုက်ရတာကြောင့် AS Roma နဲ့ Torino အသင်းတို့အတွက် အကျိုးများစွာ ဖြစ်ထွန်းခဲ့ပါတယ်။

အေစီမီလန်အသင်းကတော့ ဥရောပဝင်ခွင့် ပိတ်ပင်ခံလိုက်ရတာကြောင့် လာမဲ့ဘောလုံးရာသီမှာ ပြည်တွင်းပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရအောင်အပြည့်အဝ အာရုံစိုက်ပြီး ကစားဖွယ်ရှိနေပါတယ်။