၂၀၁၉ခုႏွစ္ အာရွဖလား ေဘာလုံးၿပိဳင္ပြဲကေတာ့ ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီ ၁ရက္ေန႔မွာပဲ ၿပီးဆုံးသြားခဲ႔ပါတယ္။  ဒီႏွစ္ၿပိဳင္ပြဲမွာ ဘယ္သူကမွ မထင္ထားတဲ႔ ကာတာေဘာလုံးအသင္းက အာရွအင္အားႀကီး အသင္းတစ္သင္းျဖစ္တဲ႔ ဂ်ပန္လက္ေရြးစင္အသင္းကုိ ၃ ဂုိး ၁ ဂုိးနဲ႔ အလဲထုိးၿပီး အာရွဖလားကုိ ပထမဆုံးအႀကိမ္ ဆြတ္ခူးႏုိင္ခဲ႔သလုိ သူတုိ႔အသင္းရဲ႕ တုိက္စစ္မွဴး အယ္မုိအလီကလည္း ၿပိဳင္ပြဲတေလွ်ာက္ သြင္းဂုိး ၉ ဂုိးအထိကုိ သြင္းယူခဲ႔ၿပီး ၿပိဳင္ပြဲမွာ အေအာင္ျမင္ဆုံး ေဘာလုံးသမားတစ္ေယာက္ ျဖစ္ခဲ႔ရပါတယ္။

အာရွဖလားၿပိဳင္ပြဲတစ္ခုအတြင္းမွာ အယ္မုိအလီလုိ တစ္ဦးတည္းက ၉ ဂုိးသြင္းယူခဲ႔တဲ႔ ကစားသမားမ်ိဳး လုံးဝမရွိေသးပဲ အခုလုိ အံ့ၾသစရာေကာင္းေလာက္တဲ႔ ေျခစြမ္းမ်ိဳး ျပသႏုိင္ခဲ့သူ အလီကုိ အီတလီစီးရီးေအၿပိဳင္ပြဲရဲ႕ ထိပ္သီးကလပ္အသင္းႀကီးျဖစ္ ေအစီမီလန္အသင္းက စိတ္ဝင္စားလ်က္ရွိေနၿပီး သူရဲ႕ေျခစြမ္းေတြကုိ ေစာင့္ၾကည့္ေလ့လာခဲ႔တယ္လုိ႔ သတင္းေတြ ထြက္ေပၚလာခဲ႔ပါတယ္။

အာဖရိကႏုိင္ငံတစ္ခုျဖစ္တဲ႔ ဆူဒန္ႏုိင္ငံမွာ ဖြားျမင္ခဲ႔သူျဖစ္တဲ႔ အယ္မုိအလီက သူအသက္ငယ္စဥ္မွာပဲ ကာတာႏုိင္ငံကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီးေတာ့ ၇ ႏွစ္သားအရြယ္ေလာက္မွာ ေဘာလုံးအားကစားနဲ႔ စတင္ထိေတြ႕ခဲ႔ရပါတယ္။ လက္ရွိမွာ အသက္၂၂ ႏွစ္သာရွိေသးတဲ႔ အယ္မုိအလီဟာ ကာတာနာမည္ေက်ာ္ကလပ္ အယ္ဒူေဟးမွာ ပါဝင္ကစားလုိ႔ေနပါတယ္။

တကယ္လုိ႔သာ ေအစီမီလန္လုိ ဥေရာပအသင္းႀကီးတစ္သင္းနဲ႔သာ ခ်ိတ္ဆက္မိခဲ႔မယ္ဆုိရင္ေတာ့ အလီရဲဲ႕ ကစားသမားဘဝက လုံးဝကုိ ထြန္းေတာက္လာမွာ ေသခ်ာပါတယ္။ ဒါ့အျပင္ ၂၀၂၂ ခုႏွစ္ ကမာၻ႕ဖလားေဘာလုံးၿပိ္ဳင္ပြဲမွာလည္း အိမ္ရွင္အသင္းျဖစ္တဲ႔ သူရဲ႕ ကာတာအသင္းနဲ႔အတူ သူရဲ႕ေျခစြမ္းကုိပါ ပူးတြဲေစာင့္ၾကည့္သြားရမွာပါ။ ဒီကမာၻ႔ဖလားပြဲႀကီးမတုိင္ခင္ အယ္မုိအလီ ဘယ္ကလပ္အသင္းႀကီးကုိ ေရာက္သြားမလဲဆုိတာကုိလည္း စိတ္ဝင္တစားနဲ႔ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္ခင္ဗ်ာ။

(Unicode)

၂၀၁၉ခုနှစ် အာရှဖလား ဘောလုံးပြိုင်ပွဲကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့မှာပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ဘယ်သူကမှ မထင်ထားတဲ့ ကာတာဘောလုံးအသင်းက အာရှအင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဂျပန်လက်ရွေးစင်အသင်းကို ၃ဂိုး၁ဂိုးနဲ့ အလဲထိုးပြီး အာရှဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့သလို သူတို့အသင်းရဲ့ တိုက်စစ်မှူး အယ်မိုအလီကလည်း ပြိုင်ပွဲတလျှောက် သွင်းဂိုး၉ဂိုးအထိကို သွင်းယူခဲ့ပြီး ပြိုင်ပွဲမှာ အအောင်မြင်ဆုံး ဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ရပါတယ်။

အာရှဖလားပြိုင်ပွဲတစ်ခုအတွင်းမှာ အယ်မိုအလီလို တစ်ဦးတည်းက ၉ဂိုးသွင်းယူခဲ့တဲ့ ကစားသမားမျိုး လုံးဝမရှိသေးပဲ အခုလို အံ့သြစရာကောင်းလောက်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခဲ့သူ အလီကို အီတလီစီးရီးအေပြိုင်ပွဲရဲ့ ထိပ်သီးကလပ်အသင်းကြီးဖြစ် အေစီမီလန်အသင်းက စိတ်ဝင်စားလျက်ရှိနေပြီး သူရဲ့ခြေစွမ်းတွေကို စောင့်ကြည့်လေ့လာခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆူဒန်နိုင်ငံမှာ ဖွားမြင်ခဲ့သူဖြစ်တဲ့ အယ်မိုအလီက သူအသက်ငယ်စဉ်မှာပဲ ကာတာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ရနှစ်သားအရွှယ်လောက်မှာ ဘောလုံးအားကစားနဲ့ စတင်ထိတွေ့ခဲ့ရပါတယ်။ လက်ရှိမှာ အသက်၂၂နှစ်သာရှိသေးတဲ့ အယ်မိုအလီဟာ ကာတာနာမည်ကျော်ကလပ် အယ်ဒူဟေးမှာ ပါဝင်ကစားလို့နေပါတယ်။

တကယ်လို့သာ အေစီမီလန်လို ဥရောပအသင်းကြီးတစ်သင်းနဲ့သာ ချိတ်ဆက်မိခဲ့မယ်ဆိုရင်တော့ အလီရဲဲ့ ကစားသမားဘဝက လုံးဝကို ထွန်းတောက်လာမှာ သေချာပါတယ်။ ဒါ့အပြင် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိ်ုင်ပွဲမှာလည်း အိမ်ရှင်အသင်းဖြစ်တဲ့ သူရဲ့ ကာတာအသင်းနဲ့အတူ သူရဲ့ခြေစွမ်းကိုပါ ပူးတွဲစောင့်ကြည့်သွားရမှာပါ။ ဒီကမ္ဘာ့ဖလားပွဲကြီးမတိုင်ခင် အယ်မိုအလီ ဘယ်ကလပ်အသင်းကြီးကို ရောက်သွားမလဲဆိုတာကိုလည်း စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ခင်ဗျာ။