နည်းပညာ နယ်ပယ်မှာ လူတိုင်းရင်းနှီးပြီးသားဖြစ်တဲ့ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း ထုတ်လုပ်သူ Acer အမှတ်တံဆိပ်ကတော့ မကြာမီ အချိန်အတွင်း စမတ်ဖုန်း ဈေးကွက်ကို ပြန်လည်ထိုးဖောက်တော့မှာ ဖြစ်ပြီး လာမယ့် မတ်လ ၂၅ ရက်နေ့မှာ သူတို့ရဲ့ ပထမဆုံး Devices ၂ ခုကို ကြေညာသွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စမတ်ဖုန်းတွေရဲ့ နာမည်ကို Acerpure Acerone Liquid S162E4 နဲ့ Acerpure Acerone Liquid S272E4 လို့ ပေးထားပြီး Devices ၂ ခုဟာ Entry-Level Specs တွေ ပါဝင်မှာဖြစ်သလို Mediatek ရဲ့ ၆ နှစ်ကြာ ထွက်ရှိခဲ့ပြီဖြစ်တဲ့ Chipset ကို သုံးပေးထားမှာ ဖြစ်ပါတယ်။

Acerpure Acerone Liquid S162E4

Acerpure Acerone Liquid S162E4

Photo : GSMArena.com

ပထမဆုံး Acerpure Acerone Liquid S162E4 စမတ်ဖုန်းမှာတော့ HD+ Resolution ပါတဲ့ ၆.၅ လက်မ LCD မျက်နှာပြင်ကို အသုံးပြုပေးထားပြီး Selfie ကင်မရာ ထည့်သွင်းထားတဲ့ Waterdrop Notch ဒီဇိုင်းနဲ့ လာပါမယ်။ Chipset ကတော့ Helio P35 မောင်းနှင်ပြီး 4GB RAM နဲ့ 64 GB Storage ပါဝင်ပါတယ်။ ကျောဘက်မှာ 16 MP ကင်မရာ တစ်လုံးတည်းကို တပ်ဆင်ပေးထားပြီး အရှေ့ဘက်မှာ 5 MP Selfie ကင်မရာတစ်လုံး ထည့်သွင်းပေးထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ 5,000 mAh ဘက်ထရီ တပ်ဆင်ပေးထားပြီး USB-C အားသွင်းပေါက် ပါပါတယ်။ OS ကတော့ Android 14 ကို အသုံးပြုပေးထားမှာဖြစ်ပြီး FM Radio ၊ Bluetooth နဲ့ Hybrid Dual Nano SIM Slot တစ်ခု ပါပါတယ်။ S162E4 စမတ်ဖုန်းကို အပြာရောင် တစ်မျိုးတည်းနဲ့သာ ထုတ်ပေးထားပြီး ဖုန်းရဲ့ညာဘက်ခြမ်း Power Key မှာ Fingerprint Scanner ကို ထည့်ပေးထားနိုင်ခြေ ရှိပါတယ်။ S162E4 ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပေမယ့် ရူပီး ၉,၀၀၀ (ဒေါ်လာ ၁၀၀ အောက်) ခန့် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

Acerpure Acerone Liquid S272E4

Acerpure Acerone Liquid S272E4

Photo : GSMArena.com

နောက်ထပ် Device တစ်ခုဖြစ်တဲ့ Acerpure Acerone Liquid S272E4 စမတ်ဖုန်းမှာတော့ ပိုကြီးတဲ့ ၆.၇၈ လက်မ HD+ Resolution မျက်နှာပြင်ကို ထည့်သွင်းပေးထားပြီး အလားတူ 5 MP Selfie ကင်မရာ ထည့်သွင်းထားတဲ့ Waterdrop Notch တစ်ခု ပါဝင်ပါမယ်။ ကျောဘက်မှာတော့ 20 MP Main ကင်မရာအပါ Dual Combo ကင်မရာ အတွဲအစပ်နဲ့ လာမှာဖြစ်ပြီး စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက Chipset ပိုင်းမှာ လွန်ခဲ့တဲ့ ၂ နှစ်က ထွက်ခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်း သိပ်အားရစရာမရှိတဲ့ Helio G36 ကို မောင်းနှင်ထားတာ ဖြစ်ပါတယ်။ RAM က 4GB ဖြစ်ပြီး Storage ကတော့ 64GB ဖြစ်ပါတယ်။ S272E4 စမတ်ဖုန်းမှာ 5,000 mAh ဘက်ထရီ ပါဝင်ပြီး Android 14 ကို အသုံးပြုထားပါတယ်။

Devices ၂ ခုရဲ့ ဈေးနှုန်းအတိအကျနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ကြေညာမယ့်ရက် မတ်လ ၂၅ ရက်နေ့ မတိုင်ခင်မှာ သိရမယ်လို့ မျှော်လင့်ရပါတယ်။ ကွန်ပျူတာနယ်ပယ်မှာ အောင်မြင်ပြီးသား အမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Acer အနေနဲ့ စမတ်ဖုန်း လောကမှာရော အောင်မြင်မလား ၊ Fail သွားမလား ကွီးတို့ရဲ့အမြင်ကို ကွန်းမန့်မှာ ပြောခဲ့ပါဦး။

Featured Photo : GSMArena.com