ဘဝမှာလိုက်နာသင့်တဲ့ အခြေခံလူကျင့်ဝတ်တွေကိုတော့ အားလုံးပဲသိနားလည်ထားကြမယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ သတိလက်လွတ်ပြုလုပ်မိလိုက်တဲ့ အရာတွေက ကိုယ့်ကိုဘယ်လောက်ထိ အထင်သေးသွားနိုင်လဲဆိုတာ သတိမထားမိကြပါဘူး။

ဒါဆိုဘယ်လိုအချက်တွေက လူတွေကိုယ့်ကို အထင်သေးသွားနိုင်လဲ ကိုယ့်ရဲ့နေစဉ်ဘဝမှာရော သတိမမူဘဲ လုပ်မိလိုက်တဲ့အရာလေးတွေ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ အောက်ကအချက်လေးတွေ ဖတ်ကြည့်ပြီး အချိန်မှီပြင်လိုက်ကြရအောင်။

Source – Unsplash

(၁) ဈေးဝယ်စင်တာတွေ၊ Food Counter တွေမှာ ပိုက်ဆံရှင်းတဲ့အခါ အစဉ်လိုက်တန်းမစီပဲ ကိုယ့်ရှေ့ကလူတွေကိုကျော်ပြီး ပိုက်ဆံရှင်းတာမျိုး လုံးဝမလုပ်သင့်ပါ။

Source: Smartchimps

(၂) Public Area တွေ ဥပမာ Bus ကားပေါ်၊ ပန်းခြံ၊ စားသောက်ဆိုင်၊ စတဲ့နေရာတွေမှာ နားကြပ်မသုံးဘဲ သီချင်းတွေ၊ ဗီဒီယိုတွေကို အသံကျယ်ကျယ်နဲ့ကြည့်တာ။

Source: serenitymindcare.com

(၃) Body Shaming လုပ်ခြင်း။ ကိုယ်အနေနဲ့ နစ်နာပါစေတော့ ရည်ရွှယ်ချက်မပါပေမယ့်လည်း တစ်ဖက်လူရဲ့ အားနည်းချက်အရာကို ဖိနှိပ်ပြောဆိုစနောက်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

Source: gmhealthriskweek.org

(၄) ပိုက်ဆံချေးပြီး ချေးလိုက်တဲ့သူက ပြန်မတောင်းခင် ကိုယ်ကအရင်သတိတရပြန်ပေးပါ။ ကိုယ်ကသတိမေ့တတ်တဲ့သူဆိုရင်တောင် ကိုယ်ချေးထားတဲ့သူရဲ့ မျက်နှာကြီးမြင်ရင်ကို ပိုက်ဆံပြန်ပေးရဦးမယ်ဆိုတာ သတိရပါ။

Source: Wooder Ice

(၅) သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ Café ဆိုင်၊ ဒါမှမဟုတ် Bar သွားတဲ့အခါ ပိုက်ဆံရှင်းခါနီးကျ မသိချင်ယောင်ဆောင်နေတာမျိုး၊ Toilet ထသွားလိုက်တာမျိုး မလုပ်မိပါစေနဲ့။

Source: accountingweb.com

(၆) တဖက်လူစကားပြောနေချိန် ဖြတ်ပြီး စကားလုပြောတာမျိုးမလုပ်မိပါစေနဲ့။

Source: aptparenting.com

(၇) ကိုယ်နဲ့အရမ်းမခင်တဲ့ သူတစ်ယောက်ရဲ့ ဖုန်းတွေ၊ လက်တော့တွေ ယူကြည့်တာမျိုး မလုပ်ပါနဲ့။ လူတိုင်းမှာ Privacy ထားတဲ့အရာတွေရှိတာကြောင့် ကိုယ်အနေနဲ့ သတိလက်လွှတ်စုပ်စုသလို မလုပ်မိဖို့ ဂရုစိုက်ပါ။

Source: independent.co.uk

(၈) ရုပ်ရှင်ရုံထဲ စကားကျယ်လောင်စွာပြောဆိုခြင်း၊ အော်ဟစ်ရယ်မောခြင်း၊ မိမိအရှေ့ခုံကလူရဲ့ ကျောမှီကိုခြေထောက်နဲ့ကန်ထားခြင်းတွေ လုံးဝမလုပ်သင့်ပါဘူး။

Featured Image Source: power.pereless.com