လူတစ်ယောက်မှာ Self-Confidence ရှိဖို့အရမ်းကိုအရေးကြီးပါတယ်။မိမိကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့ သူတစ်ယောက်အနေနဲ့ လုပ်ငန်းခွင် ပေါင်းသင်းဆက်ဆံရေးသာမက ဖြတ် သန်းရတဲ့နေ့စဉ်ဘဝမှာပါ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့အများဆုံးလုပ်မိနေတဲ့ အရာတွေထဲမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းစေတဲ့ လုပ်ရပ်တစ်ချို့ပါနေပါတယ်။ဒီအချက်တွေကိုသတိထားဆင်ခြင်မိစေဖို့ စာဖတ်ပရိသတ်တွေကိုပြောပြပေးလိုက်ပါတယ်နော်။
(၁) တခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်း
Source : Cradio
ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းတဲ့လူအများစုဟာ သူတို့လက်ရှိပိုင်ဆိုင်ထားတဲ့ဘဝနဲ့ ပတ်သတ်ပြီးအလိုအကျသူတွေများပါတယ်။ဘယ်သူကတော့ ငါထက်ပိုချောတယ် ခန္ဓကိုယ်ပိုလှတယ် လစာပိုကောင်းတယ် ပိုချမ်းသာတယ်စသည်ဖြင့် သူတို့ပတ်ဝန်းကျင်ကသူတွေ ဆိုရှယ်မီဒီယာပေါ်တွေကသူတွေနဲ့ နှိုင်းယှဉ်ပြီးဒီပရက်ရှင်တွေဝင်ကြတာဖြစ်ပါတယ်။တကယ်တော့ကိုယ်သာလျှင်အကောင်းဆုံးကိုယ့်ရဲ့ပြိုင်ဘက်ပါ။ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးချင်ရင် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။
(၂) ခန္ဓာကိုယ်မထိန်းသိမ်းပဲနေခြင်း
Source : Dreamstime.com
ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းစေတဲ့ နောက်တစ်ထပ်တစ်ချက်က ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုမထိန်းသိမ်းပဲနေတာပါ။မွေးရာပါချို့ ယွင်းချက်တစ်ခုခုရှိနေတဲ့ သူတစ်ယောက်အနေနဲ့တော့ ကိုယ့်ရဲ့ ချို့ယွင်းချက်အပေါ်စိတ် ဓာတ်ကျစရာမလိုပါဘူး။ဒါပေမယ့် သာမာန်လူတစ်ယောက် အနေနဲ့တော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ပစ်စလက်ခက်မနေသင့်ပါဘူး။Diet လုပ်တာ ကျန်းမာစွာစားသောက်နေ ထိုင်တာမျိုးတွေကိုခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်ပါတယ်။ဒါမှ လည်းဘယ်လိုအဝတ်အစားပဲဝတ်ဝတ် ဘယ်ပဲသွားသွားယုံကြည်မှုပြည့်ဝနေမှာပါ။
(၃) မကောင်းမြင်စိတ်တွေကိုနဲ့ရှင်သန်ခြင်း
Source : Shutterstock
အရာရာတိုင်းကိုမကောင်းမြင်စိတ်နဲ့ကြည့်မြင်ခြင်းဟာကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းလာစေတဲ့အကြောင်းအရင်းတစ်ရပ်ပါ။လောကမှာဘယ်အရာမှအကောင်းပဲမရှိသလို ဘယ်အရာမှလဲအဆိုးကြီးပဲလည်းမရှိပါဘူး။အကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတာကို လက်ခံသင့်သလောက်လက်ခံပေးရပါမယ်။မကောင်းမြင်စိတ်ကသင့်ကိုသင်ယုံကြည်မှု လျော့နည်းစေတာကြောင့် တက်နိုင်သလောက်မကောင်းမြင်တဲ့ စိတ်ကိုလျော့ချပေးပါ။
(၄) ကိုယ့်ကိုယ်ကိုဘောင်ခတ်ထားခြင်း
Source : istoke
ကိုယ့်ကိုယ်ကိုဘောင်ခတ်ပြီးနေကြသူတွေဟာ တခြားသူတွေ ထက်ယုံကြည်မှုလျော့နည်းကြပါတယ်။ကိုယ့်လုပ်နိုင်တယ်လို့သတ်မှတ်ထားတဲ့အတိုင်းအတာထက်ကျော်လွန်နေတဲ့ ကိစ္စတစ်ခုကိုလုပ်ရတော့မယ်ဆိုရင် ငါမလုပ်နိုင်လောက်ဘူးဆိုတဲ့အတွေးမျိုးဝင်တက်ကြပါတယ်။ဒီလိုသာမဖြစ်နိုင်ဘူးလို့ တွေးနေရင် လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့နည်းပညာတွေ စက်ပစ္စည်းတွေက ပေါ်လာမှာတောင်မဟုတ်ပါဘူး။ဘယ်အရာမှအခက်အခဲတော့ရှိပါတယ်။ကိုယ်အနေနဲ့ မစမ်းသပ်ကြည့်ရသေးပဲငါမလုပ်နိုင်ဘူးဆိုပြီကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုဘောင်မခတ်လိုက်ပါနဲ့။




