သရုပ်ဆောင်တယောက်ရဲ့ဘဝဆိုတာ လောင်းကစားသမားတယောက်လိုပါဘဲ ကံကောင်းထောက်မရင်ဟိုးအမြင့်ကြီးလဲ ရောက်သွားနိုင်သလို ကံဆိုးလာတဲ့ခါမှာလဲ ဟိုးအောက်ထိ ရောက်သွားတတ်ပြန်တယ်။ ဒိတ်ဒိတ်ကြဲနာမည်ကြီး မင်းသားမင်းသမီးတွေမှာလဲ ဒီလိုပြဿနာမျိုးကြုံတွေ့နေရပါတယ်။ ဥပမာပြောရရင် Ben Affleck တို့ Halle Berry တို့ဘဲ ဖြစ်ပါတယ်။

Taylor Lautner

ငယ်ရွယ်ကြံ့ခိုင်တဲ့ Lautner ဟာ Twilight ရုပ်ရှင် အပြီးအောင်မြင်မှုတွေရခဲ့ပေမယ့် အဲ့နောက်ပိုင်း တော်တော်ကြာကြာ အလုပ်မရှိဘဲဖြစ်ခဲ့ရပါတယ်။ ဝေဖန်ရေးသမားတွေနဲ့ သူ့ရဲ့ ပရိတ်သတ်တွေဟာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ သူ့ရဲ့ သရုပ်ဆောင်မှုလုပ်ငန်းဟာ တော်တော်အဆင်မပြေမှုတွေ ကြုံတွေ့ခဲ့ရပါတယ် ။

Brendan Fraser

Brendan Fraser လဲ Mummy ဇာတ်ကောင်းနဲ့ လူသိများခဲ့တဲ့ သရုပ်ဆောင်တစ်ဦးဘဲဖြစ်ပါတယ်။ ဒါပေမယ့် Mummy အပိုင်း ၃ ထွက်လာပြီးနောက်ပိုင်းမှာတော့ ပရိတ်သတ်တွေဆီက ဆိုးရွားစွာ ဝေဖန်ခြင်းကို ခံခဲ့ရပါတယ်။ (၂၀၁၄) ခုနှစ်အထထိ တန်ဖိုးနည်းရုပ်ရှင်တွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပေမယ့်လဲ အောင်မြင်မှုနဲ့ အလှမ်းဝေးကွာခဲ့ပါတယ်။

Nicolus Cage

Vampire’s Kiss နဲ့ Faceloff ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ မျက်နှာပြောင် ဇာတ်ကောင်နဲ့ လူသိများခဲ့တဲ့ Nicolus Cage ဟာ Wicker Man ဇာတ်ကားကို သရုပ်ဆောင်ပြီး နောက်ပိုင်း နာမည်ကျဆင်းလာခဲ့ပါတယ် ။

Cage ဟာ ဝေဖန်မှုတွေ ကြုံတွေ့နေခဲ့ရပြီး Drive Angry ဆိုတဲ့ နာမည်ကြီး ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့်လဲ ရလာဒ်ကောင်မရရှိခဲ့ပေ။ (၂၀၁၂) ခုနှစ်မှာ သရုပ်ဆောင် အခွန်ဈေးတက်လာတာနဲ့အမျှ Cage ဟာ တန်ဖိုနည်း ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

Taylor Kitsch

Friday Night Light ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ Taylor Kitsch ဟာ ဝေဖန်ရေးသမားကော ပရိတ်သတ်တွေဆီကပါ အဆိုးမြင်ခြင်းခံခဲ့ရပါတယ်။ 2012 Disney ရိုက်ကူးရေးတွင် ခေါင်းဆောင်နေရာ Battle ship တွင် အရံနေရာ ပါဝင်သရုပ်ဆောင်ခဲ့သော်လဲအောင်မြင်မှု မရရှိခဲ့ပေ။

Orlando Bloom

Black Hawk Down, The lord of Ring, Pirates if Caribbean, စတဲ့ဇာတ်ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ Bloom ဟာဆိုရင် Elizabeth town မှာ သရုပ်ဆောင်မှုအပြီးမှာတော့ နာမည်ကျခဲ့ပါတယ်။ အရမ်းငြီးငွေ့ဖွယ်ကောင်းတဲ့ဇာတ်ကောင်အဖြစ် ဝေဖန် ခြင်းခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ The three Musketeers and Romans လို့ခေါ်တဲ့ တန်ဖိုးနည်းရုပ်ရှင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပေမယ့် သူကြိုးစားမှုတွေဟာ အရာမထင်ခဲ့ပါဘူး။

Source: Bright Side