ဆုတွေဟာ တကယ့်အရည်အချင်းသတ်မှတ်ချက် ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ တကယ်တော်တဲ့ သရုပ်ဆောင်တွေ အော်စကာမရတာကို ကြည့်ရုံနဲ့တင် အဲ့ဒီလို တွေးမိနိုင်ပါတယ်။ တချို့မင်းသားကြီးတွေဟာ သူတို့ရဲ့ ဇာတ်ရုပ်မှာ အပီပြင်ဆုံးနဲ့ အထိုက်တန်ဆုံး သရုပ်ဆောင်ခဲ့ကြပေမယ့် အခုထိ အော်စကာမရကြသေးပါဘူး။ ဒီထဲက နာမည်ကျော်သရုပ်ဆောင် ၅ ဦးအကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) ဝီလ်စမစ်

Photo: telegraph

အော်စကာနဲ့ ထိုက်တန်ပါလျက်နဲ့ အခုထိ အော်စကာဆုမရသေးတဲ့ မင်းသားတစ်လက်က ဝီလ်စမစ်ပါ။ ၂၀၀၇ မှာ ထွက်ခဲ့တဲ့ The Pursuit of Happyness နဲ့ ၂၀၀၂ ထွက် Ali တို့မှာ အော်စကာဆန်ကာတင်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

(၂) ဂျွန်နီဒက်ပ်

Photo: brightside

မင်းသားကြီး ဂျွန်နီဒက်ပ်ကို Pirates of The Caribbean စီးရီးမှာ လူတွေ ပိုသိကြပေမယ့် အကယ်ဒမီဆုစာရင်းမှာ ဆန်ကာတင်ဝင်ခဲ့တဲ့ ရုပ်ရှင်တွေက Pirates of The Caribbean အပြင် Finding Neverland , Sweeney Todd: The Demon Barber of Fleet Street တို့ ဖြစ်ပါတယ်။

(၃) ဂျိတ်ခ် ဂိုင်လန်ဟေးလ်

Photo: Variety

Nightcrawler ၊ Prisoners နဲ့ Nocturnal Animals တို့မှာ သူ့ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုစွမ်းရည်ပြခဲ့ပေမယ် သူလည်း သရုပ်ဆောင် သက်တမ်း ၁၅ နှစ်အတွင်း တစ်ကြိမ်ပဲ အော်စကာဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တဲ့ Brokeback Mountain ရုပ်ရှင်နဲ့ ဖြစ်ပါတယ်။

(၄) ဂျင်မ်ကာရေး

Photo: brightside

နာမည်ကြီးဟာသသရုပ်ဆောင် ဂျင်မ်ကာရေးလည်း အော်စကာတစ်ဆုမှ မရဖူးသေးပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က သိပ်ကြိုက်ခဲ့တဲ့ The Mask ၊ Ace Ventura: Pet Detective ၊ Yes Man သရုပ်ဆောင်ဟာ ကမ္ဘာ့အကျော်ကြားဆုံး ဟာသသရုပ်ဆောင်တွေထဲက တစ်ယောက်အဖြစ်မှာပဲ ရှိနေသေးတာ ဖြစ်ပါတယ်။

(၅) ကီနူးရိဗ်စ်

Photo: brightside

ပရိသတ်တွေ မေတ္တာအရှိဆုံး လူမုန်းမရှိတဲ့ မင်းသားကြီး ကီနူးရိဗ်စ်ဟာ နိုင်ငံတကာရုပ်ရှင်ဆုတွေ ရပေမယ့် အော်စကာတစ်ဆုမှ မရဖူးပါဘူး။ ဒါပေမယ့်လည်း ကီနူးရိဗ်စ်ဟာ အောင်မြင်ထင်ရှားပြီး အကောင်းဆုံး ရုပ်ရှင်ကားအတော်များများကို သရုပ်ဆောင်ခဲ့သူအဖြစ်တော့ ထင်ရှားနေဆဲပါ။