Marvel မှာပါဝင်သရုပ်ဆောင်ခွင့်ကို အကြောင်းအမျိုးမျိုးကြောင့် လွဲချော်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁. Jensen Ankles (Captain America)

Source: Pinterest

Supernatural စီးရီးကြည့်တဲ့သူတိုင်း Jensen Ankles ကိုသိကြပါတယ်။ ပရိသတ်တိုင်း ကြိုက်နှစ်သက်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူဟာ Captain America ဇာတ်ကောင်နေရာအတွက် အရွေးခံခဲ့ပါသေးတယ်။ ဒါပေမယ့် MCU က Captain America နေရာအတွက် အထူးသင့်တော်မယ့် Chris Evans ကိုရွေးချယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Jensen Ankles ကို Hawkeye နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့ပါတယ်။

၂. Leonardo Dicaprio (Spider Man)

Source: Wipy.tv

၂၀၀၂ ခုနှစ်မှာ Tobey Maguire ကို Spider Man အဖြစ်မရွေးချယ်ခင် Leonardo Dicaprio ကိုအရင်ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် Leonardo က Spider Man ဇာတ်ရပ်က သူနဲ့မလိုက်ဖက်တာကြောင့် ငြင်းဆန်ခဲ့ပြီး Tobey Maguire ကိုရွေးချယ်ဖို့ အကြံပေးခဲ့ပါတယ်။

၃. Jason Momoa (Drax)

Source: Joycsribe

Guardian of the Galaxy ဇာတ်ကားမှာ Dave Bautista ကို Drax နေရာအတွက် အပြီးသက် မရွေးချယ်ခင်မှာ Momoa ကိုအရင်ဆုံးကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် လူကောင်ကြီးကြီးသရုပ်ဆောင်ရတာကို သဘောမကျတော့တာကြောင့် ငြင်းဆန်ခဲ့ပါတယ်။

၄. Joaquin Phoenix (Doctor Strange)

Source: ScreenCrush

Joaquin Phoenix ကို Doctor Strange နေရာအတွက် ပထမဆုံးရွေးချယ်ထားခဲ့တာကို ပရိသတ်တွေသိရင် အံ့ဩမယ်ထင်ပါတယ်။ ဒါပေမယ့် မှော်ဆရာ နေရာအတွက် သရုပ်ဆောင်ဖို့အတွက် ကတိကဝတ်တွေ အများကြီးပေးရမှာရယ် လူသိများမှာရယ်ကြောင့် ပယ်ချခဲ့ပါတယ်။ Phoenix ဟာ အေးအေးဆေးဆေးနေရတာကို ကြိုက်နှစ်သက်သူဖြစ်ပြီး သတင်းသမားတွေကိုလည်း မနှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။

၅. Tom Cruise (Iron Man)

Source: ScreenCrush1

Iron Man ဇာတ်ကောင်နေရာဟာ Robert Downey jr. နဲ့အလိုက်ဖက်ဆုံးပါ။ ပရိသတ်တွေအားလုံးနီးပါးလည်း ဒါကိုလက်ခံထားကြပါတယ်။ ဒါပေမယ့် Tom Cruise ဟာ Iron Man နေရာမှာ သရုပ်ဆောင်ဖို့အတွက် ပထမဆုံးရွေးချယ်ထားသူပါ။ Tom Cruise သူ့ရဲ့မျက်နှာကို ဖုံးကွယ်ထားရတာ မနှစ်သက်တာကြောင့် ငြင်းပယ်ခဲ့ပါတယ်