စူပါဟီးရိုးကားတွေဟာ အတော်လေး ဝင်ငွေကြမ်းတဲ့ ရုပ်ရှင်တွေ ဖြစ်သလို ဒီရုပ်ရှင်တွေမှာ ဝင်ပြီးသရုပ်ဆောင်ကြတဲ့ အဓိကဇာတ်ကောင်တွေလည်း ‌ဒေါ်လာသန်းနဲ့ချီ ငွေထုပ်ပိုက်နိုင်ကြပါတယ်။ ဒါပေမယ့်လည်း တချို့မင်းသားကြီးတွေကတော့ စူပါဟီးရိုးဇာတ်ကောင်ကို ငြင်းပယ်ခဲ့ကြပါတယ်။

တချို့က စူပါဟီးရိုး မလုပ်ချင်လို့ ၊ တချို့များကျတော့ ဇာတ်ညွှန်းမကြိုက်လို့ ၊ တချို့တွေကျတော့ တခြားရုပ်ရှင်ကားနဲ့ အလုပ်များနေလို့ စသည်ဖြင့် အကြောင်းကြောင်းကြောင့် စူပါဟီးရိုးဇာတ်ကောင်မလုပ်ခဲ့တဲ့ မင်းသားကြီးတွေ ရှိပါတယ်။

(၁) Joaquin Phoenix

Photo: zestradar

ဂျက်ကွင်းဖီးနစ်ကို ဂျိုကာဇာတ်ကောင်နဲ့ လူအများသိကြပါတယ်။ ဒီမင်းသားကြီးဟာ Marvel Cinematic Universe မှာ Doctor Strange နေရာက သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် Doctor Strange နေရာမှာ မင်းသားကြီး ဘန်နီဒစ်ကမ်ဘာဘတ်ချ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

(၂) Jon Hamm

Photo: zestradar

Jon Hamm ဟာ Green Lantern နေရာမှာ သရုပ်ဆောင်ဖို့ လက်မခံခဲ့သူပါ။ သူ့ရဲ့ အေးဂျင့်တွေက Green Lantern ကား အောင်မြင်မယ်မထင်လို့ လက်မခံဖို့ တိုက်တွန်းခဲ့တာလို့လည်း အဆိုရှိပါတယ်။

(၃) Tom Cruise

Photo: zestradar

မင်းသားကြီး တွမ်မ်ခရုဇ်ကတော့ Iron Man မှာ တိုနီစတာ့ခ်နေရာက ပါဝင်ဖို့ကို ငြင်းခဲ့သူ ဖြစ်ပါတယ်။ ပထမမှာတော့ သူခေါင်းငြိမ့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူစိတ်ပြောင်းသွားတာကြောင့်ပဲ ရောဘတ်ဒေါင်းနင်း ဂျူနီယာကို တိုနီစတာ့ခ်အဖြစ် မြင်ခဲ့ရတာ ဖြစ်ပါတယ်။

(၄) Matt Damon

Photo: zestradar

မတ်တ်ဒေမွန််ဟာ Daredevil နေရာ သရုပ်ဆောင်ဖို့ လက်မခံခဲ့သူပါ။ ဒီရုပ်ရှင်ရဲ့ ပရိသတ်ဖြစ်ပေမယ့် ဇာတ်ညွှန်းမကြိုက်တာကြောင့်လို့ ဆိုပါတယ်။ Daredevil ကလည်း ထင်သလောက် ပေါက်မလာခဲ့ဘူးမလား။

(၅) Leonardo DiCaprio

Photo: zestradar

လီယိုနာဒိုကို စူပါဟီးရိုးအဖြစ် မမြင်ရတာကို ကျွန်တော်တော့ ပိုသဘောကျပါတယ်။ ဒီမင်းသားကြီးကို Spider-Man နဲ့ Robin တွေ နေရာမှာ ကမ်းလှမ်းခဲ့ကြဖူးပါတယ်။ လီယိုနာဒိုကတော့ ဒါသူ့အကြိုက် ဇာတ်ကောင်စရိုက်မဟုတ်ဘူးဆိုပြီး ငြင်းခဲ့တာပါ။

(၆) Mel Gibson

Photo: zestradar

Asgard ရဲ့ဘုရင် Thor ရဲ့ ဖခမည်းတော် Odin နတ်ဘုရားအနေနဲ့ မဲလ်ဂစ်ဘ်ဆင်ကို ကမ်းလှမ်းခဲ့ဖူးပါတယ်။သူနဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကားတွေမှာ ထင်ရှားတဲ့ မင်းသားကြီးက ဒါကို လက်မခံခဲ့ပါဘူး။

(၇) Will Smith

Photo: zestradar

Will Smith ကလည်း Superman မဖြစ်ခဲ့တဲ့ မင်းသားကြီးပါ။ Superman ဇာတ်ကောင်တွေဟာ လူဖြူမင်းသားဖြစ်ရမယ်လို့လို့လည်း ကောလာဟလတွေ ထွက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ Superman ဇာတ်ကောင်မဖြစ်ခဲ့ပေမယ့် ဝီလ်စမစ်ဟာ Hancock ဆိုတဲ့ စူပါဟီးရိုးကားမှာ မင်းသားဖြစ်ခဲ့ပါတယ်။