ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ရာမီဟာ ချစ်သူဟောင်းဖြစ်တဲ့ သရုပ်ဆောင် ပါမီလာအန်ဒါဆင်နဲ့ တစ်ညကို ၁၂ ကြိမ်အထိ ချစ်ပွဲဝင်လေ့ရှိကြောင်း ရာမီရဲ့အသင်းဖော်ဟောင်းက ပြောကြားခဲ့ပါတယ်။
ရုရှားကလပ်အသင်းဖြစ်တဲ့ ဆိုချီအသင်းမှာ ရာမီရဲ့ အသင်းဖော်ဟောင်းဖြစ်ခဲ့တဲ့ အလက်ဇန္ဒားကိုကိုရင်က ရာမီဟာ ၂ နှစ်ကြာ တွဲခဲ့တဲ့ ရည်းစားဟောင်း ပါမီလာအန်ဒါဆင်နဲ့ ဇာတ်လမ်းတွေကို လေ့ကျင့်ရေးမှာ ပြောပြခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Photo: caposts
“ရာမီ ကျွန်တော်တို့ကို ပါမီလာအန်ဒါဆင်နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အရာတွေကို အများကြီး ပြောပြခဲ့ပါတယ်။ဟုတ်တာပေါ့။ အားလုံးက သူတို့ရဲ့ အိပ်ရာထဲက ဆက်ဆံရေးက ဘယ်လိုမျိုးလဲဆိုတာကို စိတ်ဝင်စားခဲ့ကြပါတယ်။ရာမီက ပါမီလာဟာ သူ့ဘဝမှာ ထားခဲ့ဖူးသမျှ ရည်းစားတွေထဲမှာ အကောင်းဆုံးအမျိုးသမီးလို့ ပြောခဲ့ပါတယ်”
“သူနဲ့ ပါမီလာက တစ်ညကို ၁၂ ကြိမ်လောက်အထိ ချစ်ပွဲဝင်နေကြလို့ ရာမီက ပြောခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမီဟာ လွန်ခဲ့တဲ့ ၂ နှစ်က ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားအောင်ပွဲမှာ တစ်မိနစ်မှ ကစားပေးခဲ့ရခြင်းမရှိပေမယ့်လည်း မော်ဒယ်သရုပ်ဆောင်ဖြစ်တဲ့ ပါမီလာအန်ဒါဆင်နဲ့ တွဲခဲ့ရတဲ့အတွက် ဘဝမှာ ကံကောင်းတဲ့သူ ဖြစ်နေဆဲလို့ အများစုက မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။
ရာမီနဲ့ ပါမီလာအန်ဒါဆင်တို့ဟာ ၂၀၁၉ ခုနှစ် ဇွန်လမှာ အန်ဒါဆင်က ရာမီဟာ သူမအပေါ်မှာ သစ္စာဖောက်ခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ်စွပ်စွဲခဲ့ပြီးနောက် လမ်းခွဲခဲ့ကြတာဖြစ်ပြီး ရာမီဟာ ပါမီလာအန်ဒါဆင်နဲ့ လမ်းခွဲခဲ့တဲ့အချိန်မှာ မာဆေးလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကနေ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။
Photo: The Sun
ယင်းလုပ်ရပ်ကြောင့် ရာမီဟာ လော့စ်အိန်ဂျလိစ်မှာ ၎င်းရဲ့ကစားသမားဘဝကို အဆုံးသတ်ချင်တဲ့ အိပ်မက်ကို လက်လွှတ်ခဲ့ရတယ်လို့ သိရပြီး ရာမီအတွက် သတင်းဆိုးကတော့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ မလျော်ကန်တဲ့အပြုအမူတွေ များပြားလာမှုကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။
ရာမီဟာ ယခုနှစ်အစောပိုင်းမှာ ဆိုချီအသင်းကို ပြင်းထန်တဲ့ဒူးဒဏ်ရာရှိနေတဲ့အကြောင်းကို လိမ်ညာဖုံးကွယ်ပြီး ပြောင်းရွှေ့ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားအဖြစ် ရှိနေတာဖြစ်ပါတယ်။