မျက်နှာအသားအရေအလှအပဆိုတာ မိန်းကလေးတွေနဲ့ပဲ သက်ဆိုင်တာမဟုတ်ပါဘူး။ ပုရိသတို့နဲ့လည်း သက်ဆိုင်ပါတယ်။ ရုပ်ရှင်မင်းသား၊ မော်ဒယ်စတဲ့ အနုပညာရှင်တွေကပဲ မျက်နှာအသားအရေကို ဂရုစိုက်ကြတာများပါတယ်။ မိမိအသားအရေကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်တဲ့အမျိုးသားတွေက ခပ်ရှားရှားရယ်။

ဒါပေမဲ့ အသားအရေကို သေချာဂရုစိုက်ပေးမယ်ဆိုရင်တော့ အသက်အရွယ်ကြီးရင့်လာပေမယ့်လည်း နုနယ်ပျိုမျစ်နေဆဲဖြစ်မှာပါ။

မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ပါ။

Source: brickellmensproducts.com

မနက်မိုးလင်းလာတဲ့အခါ ခေါင်းအုံးနဲ့ စောင်တွေမှာ ကပ်ညှိနေတဲ့ ဘက်တီးရီးယားတွေက မျက်နှာမှာလည်း ကပ်ညှိနေတာကြောင့် မနက်မိုးလာတာနဲ့ မျက်နှာသစ်ပေးပါ။ တစ်နေ့တာလုံး သွားလာလှုပ်ရှားရတဲ့အခါ ဖုန်မှုန့်နဲ့အညစ်အကြေးတွေ မျက်နှာမှာ ထပ်ကပ်ညှိနေတာကြောင့် အိပ်ရာမဝင်ခင်မှာလည်း မျက်နှာသစ်ပေးပါ။ မျက်နှာသစ်တဲ့အခါ ရိုးရိုးဆပ်ပြာနဲ့ မသစ်ဘဲ မျက်နှာအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေး အသုံးပြုပါ။ ရိုးရိုးဆပ်ပြာထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ပြင်းထန်လွန်းတာကြောင့် သင့်ရဲ့ နုနယ်တဲ့မျက်နှာကို ပျက်စီးစေနိုင်လို့ပါပဲ။

မျက်နှာကြေးချွတ်ပါ။

Source: dermascope.com

သင့်ရဲ့ မျက်နှာအသားအရေအမျိုးအစားပေါ်မူတည်ပြီး မျက်နှာကြေးချွတ်ဆေးအသုံးပြုပြီး ကြေးချွတ်ပေးပါ။ တစ်ပတ် သုံးကြိမ်ခန့် မျက်နှာကြေးချွတ်ပေးခြင်းက သင့်ရဲ့ ချွေးပေါက်မှာ ကပ်ညှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သင့်မျက်နှာကို နုနယ်ပျိုမျစ်စေမှာပဲဖြစ်ပါတယ်။

အသားအရေကို ရေဓာတ်ဖြည့်ပေးပါ။

Source: menshealth.com

မျက်နှာသစ်ပြီးတိုင်း၊ ရေချိုးပြီးတိုင်းမှာ အသားအရေအစိုဓာတ်ထိန်းပေးတဲ့ Moisturising ခရင်မ်လေး လိမ်းပေးဖို့မမေ့ပါနဲ့။ ဒါမှ အသားအရေက ခြောက်သွေ့ပျက်စီးခြင်းမှ ကင်းဝေးမှာပဲဖြစ်ပါတယ်။ အသားအရေအစိုဓာတ်ထိန်းပေးတဲ့ ခရင်မ်တွေက အများအပြားရှိတာကြောင့် မိမိကြိုက်နှစ်သက်ရာ ထုတ်ကုန်ပစ္စည်းကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

အကာအကွယ်ရယူပါ။

Source: trendhunter.com

နေပူထဲထွက်တဲ့အခါ ထီး (သို့) ဦးထုပ်ယူသွားဖို့ မမေ့ပါနဲ့။ “ငါက ယောကျာ်းလေးပဲ၊ ဒီနေပူဒဏ်လောက်ကတော့ အေးဆေးပဲ၊ ယောကျာ်းရင့်မာကြီးဖြစ်ပြီး နုဖတ်နေလို့မှ မရတာ” လို့ မတွေးလိုက်ပါနဲ့။ ဒီနေ့ခေတ် နေရောင်ခြည်ဒဏ်က အရင်တုန်းကလို မဟုတ်တော့ပါဘူး။ အိုဇုန်းလွှာက တဖြည်းဖြည်းပါးလျလာပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်တွေနဲ့ အရမ်းပူပြင်းတဲ့နေရောင်ဖြစ်နေပါပြီ။ အရေပြားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးဖို့အတွက်ဆိုရင် နေပူထဲထွက်တိုင်း ထီးတို့၊ ဦးထုပ်တို့ မဖြစ်မနေယူသွားပေးပါ။

အသားအရေထိန်းသိမ်းဖို့အတွက် တကူးတကကြီး ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ ဒီနည်းလမ်းလေးတွေကို ခရီးသွားဟန်လွှဲပြုလုပ်ပေးလို့ရပါတယ်။