ယနေ့ခေတ်မှာ ကိုယ်လေ့လာသင်ယူချင်တဲ့ ပညာရပ်တစ်ခုအတွက် ခက်ခက်ခဲခဲရှာဖွေသင်ယူနေဖို့ မလိုအပ်တော့ပါဘူး။ဖုန်းတစ်လုံးရှိရုံ အင်တာနက်ရှိရုံနဲ့ ကိုယ်သိချင်တဲ့အကြောင်းအရာ တွေ လေ့လာဆည်းပူးချင်တဲ့ပညာရပ်တွေကို အချိန်ကုန်လူပင် ပန်းမှုသက်သာစွာနဲ့ သင်ယူနိုင်နေပါပြီ။နိုင်ငံတကာမှာလည်း အွန်လိုင်းပေါ်ကနေသင်ကြားတဲ့သင်တန်းတွေများစွာရှိသလိုလက်ရှိမြန်မာနိုင်ငံမှာလည်း အွန်လိုင်းကနေသင်ကြားပေးတဲ့စနစ်နဲ့ သင်တန်းတွေများစွာရှိနေပြီဖြစ်ပါတယ်။ဒီနေ့မှာတော့ အွန်လိုင်းသင်တန်းတွေ တက်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို စာဖတ်ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးချင်ပါတယ်။

(၁) ကုန်ကျစရိတ်သက်သာတယ်

Source : Shutterstock

အွန်လိုင်းသင်တန်းအများစုဟာ ပုံမှန်အပြင်သင်တန်းတွေထက်စာရင် သင်တန်းကြေးပိုသက်သာကြပါတယ်။စာရွှက်စာတမ်းကြေး ပုံနှိပ်စာအုပ်ဖိုးစတဲ့ ကုန်ကျစရိတ်တွေအတွက်လည်းသီးသန့်ထပ်မပေးစရာမလိုပါဘူး။ ဒါတင်မကသေးပါဘူး အိမ်ကနေပဲသင်ကြားရတာဖြစ်တဲ့အတွက် Bus ကားခ သွားစရိတ်လာစရိတ်တွေ အားလုံးသက်သာစေတာဖြစ်တာကြောင့် ငွေကြေး သက်သက်သာသာနဲ့ ပညာတစ်ခုကိုလေ့လာခွင့်ရမှာဖြစ်ပါတယ်။

(၂) သက်တောင့်သက်သာသင်ကြားနိုင်တယ်

Source : Shutterstock

အွန်လိုင်းသင်တန်းတက်ခြင်းက သာမာန်ထက်ပိုပြီးသက်တောင့်သက်သာရှိရှိနဲ့ ပညာရပ်တစ်ခုကိုလေ့လာနိုင်မှာဖြစ်ပါတယ်။အိမ်နေရင်းအဝတ်အစားနဲ့ပဲဖြစ်စေ စာကြည့်စားပွဲ ဆိုဖာပေါ် စသည်ဖြင့် ကိုယ့်စိတ်ကြိုက်အဆင်ပြေသလို သက်တောင့်သက်သာရှိစွာနဲ့ သင်ကြားနိုင်မှာပါ။ဒါ့အပြင် ကားပိတ်တဲ့ဒုက္ခ တွေ Bus တွေအဆင့်ဆင့်စီးပြီး သင်တန်းချိန်အမှီပြေးလွှားရတဲ့ ဒုက္ခတွေကလည်း လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

(၃) အချိန်ကုန်သက်သာတယ်

Source : Shutterstock

သင်တန်းတစ်ခုတက်တော့မယ်ဆိုရင် အရင်ဆုံးစဉ်စားညှိနှိုင်းရတာက ကိုယ်အားလပ်တဲ့အချိန်နဲ့ သင်တန်းအချိန်ကိုက်ညီဖို့ ပါပဲ။အွန်လိုင်းသင်တန်းတွေကတော့ ကိုယ်အားလပ်တဲ့အချိန်တိုင်းမှာလေ့လာလို့ရနိုင်ပြီး သင်တန်းအချိန်ကန့်သတ်ထားတာမျိုးတွေလည်းမရှိတဲ့အတွက် အဆင်ပြေသလိုလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့တစ်နေ့တာအချိန်တွေထဲကမှ နာရီဝက်တစ်နာရီလောက် အချိန်ပေးလိုက်ရုံနဲ့လေ့လာနိုင်မှာဖြစ်တဲ့အတွက် အလုပ်နဲ့တခြားသောကိုယ့်ရဲ့အချိန်တွေကိုမထိခိုက်စေပဲ အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။

(၄) အာရုံစူးစိုက်စွာသင်ယူနိုင်တယ်

Source : Shutterstock

အွန်လိုင်းပေါ်ကနေ သင်ခန်းစာတွေကို အိမ်မှာပဲတစ်ယောက် တည်းအေးအေးဆေးဆေးသင်ယူလို့ရတဲ့အတွက် အာရုံစူးစိုက်မှု ပိုကောင်းစွာနဲ့ လေ့လာနိုင်မှာသေချာပါတယ်။တစ်ချို့ လူအများနဲ့ သင်ယူလို့အဆင်မပြေသူတွေ လူအများကြားမှာဆိုရင် အရှက်အကြောက်ကြီးသူတွေအတွက်တော့ အွန်လိုင်းသင် တန်းတွေတက်ခြင်းက ရုံစူးစိုက်ကောင်းကောင်းနဲ့ သင်ခန်းစာတိုင်းကို ထိရောက်မှုရှိစွာလေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။

 

ထပ်ဆောင်းအနေနဲ့ အများစုသိချင်တဲ့မေးခွန်းလေးတစ်ခုကတော့အွန်လိုင်းသင်တန်းတွေကတကယ်ရော ထိရောက်မှုရှိလား ဆိုတာပါပဲ။ဒီမေးခွန်လေးကိုဖြေရမယ်ဆိုရင် ကိုယ်ရွေးချယ် လိုက်တဲ့သင်တန်းနဲ့ ကိုယ့်အပေါ်မှာပဲမူတည်နေတယ်လို့ဖြေရမှာပါ။လက်ရှိအွန်လိုင်းသင်တန်းတွေထဲမှာတကယ့်ကိုအသင်ပြကောင်းမွန်ပြီး ထိရောက်တဲ့သင်တန်းတွေရှိသလို ဂျင်းတွေလည်းအများကြီးပါ။

ဒီတော့အွန်လိုင်းသင်တန်းတစ်ခုတက်တော့မယ်ဆိုရင် အရင်ဆုံးသေချာလေ့လာစုံစမ်းပြီးမှတက်သင့် ပါတယ်။နောက်တစ်ခုကတော့သင်ကိုယ်တိုင်ပါပဲ။တကယ်လေ့လာသင်ယူလိုစိတ်ရှိပြီး နေ့စဉ်ပုံမှန်ကျပ်ကျပ်မတ်မတ်လေး လုပ်ဆောင်မယ်ဆိုရင် အတိုင်းအတာတစ်ခုအထိထိရောက်မှု ရှိမှာဖြစ်ပါတယ်။