Magic in the Moonlight ရုပ်ရှင်ဇာတ်ကားထွက်ခဲ့ချိန်မှာ မင်းသမီး Emma Stone ရဲ့ အသက်က ၁၉ နှစ်သာရှိသေးပြီး မင်းသားကြီး Colin Firth ရဲ့အသက်က ၅၃ နှစ် ရှိနေပါပြီ။ တွက်ကြည့်ရင် မင်းသားနဲ့ မင်းသမီးဟာ အသက် ၃၄ နှစ်ကြီးများတောင် ကွာဟတာပါ။ ဒါပေမယ့် ဒီဇာတ်ကားမှာ ထင်မှတ်မထားလောက်အောင်ပဲ အတွဲညီညီသရုပ်ဆောင်သွားခဲ့တာကို အံ့ဩဖွယ်မြင်တွေ့ရပါတယ်။

Magic in the Moon light ဇာတ်ကားလိုပဲ နောက်ထပ်ပရိသတ်တွေကို အံ့ဩသွားစေမယ့် အသက်ရွယ်ကွာဟမှုနဲ့ မလိုက်လောက်အောင် အတွဲညီညီ ဇာတ်ရုပ်ပီပြင်စွာ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသား မင်းသမီး စုံတွဲတွေကို ပြောပြပေးချင်ပါတယ်။

The Dressmaker (2015)

 The Dressmaker — 2015

Photo : Brightside

The Dressmaker ရုပ်ရှင်ဇာတ်ကားကတော့ စာရေးဆရာမ Rosalie Ham ရဲ့ ဝတ္ထုကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ်မှာ မင်းသား Liam Hemsworth က အသက် ၂၅ နှစ်သာရှိသေးပြီး မင်းသမီး Kate Winslet ကအသက် ၄၀ ရှိနေပြီး သူတို့နှစ်ဦးကြားမှာ ၁၅ နှစ်လောက် အသက်ရွယ်ကွာဟမှုရှိခဲ့ပေမယ့် တကယ့်ကို အတွဲညီညီနဲ့ လိုက် ဖက်ညီစွာ သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Free Guy (2021)

Free Guy (2021)

Photo : Brightside

Free Guy ၂၀၂၁ ကမှာ ပူပူနွေးနွေးအသစ်ထွက်ရှိခဲ့တဲ့ ဗီဒီယိုဂိမ်းကမ္ဘာထဲက ကွန်ပြူတာဂိမ်းဇာတ်ကောင်တွေအကြောင်းပုံဖော်ထားတဲ့ ထူးထူးခြားခြား ခေတ်လွန်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Guy အဖြစ်သရုပ်ဆောင်တဲ့ Ryan Reynolds က အသက် ၄၅ နှစ်ရှိပြီး Millie အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Jodie Comerက အသက် ၂၈ နှစ်သာရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ ၁၇ နှစ်လောက် အသက်ရွယ်ကွာဟမှုရှိပေမယ့် Free Guy ရုပ်ရှင်မှာ အသက်ရွယ်ကွာဟမှုနဲ့ မလိုက်လောက်အောင် တကယ်ကို အတွဲညီညီသရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Jungle Cruise (2021)

Jungle Cruise (2021)

Photo : Brightside

Jungle Cruise ဇာတ်ကားကလည်း ၂၀၂၁ ခုနှစ်ကမှ အသစ်ထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ်ဆန်ဆန် အက်ရှင်စွန့်စားခန်းတွေနဲ့ ဟာသနှောထားတဲ့ ပျော်ရွှင်စရာဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကောင်ကာရိုက်တာအရ Dr. Lily Houghton နဲ့ Frank Wolff တို့ဟာ ရုပ်ရှင်ထဲမှာ နှစ်ပေါင်း ၄၀၀ လောက် အသက်ကွာသူတွေအဖြစ် သရုပ်ဆောင်ခဲ့ကြပြီး တကယ်အပြင် လက်တွေ့မှာတော့ သူတို့နှစ်ဦးဟာ ၁၁ နှစ်လောက်သာ အသက်ကွာဟမှုရှိတာပါ။ ဘာပဲပြောပြော မင်းသားကြီး Dwayne Johnson နဲ့ မင်းသမီးEmily Blunt တို့ဟာ ဒီဇာတ်ကားမှာ ဇာတ်ကောင် ကာရိုက်တာကို အပီပြင်ဆုံးအတွဲညီညီ ပုံဖော်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

The Aftermath ( 2019)

The Aftermath — 2019

Photo : Brightside

နာမည်ကြီး ဝတ္ထုဆရာ Rhidian Brook ရဲ့ လက်ရာကိုပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ စစ်ပြီးခေတ် ဂျာမနီမှာ Rachael Morgan နဲ့ ခင်ပွန်းဖြစ်သူ Lewis Morgan တို့ ပြန်လည်ဆုံတွေ့တဲ့ ရင်နင့်စရာဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်စဉ်မှာ အဓိကသရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီး Keira Knightley နဲ့ မင်းသား Jason Clarke တို့ဟာ ၁၆ နှစ်လောက်အသက်ရွယ် ကွာဟမှုရှိခဲ့ပေမယ့် တကယ့်ကိုပဲ ဇာတ်ရုပ်ပီပြင်အောင် လိုက်ဖက်အညီဆုံး သရုပ်ဆောင် ခဲ့ကြတာဖြစ်ပါတယ်။

The Reader (2008)

The Reader — 2008

Photo : Brightside

The Reader ရုပ်ရှင်ဇာတ်ကားဟာ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်နဲ့ သက်လတ်ပိုင်းအမျိုးသမီးတို့ကြားကအချစ်တွေကို ပုံဖော်ရိုက်ထားတဲ့ ဇာတ်ကားဖြစ်ပြီး ပြင်းပြင်းရှရှ စူးစူးနင့်နင့် အချစ်ဒရမ်မာမျိုး ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Kate နဲ့ David တို့က တကယ်ကိုပဲ လိုက်ဖက်ညီစွာသရုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီဇာတ်ကားရိုက်ကူးစဉ်မှာ သူတို့နှစ်ဦးဟာ ၁၅ နှစ်လောက် အသက်ရွယ်ကွာဟခဲ့တာ ဖြစ်ပါတယ်။

Featured Photo : The Guardian