အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လက်ရှိ မန်စီးတီးအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနေတဲ့ အဂွဲရိုးဟာ ဧပြီလ (၃)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဒစ်ဖ်နှင့် ကစားပွဲကို လွဲချော်ခဲ့ပါတယ်။ အသက် (၃၀) အရွယ်သာရှိသေးတဲ့ တိုက်စစ်မှူး အဂွဲရိုးဟာ ပြီးခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ ကစားပွဲမှာ အသင်းအတွက် ဒုတိယမြောက်သွင်းဂိုးစွမ်းဆောင်ပေးခဲ့ပြီး ပွဲချိန်ဒုတိယပိုင်း (၅၇) မိနစ်တွင် လူငယ်တိုက်စစ်မှူး ဂျေးဆူနှင့် လူစားလဲကစားခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းကို (၂-၀) ဖြင့် အနိုင်ရခဲ့ပါတယ်။
Source : Football365
အဂွဲရိုးဟာ ၎င်းပွဲစဉ်တွင် အပြင်းအထန်ဒဏ်ရာရရှိခဲ့တာမျိုးမရှိပေမယ့်လည်း ခန္ဓာကိုယ်နာကျင်မှုကြောင့် ကြိုတင်ကာကွယ်သည့်အနေဖြင့် အနားပေးခဲ့ခြင်းဖြစ်တယ်လို့ အသင်းတာဝန်ရှိသူများကပြောပါတယ်။ အဆိုပါ ပွဲပြီးတဲ့ နောက်ပိုင်းမှာတော့ အဂွဲရိုးဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးများကို ပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ အနားယူနေခဲ့ရတယ်လို့သိရပါတယ်။ အဂွဲရိုးအနေနဲ့ ဧပြီလ (၃)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာဒစ်ဖ်နဲ့ပွဲကို လွဲချော်ခဲ့ပေမယ့် ဧပြီလ (၆) ရက်နေ့မှာ ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားမယ့် FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ပါဝင်ကစားနိုင်ဖို့ရှိတယ်လို့ နည်းပြဂွါဒီယိုလာက အတည်ပြု ပြောကြားခဲ့ပါတယ်။
Source : skysports.com
သို့ပေမယ်လည်း အဂွဲရိုးဒဏ်ရာအခြေအနေနဲ့ သူရဲ့ကြံ့ခိုင်မှုအနေအထားကိုတော့ ကျွန်တော်တို့ စောင့်ကြည့်နေရဦးမှာပါလို့ အသင်းတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ အဂွဲရိုးဟာ လက်ရှိဘောလုံးရာသီတွင် မန်စီးတီးအသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်တွင် သွင်းဂိုးစုစုပေါင်း (၁၉) ဂိုး သွင်းယူထားနိုင်တဲ့ အကောင်းဆုံး ဂိုးသွင်းအများဆုံး ကစားသမားစာရင်းထဲမှာ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ (၃၈) ပွဲမှာလည်း မန်စီးတီးအသင်းအတွက် (၂၉) ဂိုးအထိ သွင်းယူပေးထားတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။
Source : therainbowonline.net