နည်းပညာတွေ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုလည်း တဖြည်းဖြည်းခြိမ်းခြောက်လာတာ အမှန်ပါပဲ။ လူသားတွေ လုပ်ကိုင်နေတဲ့ အလုပ်များအတွက် AI သုံးကာ ဖန်တီးထားတဲ့ စက်ရုပ်များကိုလည်း အသုံးပြုလာမှာဖြစ်ပါတယ်။ ဒါ့အပြင် AI နဲ့ ရုပ်ရှင် တွေ ရိုက်နိုင်တော့မယ်လို့လည်း ကောလဟလထွက်ရှိ ထားပါတယ်။

AI တွေနဲ့ တကယ်ပဲ ရုပ်ရှင် တွေ ရိုက်တော့မှာလား

making movies

အမှန်တကယ်တော့ AI သည် ရုပ်ရှင် ရိုက်တဲ့နေရာမှာ တကယ်ပဲ အကူအညီပေးနေတာ ဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးတာ၊ ထုတ်လုပ်ရေးပိုင်း၊ နည်းဗျူဟာပိုင်း အစရှိတဲ့ အခန်းကဏ္ဍ အသီးသီးမှာ တာဝန်ယူပေးထားတာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အရောင်ကိုက်ညီမှုရှိအောင် အရောင်အပြောင်းအလဲ ပြုလုပ်ပေးခြင်း၊ ဗီဒီယို Editing ပိုင်းနှင့် သီချင်းထုတ်လုပ်မှုပိုင်းတွေအတွက် အမှန်တကဘ် အသုံးတည့်ပါတယ်။

တခြားရော ဘယ်လိုအလုပ်လုပ်သေးသလဲ

AI ရုပ်ရှင်

AI Algorithms နဲ့ တွက်ချက်ကာ ဘယ်ရှုထောင့်ကရိုက်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာကို တွက်ချက်ပေးပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ အပိုင်းတွေကို ဖြတ်ထုတ်ပေးခြင်း၊ ဗွီဒီယို ဇာတ်လမ်းအကျဥ်းကို ကိုယ်တိုင် ဖန်တီးပေးခြင်း စသည်ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ခံ ဆူညံသံများ၊ မလိုအပ်တဲ့ အသံများကို ဖယ်ရှားပေးကာ ကြည့်ရှုရ အဆင်ပြေအောင် Effects များ ထည့်ပေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

AI ကြောင့် မင်းသား၊ မင်းသမီးနဲ့ အနုပညာရှင်များ နေရာ ပျောက်တော့မှာလား

AI ရုပ်ရှင်

လူသားနှင့် AI ကြား ကွာခြားချက်ကတော့ ခံစားချက် အစစ်အမှန်ပဲ ဖြစ်ပါတယ်။ AI တွေသည် ကုတ်တွေရဲ့ စေခိုင်းချက်အရ ပြုလုပ်ထားတာဖြစ်ပြီး လူသား အနုပညာရှင်များကတော့ အနုပညာ အစစ်အမှန်ကို ဖန်တီးနိုင်ပါတယ်။ ဒါ့ကြောင့် AI ကြောင့် မင်းသား၊ မင်းသမီးနဲ့ အနုပညာရှင်တွေရဲ့ နေရာပျောက်တော့မယ်ဆိုတာ (လုံးဝ) မဖြစ်နိုင်ပါဘူး။ AI က လူသား သရုပ်ဆောင်တွေရဲ့ နေရာမှာ ဘယ်လိုမှ အစားထိုးနိုင်မှာမဟုတ်ပါဘူး။

နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာကြောင့်ပဲ ဖြစ်ပါတယ်။ လူသားတွေသည် ဘယ်အရာက မှန်တယ်၊ မှားတယ်ဆိုတဲ့အရာကို ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ AI ကတော့ ကိုယ်ကျင့်သိက္ခာပိုင်းနဲ့ ကိုက်ညီအောင် ကုတ်ရေးကာ ခိုင်းစေနိုင်ပေမယ့် သူတို့သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်တော့ မရှိပါဘူး။ ဒါ့အပြင် လူသား သရုပ်ဆောင်များသည် ပိုမိုအသက်ဝင်ပြီး တီထွင်ဖန်တီးနိုင်စွမ်းလည်း ပိုကောင်းတယ်ဆိုတာကို ငြင်းဆိုဖွယ်ရာ မရှိပါဘူး။

ကွီးတို့ရော AI နဲ့ ဖန်တီးထားတဲ့ ရုပ်ရှင်တွေကိုရော ကြည့်ချင်ပါသလား။ ဒါမှမဟုတ် လူသားသရုပ်ဆောင်တွေ ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်တွေကိုပဲ နှစ်ခြိုက်ပါသလား။

Featured Image: Smartclick