Artificial Intelligence လို့ ခေါ်တဲ့ AI နည်းပညာသည် လူသားများအတွက် ကယ်တင်ရှင် သဖွယ် ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ပြောကြားထားကြပါတယ်။ နည်းပညာများက တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ လူသားတို့ရဲ့ နေ့စဥ်ဘဝကို ပိုမိုလွယ်ကူမြန်ဆန်လာအောင် ကူညီပေးနေတာပဲဖြစ်ပါတယ်။

AI နည်းပညာများ ထည့်သွင်းကာ အသုံးပြုထားသော စက်ရုပ်များသည် လူသားများလို ပင်ပန်းနွမ်းနယ်ခြင်းမရှိ၊ စိတ်ခံစားချက် အနိမ့်အမြင့် အတက်အကျများ မရှိဘဲ သူ့ရဲ့ မစ်ရှင် ပြီးမြောက်ဖို့ တစ်ခုတည်းသာ အာရုံစိုက်တာဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်များများ တွင်ကျယ်စွာ ပြီးမြောက်မှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဆိုးကျိုးကတော့ ရှိစမြဲပါပဲ။

သူ့ရဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်မလဲ။

ဆိုးကျိုး

လူသားတွေက တီထွင်ဖန်တီးနိုင်စွမ်းကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ကြပြီး အိုင်ဒီယာတွေ တစ်ခုနဲ့တစ်ခု မထပ်အောင် ကြံဆနိုင်ပါတယ်။ ဒါပေမဲ့ AI စက်ရုပ်တွေကတော့ ကော်ပီကူးဖို့သပ်သပ်သာဖြစ်ပြီး အိုင်ဒီယာတွဗ ထပ်မနေအောင် လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ လူသားတွေရဲ့ စိတ်က အင်မတန်မှကို စွမ်းအားကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီ AI ကို တီထွင်တာက လူသားတွေပဲမို့လို့ လူသားတွေရဲ့ စိတ်ကို AI တွေရဲ့ မိခင်လို့တောင် ခေါ်ဝေါ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း AI တွေက လူသားတွေရဲ့ နေရာကို အပြီးပိုင် ကြီးစိုးပြီး လူသားတွေကို အုပ်ချုပ်မယ်ဆိုတာကတော့ မဖြစ်နိုင်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ AI တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မှာလဲ

AI ကယ်တင်ရှင်

၂၀၂၉ ခုနှစ်လောက်မှာ Artificial Intelligence သည် လူသားများနဲ့ တန်းတူ ရင်ဘောင်တန်းလာနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၄၅ ဆိုရင်တော့ AI တွေ ဆပွားတိုးတက်လာပြီး ကျနော်တို့ရဲ့ နေ့စဥ်ဘဝမှာ AI မပါလို့မရတော့တဲ့အထိ ဖြစ်လာနိုင်တယ်လို့ Ray Kurzweil က ပြောကြားထားပါတယ်။

AI က လူသားတို့အတွက် ကယ်တင်ရှင် လား၊ ရန်သူလား

AI ကယ်တင်ရှင်

ကွန်ပျူတာများကို စတင် တီထွင်ခဲ့စဥ်တုန်းက လူသားများသည် သူတို့ရဲ့ အလုပ်အကိုင်များ ဆုံးရှုံးသွားမှာကို ကြောက်ရွံ့ကြတဲ့အတွက်ကြောင့် ကွန်ပျူတာများ တီထွင်ခြင်းကို ဝိုင်းဝန်းကန့်ကွက်ခဲ့ ကြပါသေးတယ်။ နောက်ဆုံးကျမှသာ ကွန်ပျူတာက လူသားများ အလုပ်လုပ်ရာမှာ လွယ်ကူမြန်ဆန်မှုရှိရင်၊ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက်လာရန်အတွက် ကူညီပေးတယ်ဆိုတာကို လက်ခံလာကြပြီး သုံးစွဲလာကြတာဖြစ်ပါတယ်။ AI သည်လည်း ထိုနည်းတူစွာပါပဲ။ လူသားများရဲ့ အလုပ်အကိုင်တွေကို လက်ဝါးကြီးအုပ်ပြီး လူသားများကို အလုပ်လက်မဲ့ဖြစ်အောင် ပြုလုပ်မယ်ဆိုပြီး ရန်သူတစ်ယောက်လို တွေးနေမယ့်အစား ကိုယ့်ရဲ့ အလုပ်တွေကို ပိုမိုလျင်မြန်လာအောင်၊ လုပ်ကိုင်ရတာ ပိုမိုသက်သာလာအောင် ကူညီပေးမယ့် မဟာမိတ်တစ်ယောက်အဖြစ် ရှုထောင့်တစ်မျိုးကနေ မြင်ကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက ပိုမိုခေတ်မှီဖွံ့ဖြိုးတိုးတက်လာမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော AI အပေါ် ဘယ်လိုရှုမြင်မိပါသလဲ။

Source: Eeoworld

Featured Image: Freepik