အခုဆိုရင် နည်းပညာ ကုမ္ပဏီတော်တော်များများက AI နည်းပညာကို တော်တော်လေးကို စိတ်ဝင်စားလာကြပြီး သူ့ထက် ငါ အပြိုင်အဆိုင် ရှေ့ရောက်အောင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။ ဒီလိုမျိုး AI နည်းပညာပိုင်းမှာ ရှေ့ရောက်နေအောင် ကြိုးစားနေကြတဲ့အထဲမှာ ပြင်သစ် နိုင်ငံသည်လည်း တစ်ခု အပါအဝင်ပါပဲ။ ၂၀၂၇ ခုနှစ်က AI နည်းပညာပိုင်းနဲ့ ပတ်သက်ရင် ပြင်သစ် က ရှေ့ရောက်နိုင်တယ်လို့တောင် ပြောလို့ရပါတယ်။
ဘာ့ကြောင့် ဒီလိုမျိုး ခန့်မှန်းချက်တွေ ထွက်လာရတာလဲ
ပြီးခဲ့တဲ့ မေလ အစောပိုင်းတုန်းက ပါရီမြို့မှာ Microsoft ရဲ့ ဥက္ကဌဖြစ်သူ Brad Smith နဲ့ ပြင်သစ် သမ္မတ Emmanuel Macron တို့ တွေ့ဆုံခဲ့ကြပါတယ်။ ထိုတွေ့ဆုံပွဲကတော့ ထူးခြားတဲ့ ရင်းနှီးမြှုပ်နှံမှု အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Microsoft ဘက်ကနေပြီး ဘီလီယံနဲ့ ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြင်သစ်နိုင်ငံဘက်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဥရောပက အမေရိကန်နဲ့ တရုတ်တို့ နောက်မှာ နောက်ကောက်ကျ ကျန်ခဲ့မှာကို စိုးရိမ်နေတာလား
ယခုလောလောဆယ်မှာတော့ AI လို့ ပြောလိုက်တာနဲ့ ဈေးကွက်ထဲမှာ ဦးဆောင်ဦးရွက် ပြုနေကြတာကတော့ အမေရိကန်ပြည်ထောင်စုပဲဖြစ်ပါတယ်။ သူ့နောက်ကနေ ဒုတိယအနေနဲ့ လိုက်နေတာကတော့ တရုတ်ပါပဲ။ သူ့နောက်မှာမှ UK က တတိယ ပြေးနေတာပဲ ဖြစ်ပါတယ်။ EU ခေါင်းဆောင်တွေဖြစ်တဲ့ ပြင်သစ်နဲ့ ဂျာမနီကလည်း ဒီအတိုင်းတော့ ထိုင်ကြည့်နေနိုင်ကြမှာ မဟုတ်ပါဘူး။ အမေရိကန်တွေက ပထမနေရာကို ယူထားတာ ကြာနေပြီဖြစ်တဲ့ အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူတွေကလည်း သူတို့ရဲ့ ပိုက်ဆံတွေကို ဥရောပဘက်မှာ လာရင်းနှီးအောင် EU ခေါင်းဆောင်တွေကလည်း ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာကရော ဘယ်လိုမျိုး ထင်မြင်နေကြသလဲ
ဝါရှင်တန်အခြေစိုက် ကုမ္ပဏီက AI Safety ပိုင်းနဲ့ Stability Project ကို ဦးဆောင်ရသူ Noah Greene ရဲ့ ပြောကြားချက်အရ ပြင်သစ်နိုင်ငံမှာ အခုလိုမျိုး Tank Center ကြီးအဖြစ် ရင်းနှီးမြှုပ်နှံခြင်းက ပြင်သစ်တွေကို AI ပိုင်းမှာ ရှေ့ရောက်အောင် ကူညီလိုက်တာပဲလို့ ဝေဖန်လိုက်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရည်ရွယ်ချက် ပြည့်မြောက်လာအောင် ပြုလုပ်ဖို့အတွက်ကတော့ တော်တော်လေးကို ရုန်းကန်ရမှာပဲ ဆိုပြီးလည်း ပြောကြားထားပါသေးတယ်။
ကွီးတို့ရော AI နည်းပညာပိုင်းမှာ ဘယ်နိုင်ငံက ထိပ်ဆုံးရောက်မယ်လို့ ထင်ပါသလဲ။
Source: Dw.com
Featured Image: Cosmeticobs