ရိုးမားအသင်းဟာ အာဆင်နယ်ကြယ်ပွင့်ကစားသမား အိန်စလေ မီလန်းနိုင်းစ်ကို ယခုနှစ်ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အီတလီကလပ်က စနေနေ့မှာ ကြေညာခဲ့ပါတယ်။

ainsley-maitland-niles-completes-loan-move-from-arsenal-to-roma-with-24-year-old-expected-to-make-his-debut-for-jose-mourinhos-side-against-juventus-on-sunday

Photo : Daily Mail

လန်ဒန်မြောက်ပိုင်းမှာ လူငယ်ကစားသမားဘဝကို စတင်ခဲ့တဲ့ အသက်၂၄ နှစ်အရွယ် မီလန်းနိုင်းစ်ဟာ နည်းပြဂျိုဆေး မော်ရင်ဟိုရဲ့ ရိုးမားအသင်းမှာ အင်္ဂလိပ်ကစားသမားတွေဖြစ်ကြတဲ့ ခရစ်စမောလင်းနဲ့ တမ်မီ အေဘရာဟမ်တို့နဲ့အတူ တွဲဖက်ကစားသွားမှာဖြစ်ပါတယ်။

” ဒီမှာရှိနေရတာ အရမ်းကိုဝမ်းသာပြီး အသင်းနဲ့ စတင်ကစားဖို့ မစောင့်နိုင်တော့ပါဘူး ၊ အသင်းကိုအကောင်းဆုံး ကူညီပြီး ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော်လုပ်နိုင်တာကို ပြသချင်ပါတယ် ”

“ကျွန်တော့်ကို ထောက်ခံအားပေးမှုတွေ မြင်တွေ့ခွင်ပေးခဲ့တဲ့အတွက်လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ ရာသီကုန်မှာ ကြီးကျယ်ခမ်းနားတဲ့ ရလဒ်ကောင်းတစ်ခု လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ် ” လို့ အင်္ဂလန်လက်ရွေးစင် မီလန်းနိုင်းစ်က ဆိုပါတယ်။


Photo : Ghana On 24 News

မီလန်းနိုင်းစ်ဟာ ယခုနှစ်ဘောလုံးရာသီအတွင်း နည်းပြ မီခေးလ်အာတီတာရဲ့ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေခဲ့ရပြီး ပရီးမီးယားလိဂ်ရှစ်ပွဲသာ ပါဝင်ကစားခွင့်ရခဲ့ကာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အသင်းမှာ နောက်ဆုံးပါဝင်ကစားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မီလန်းနိုင်းစ်အနေနဲ့ နည်းပြဂျိုဆေး မော်ရင်ဟိုရဲ့ ရိုးမားအသင်းမှာ ကျောနံပါတ် ၁၅ ကိုဝတ်ဆင်ကစားသွားမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဂျူဗင်တပ်အသင်းနဲ့ ပွဲစဉ်မှာလည်း ပထမဆုံးပွဲဦးထွက် ကစားရနိုင်ခြေရှိနေပါတယ်။

Featured Photo : Daily Mail