လေယာဉ်ဖြင့် ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးကတော့ မြန်မြန်ဆန်ဆန်သွားလာလို့ရပြီး အချိန်ကုန်သက်သာစေခြင်းပဲဖြစ်ပါတယ်။ သင်ရော ခရီးသွားတဲ့အခါ ဘယ်လိုသွားလာမှုပုံစံမျိုးနဲ့ အများဆုံးခရီးသွားဖြစ်ပါသလဲ။

အချို့က ရထားနဲ့ ခရီးသွားရတာကို ကြိုက်နှစ်သက်ကြပြီး အချို့ကတော့ ကိုယ် ဆင်းနားချင်တဲ့အချိန်နားလို့ရအောင်ဆိုပြီး ကိုယ်ပိုင်ကားနဲ့ ခရီးသွားရတာမျိုးကို နှစ်သက်ကြပါတယ်။

တကယ်လို့ သင်သည် လေယာဉ်နဲ့ခရီးသွားရတာ ကြိုက်နှစ်သက်တယ် ဒါမှမဟုတ် လေယာဉ်နဲ့ မဖြစ်မနေခရီးသွားရမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားဖို့လိုအပ်ပါလိမ့်မယ်။

လေဆိပ်ကို စောစောသွားပါ

tips for men who want to travel by plane

ဘယ်ဂိတ်သွားရမလဲမသိဘဲ အရူးတစ်ယောက်လို ဟိုပြေး ဒီပြေး သိမ်ကြီးဈေးမဖြစ်ချင်ဘူးဆိုရင်တော့ လေယာဉ်ချိန်ထက် ၂ နာရီခန့် စောသွားတာ အကောင်းဆုံးပါပဲ။

ရေဘူးအလွတ်တစ်လုံးသယ်သွားပါ

tips for men who want to travel by plane

သင့်ရဲ့အဖိုးတန်ပိုက်ဆံကို ဈေးကြီးတဲ့ရေဘူးတွေ ဝယ်ပြီး မကုန်ချင်ဘူးဆိုရင်တော့ ရေဘူးအလွတ်တစ်လုံးသာ သယ်သွားပါ။ လုံခြုံရေးဂိတ်ဝတွင် ဖြတ်သန်းပြီးသွားတဲ့အခါ သင့်ရေဘူးထဲ ရေဖြည့်နိုင်ပါပြီ။

ရေဘူးလိုမျိုးပဲ အခြားသော သယ်ဆောင်သွားသင့်တဲ့ပစ္စည်းပစ္စယများကတော့ ခရီးသွားခေါင်းအုံး၊ မျက်လုံးအုပ်သော အစွပ် စတဲ့ပစ္စည်းများကိုလည်း သယ်ဆောင်သွားနိုင်ပါတယ်။

သင့်ရဲ့လေယာဉ်လက်မှတ်နဲ့ အခြားသောစာရွက်စာတမ်းများအားလုံးကို ဓာတ်ပုံရိုက်ထားပါ

tips for men who want to travel by plane

ဒီလိုသက်သေဓာတ်ပုံရိုက်ထားတဲ့အခါ မတော်တဆ Boarding Pass ပျောက်သွားလို့ ဇောချွေးပြန်ရတဲ့ဒုက္ခကနေ ကင်းလွတ်သွားမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ခရီးဆောင်အိတ်ကို သိသာထင်ရှားအောင် အမှတ်အသားပြုလုပ်ထားပါ

tips for men who want to travel by plane

ခရီးဆောင်အိတ်တွေက ချွတ်စွတ်တူတာမျိုးတွေရှိနိုင်ပါတယ်။ တစ်ဖက်လူကလည်း သူ့ခရီးဆောင်အိတ်အမှတ်နဲ့ ဆွဲသွားတာမျိုးဆိုရင် နှစ်ယောက်စလုံးဒုက္ခရောက်ရပါလိမ့်မယ်။ ဒါ့ကြောင့်မို့လို့ ကိုယ့်ရဲကခရီးဆောင်အိတ်မှာ စတေကာ ကပ်ထားတာပဲဖြစ်ဖြစ်၊ ရောင်စုံဖဲပြား ချည်ထားတာပဲဖြစ်ဖြစ် ပြုလုပ်ထားလိုက်ပါ။ ဒါဆိုရင် မှားနိုင်စရာအကြောင်းမရှိတော့ပါဘူး။

သင့်ရဲ့အရေးကြီးစာရွက်စာတမ်းများကို တစ်စုတစ်စည်းတည်းနဲ့ အစဉ်လိုက် အစီအရီထားထားပါ

 

tips for men who want to travel by plane

Check-In လုပ်မှ ကိုယ့်ရဲ့စာရွက်စာတမ်းတွေကို အသည်းအသန်ရှာနေရတဲ့ဒုက္ခမှ ကင်းလွတ်ချင်တယ်ဆိုရင်တော့ ထိုစာရွက်စာတမ်းများကို တစ်စုတစ်စည်းတည်းနဲ့ သေသေချာချာ စုသိမ်းထားပါ။ စာရွက်စာတမ်းများ ထုတ်ပြပါဆိုရင် ဇောချွေးပြန်အောင် ရှာစရာမလိုတော့ပါဘူး။

Source: Theadventurousfeet.com

Featured Image Source: Upgradedpoints.com