အေဂျက်အသင်းဟာ ကောင်းပေ့ဆိုတဲ့ ကစားသမားတွေ မွေးထုတ်ပေးနေတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ကစားသမားတွေကို ဈေးကြီးကြီး နဲ့ရောင်းပြီး အကျိုးအမြတ် များစွာရရှိနေတဲ့အသင်းလည်းဖြစ်ပါတယ်။
ဒီနေ့ kwee ကနေပြီးတော့ အေဂျက်စ်အသင်း ရောင်းထုတ်ခဲ့သည့် ကြေးအကြီးဆုံးကစားသမား တွေကို ဖော်ပြပေးသွားမှာပါ။
၁။ Matthijs de Ligt (ယူရို ၇၅ သန်း)
Source: AS English
ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ de Ligt ဟာမကြာသေးခင်ကမှ စီးရီးအေ ထိပ်သီးကလပ် ဂျူဗီတပ်အသင်းက ယူရို ၇၅ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။
ဥရောပအသင်းကြီးတွေဖြစ်တဲ့ မန်ယူ၊ ဘာစီလိုနာ နဲ့ PSG တို့ရဲ့ကမ်းလှမ်းမူကို ငြင်းပယ်ပြီး ဂျူဗီတပ် အသင်းကို ပြောင်းရွှေ့ခဲ့တာပါ။
၂။ Frenkie de Jong (ယူရို ၇၅ သန်း)
Source: FC Barcelona
ဒက်ချ် လူမျိုး de Jong ကို ယူရို ၇၅ သန်းခန့်နဲ့ ဘာစီလိုနာ အသင်းကိုရောင်းထုတ်ခဲ့ပါတယ်။ de Jong ဟာ အေဂျက်အသင်းမှာ ၃ နှစ်တာအတွင်း ပွဲပေါင်း ၈၀ ကျော်ကစားပေးခဲ့ပါတယ်။
၃။ Davinson Sanchez (ယူရို ၄၂ သန်း)
Source: Bleacher Report
၂၀၁၇ ခုနှစ်မှာ Sanchez ကို စပါးအသင်းဆီ ယူရို ၄၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ Sanchez ဟာ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ စပါးအသင်းကို ဖိုင်နယ်အထိ ရောက်အောင် စွမ်းဆောင်ပေးနိူင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။
၄။ Hakim Ziyech (ယူရိုသန်း ၄၀)
Source: Outlook India
Hakim Ziyech ကိုချဲလ်ဆီးအသင်းထံ ယူရို သန်း၄၀ နဲ့ရောင်းချခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီကုန်အထိ အသင်းမှာ ဆက်ရှိနေအုံးမှာပါ။ Ziyech အနေနဲ့ ချဲလ်ဆီးအသင်းမှာ ဘယ်လောက်ထိ ခြေစွမ်းပြနိူင်မလဲဆိုတာ စောင့်ကြည့်ရအုံးမှာပါ။
၅။ Arkadiusz Milik (ယူရို ၃၂ သန်း)
Source: Ajax Daily
၂၀၁၄ ခုနှစ်မှာ အေဂျက်အသင်းအတွက် စတင်ကစားပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ ၃၁ ပွဲကစားက ၂၁ ဂိုးအထိသွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းကို ဥရောပ ကလပ်တော်တော်များများ သတိထားမိလာကြတယ်။
နောက်ဆုံးမှာတော့ စီးရီးအေကလပ် နာပိုလီအသင်းက ယူရို ၃၂ သန်းပေးပြီးခေါ်ယူခဲ့ပါတယ်။