နယ်သာလန်လိဂ် Eredivisie ဟာချန်ပီယံမရှိ တန်းတက်တန်းကျ အသင်းမရှိဘဲ ပြီးဆုံးသွားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ချန်ပြီယံ ဖြစ်ခဲ့တဲ့ Ajax အသင်းဟာ ဇယားထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပေမယ့် ချန်ပီယံဖြစ်ခွင့် မရရှိခဲ့ပါတယ်။ ဇယားအောက်ဆုံးမှာ ရှိနေပြီး တန်းဆင်းရမယ့် အသင်းနှစ်သင်းဖြစ်တဲ့ ADO Den Haag and RKC Waalwijk တို့ဟာလည်း တန်းမဆင်းခဲ့ရဘူးလို့ သိရပါတယ်။

Source: Express-Star

နယ်သာလန်လိဂ် Eredivisie ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲတွေ မပြီးဆုံးသေးဘဲ ရပ်နားခဲ့ရတာပါ။ လက်ရှိဇယားရပ်တည်မူကို အတည်ယူမယ်လို့ ကြေညာခဲ့ပေမယ့် (၂၀၁၉-၂၀၂၀) ဘောလုံးရာသီ ဇယားထိပ်ဆုံးက Ajax အသင်းကိုတော့ ချန်ပီယံဆု ပေးအပ်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။

Source: MDW Live News Network

နယ်သာလန် ဝန်ကြီးချုပ် Mark Rutte ကဘောလုံးပြိုင်ပွဲတွေကို စက်တင်ဘာ (၁) ရက်နေ့အထိ ရပ်နားရမည်ဖြစ်ကြောင်း ကြေညာအပြီးမှာ အခုလို Eredivisie လိဂ်ပြိုင်ပွဲတွေကို ရပ်နားခဲ့ကြတာပါ။ Eredivisie လိဂ်အနေနဲ့ ချန်ပီယံ ယခုလိုမထွက်ပေါ်ခဲ့တာဟာ (၆၄) အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ နောက်ဆုံး ချန်ပီယံ မထွက်ပေါ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ ဒုတိယကမ္ဘာစစ်ကြောင့်ဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ နှစ်တိုင်းနှစ်တိုင်း ချန်ပီယံထွက်ပေါ်ခဲ့ပါတယ်။

Source: Yorkshire Evening Post

Ajax အသင်းဟာချန်ပီယံဆုနဲ့လွဲချော်ခဲ့တာကြောင့် နောက်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်ဆုံးအဆင့် ခြေစစ်ပွဲကနေ ယှဉ်ပြိုင်ရမှာပါ။

ဇယားအောက်ဆံးမှာရပ်တည်နေတဲ့ အသင်းတွေဖြစ်တဲ့ ADO Den Haag နဲ့ RKC Waalwijk တို့ဟာလည်း တန်းမဆင်းရသလို ဒုတိယတန်းကနေပထမတန်းကို တန်းတတ်ရမယ့် Cambuur နဲ့ De Graafschap အသင်းတို့ဟာလည်း တန်းတတ်ခွင့် မရှိကြောင်း တာဝန်ရှိသူတွေကဆုံးဖြတ်ခဲ့ကြပါတယ်။