ဗီလာရီးရဲလ်အသင်းဟာလီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ လီဗာပူးလ်အသင်းနောက်ခံကစားသမား မိုရီနိုကိုခေါ်ယူဖို့ သဘောတူညီမှုရရှိသွားခဲ့တယ်လို့သိရပါတယ်။အသက် (၂၇) နှစ်အရွယ်ကစားသမားမိုရီနိုဟာ ပြီးခဲ့တဲ့ (၂၀၁၄) ခုနှစ်ကဆီဗီလာအသင်းကလီဗာပူးလ်အသင်းကို ပေါင်(၁၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကစားသမားသက်တမ်း(၅)နှစ်တာအတောအတွင်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံကစားပွဲပေါင်း (၁၄၁) ပွဲပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၃) ဂိုးခန့်သွင်းယူပေးခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။

 

Source : The Boot Room

မိုရီနိုဟာ လီဗာပူးလ်အသင်းနဲ့ တော့ ပြီးခဲ့တဲ့ဇွန်လ (၃၀)ရက်နေ့က စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတွင် ကစားသမားမိုရီနိုဟာ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အတော်လေးရုန်းကန်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကစားသမားဂျိမ်းမီနာနဲ့အန်ဒီရော်ဘတ်ဆင်တို့အသင်းကို ပြောင်းရွှေ့လာပြီး ခြေစွမ်းကောင်းတွေပြသခဲ့တာကြောင့် မိုရီနိုအတွက် အခွင့်အရေးပိုမိုနည်းပါးသွားခဲ့ပြီး အသင်းအတွက် (၆) ပွဲခန့်သာပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးရရှိခဲ့ပေမယ့် ပွဲထွက်ခွင့်မရခဲ့ပဲ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ရတာဖြစ်ပါတယ်။

Source : The Independent

အစောပိုင်းမှာ ကစားသမားမိုရီနိုအနေနဲ့ အသင်းဟောင်း ဆီဗီလာအသင်းကိုပြောင်းရွှေ့လို ကြောင်း ဝန်ခံခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဗီလာရီးရဲလ်အသင်းနဲ့သာ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ဗီလာရီးရဲလ်အသင်းဟာ ကစားသမားမိုရီနိုကို လာမယ့်(၂၀၂၄) ခုနှစ်အထိ (၅)နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့တဲ့အပေါ်သဘောတူညီမှုရရှိခဲ့တာကြောင့် လက်ရှိမှာလိုအပ်တဲ့ဆေးစစ်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ကစားသမားမိုရီနိုတစ်ယောက် ဗီလာရီးရဲလ်အသင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်တွေရရှိပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်သစ်တစ်ခု ရေးဆွဲသွားနိုင်မှာလားဆိုတာတော့ ပရိသတ်တွေအားလုံးဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Source : alpro-att.hr

ယခုနှစ်အပြောင်းအရွှေ့ကာလမှာတော့ ဗီလာရီးရဲလ်အသင်းဟာ အီဘာအသင်းမှ နောက်ခံကစားသမားပီနာနဲ့ နာပိုလီအသင်းမှ အယ်လ်ဘီယိုတို့ခေါ်ယူခဲ့ထားခဲ့ပြီး လက်ရှိကစားသ မားမိုရီနိုဟာ တတိယမြောက်ခေါ်ယူတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။