Alicia Keys ရဲ့ နာမည်အပြည့်အစုံကတော့ Alicia Augello Cook ဖြစ်ပြီး အမေရိကန်လူမျိုး အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ Alicia Keys သီဆိုထားသော သီချင်း သံစဉ်များသည် တစ်ခါနားထောင်မိလိုက်ရုံနဲ့ နားထဲမှာ အချိန်ကြာကြာစွဲကျန်နေတတ်လေ့ရှိပါတယ်။ သူ(မ) သည် နာမည်ကြီးအဆိုတော်တစ်ယောက်လည်းဖြစ်သလို သီချင်းများကိုလည်း ကိုယ်တိုင်သီကုံးရေးဖွဲ့လေ့ရှိပါတယ်။ ဒါတင်မကသေးပါဘူး။ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။

Alicia Keys သည် ငယ်ငယ်လေးကတည်းက စန္ဒယားတီးခြင်းကို သေသေချာချာလေ့ကျင့်ခဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်ကတည်းက သီချင်းများကို ကိုယ်တိုင်ရေးသားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာတော့ Columbia Records နှင့် စာချုပ်ချုပ်ဆိုကာ အနုပညာလောကထဲသို့ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

Alicia Keys သီချင်း

Photo: Sandiegouniontribune

ဒီလိုမျိုး ငယ်ငယ်ကတည်းက ပါရမီရှိတဲ့ သူ(မ)ကို ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူ(မ)သီဆိုခဲ့တဲ့ သီချင်းများသည်လည်း အင်မတန်နာမည်ကြီး လူကြိုက်များပါတယ်။ Alicia Keys သီဆိုထားတဲ့ သီချင်း ကောင်းများ အများအပြားရှိတဲ့အနက် လူကြိုက်အများဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး သီချင်းကောင်းများကို သီချင်းချစ်သူများအတွက် ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

A Beautiful Noise – Brandi Carlile

၂၀၂၀ ခုနှစ်တုန်းက သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး စန္ဒယားနဲ့ တီးခတ်သီဆိုထားတာဖြစ်ပါတယ်။ Brandi Carlile နဲ့ အတူတူ တွဲဖက်သီဆိုထားတာဖြစ်ပါတယ်။ သီချင်းလေးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကတော့ ၂၀၂၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ မဲပေးပွဲမှာ ဝင်ရောက်မဲပေးဖို့ရန်အတွက် လှုံ့ဆော်ထားတာဖြစ်ပါတယ်။

Underdog

ဒီသီချင်းလေးကလည်း ၂၀၂၀ ခုနှစ်တုန်းက ALICIA ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းနားထောင်ပြီးတဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာစေမယ့် ခံစားချက်မျိုးကို ခံစားရမှာဖြစ်ပါတယ်။

Show Me Love

ဒီသီချင်းလေးကတော့ စက်တင်ဘာလ ၂၀၁၉ တုန်းက ထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ R&B အဆိုတော် Miguel က Featuring အနေနဲ့ သီဆိုထားတာဖြစ်ပါတယ်။

Blended Family (What You Do For Love)

မိသားစုအကြောင်း ရေးဖွဲ့သီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Alicia Keys သည် သူ(မ)ရဲ့ အမျိုးသား ဟစ်ဟော့သီချင်းထုတ်လုပ်သည် Swizz Beatz နဲ့ သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ စာရေးဆရာမ Mashoda Tifrere တို့နဲ့ ဆက်ဆံရေးကို ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ အရောင်အသွေးမျိုးစုံနဲ့ ကလေးလေးတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

Fallin’

ဒီသီချင်းလေးသည် Alicia Keys ရဲ့ ၂၀၀၁ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ပထမဦးဆုံး Single အခွေထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ လူကြိုက်များခဲ့ပြီး Song Of The Year ဆု တစ်ဆု၊ Female R&B Vocal Performance ဆုတစ်ဆု၊ Best R&B Song ဆုတစ်ဆုနှင့် Record Of The Year ဆု စတဲ့ ဂရမ်မီဆု လေးဆုတို့ကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

You Don’t Know My Name

ဒီသီချင်းလေးကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းလေးသည် ၆ မိနစ်ကျော် ကြာကြာသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ထိုသီချင်းထဲမှာ သူ(မ) ကြိတ်ကြွေနေရတဲ့ အမျိုးသားတစ်ယောက်အကြောင်း သီဆိုထားတာဖြစ်ပါတယ်။ ထိုအမျိုးသားက သူ(မ) တစ်ဖက်သတ်ချစ်နေရတာကို မသိသေးတဲ့အကြောင်းကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

In Common

ဒီသီချင်းလေးကတော့ ၂၀၁၆ တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေဆဲ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

A Woman’s Worth

ဒီသီချင်းလေးကတော့ ၂၀၀၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး ခေါင်းစဉ်အတိုင်းပဲ အမျိုးသမီးတွေကို ခွန်အားရအောင် သီဆိုထားတဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Unbreakable

ဒီသီချင်းလေးကတော့ ၂၀၀၅ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အသားအရောင် ခွဲခြားမှုမရှိအောင် သီဆိုရေးဖွဲ့ထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Teenage Love Affair

၂၀၀၇ တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပြီး Alicia Keys ရဲ့ ငယ်ရွယ်တဲ့ သွင်ပြင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Empire State of Mind (Part II) Broken Down

သူ(မ)ရဲ့ အသံပါဝါပြင်းပြင်းနဲ့ သီဆိုထားတဲ့အတွက်ကြောင့် အင်မတန်မှ နားထောင်လို့ကောင်းတာကို ခံစားရမှာပါ။

If I Ain’t Got You

ဒီသီချင်းလေးကတော့ သူ(မ)ရဲ့ ဘဝအကြောင်းကနေ မှီငြမ်းကာ ရေးဖွဲ့သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ကလည်း ဒီသီချင်းသည် စက်တင်ဘာလ ၁၁ ရက်နေ့က New York မြို့ တိုက်ခိုက်ခံရမှုတွင် ဆုံးပါးသွားခဲ့သူများကို ရည်ညွှန်းကာ သီဆိုထားခြင်းဖြစ်ကြောင်း ပြောထားကြပါတယ်။

အခုဖော်ပြသွားတဲ့ သီချင်းလေးများကို သီချင်းချစ်သူပရိသတ်များအားလုံး သဘောကျကြလိမ့်မယ်လို့လည်း မျှော်လင့်မိပါတယ်။

Source: Oprahdaily

Featured Image: Esquire