Formal Wear တွေနဲ့မှ စတိုင်ကျချင်တဲ့ အမျိုးသားတွေအတွက် ဒီတပတ်မှာတော့ Suit နဲ့ပတ်သက်ပြီး မဖြစ်မနေသိသင့်တဲ့ Rules (၂၁ ) ချက်ကို ဝေမျှပေးချင်ပါတယ်။
- Suit အောက်မှာခံဝတ်မယ့် ရှပ်အင်္ကျီရဲ့ကော်လံအစနဲ့ Neck Tie အကျယ်က ညီရပါမယ်။ Tie ရဲ့ Width ကကျယ်ပြီး ပိုကြီးမနေရပါဘူး။
- Suit ဝတ်ရင် မတူညီတဲ့ Lapels ကို သိထားပြီး ကိုယ့်အကြိုက်ဟာ ဘယ်ပုံစံဖြစ်မလဲဆိုတာကို သိထားသင့်ပါတယ်။
- Suit Jacket ရဲ့အင်္ကျီလက်ဟာ လက်ကောက်ဝတ်အဆစ်နားလောက်ပဲ ရှိသင့်ပါတယ်။
- Suit အောက်ခံရှပ်အင်္ကျီအရှည်က Jacket နဲ့ လက်မဝက်လောက် ကွာရပါမယ်။
- Suit နဲ့တွဲဝတ်မယ့် ခါးပတ်အပြားဟာ သေးသင့်ပါတယ်။
- အရပ်ပိုရှည်တယ်လို့ အထင်ခံချင်ရင် Suit ကို ခါးပတ်မပါပဲဝတ်ပါ။
- ဘောင်းဘီနဲ့ပတ်သက်ပြီးပြောရရင်တော့ Cuff အောက်အနားခေါက်ထားတာကို ဖြန့်လိုက်ရင် ဒါမှမဟုတ် ဖြတ်လိုက်ရင် အောက်ပိုင်းရှည်တယ်လို့ထင်ရမှာပါ။
- Pocket Squares က Suit ဝတ်တိုင်းပါသင့်တဲ့ Accessory ပါ။
- ဗြောင် Suit တွေထက် Pattern တွေ Shapes တွေပါရင် လူကြားထဲ ပိုထင်သာမြင်သာရှိမှာပါ။
- Suit ဝတ်ထားရင် ထိုင်တဲ့အခါ ကြယ်သီးဖြုတ်လိုက်ဖို့ မမေ့သင့်ပါဘူး။ ခုနောက်ပိုင်း ကြယ်သီတစ်လုံးပဲပါတဲ့ Single Button Suit Jacket တွေဟာ ပိုမော်ဒန်ကျပြီး ခေတ်စားလာပါတယ်။
- တစ်ခါတစ်လေကျတော့လည်း Suit ကို Jacket နဲ့ဝတ်ရတာရိုးလာရင် Vest နဲ့ စမ်းဝတ်ကြည့်သင့်ပါတယ်။
- မရိုးရအောင် နက်ကတိုင် နဲ့ Bow Tie ကို အလှည့်ကျဝတ်ပေးပါ။
- Shoes ဖိနပ် Suit အရောင်ကို ကောင်းကောင်းတွဲတတ်ပါစေ။
- Good Fit ဖြစ်ဖို့က Suit ကိုဝတ်တော့မယ်ဆိုရင် ဦးစားပေးသင့်ဆုံးအချက်ပါ။
- Tailor နဲ့မချုပ်ဖြစ်ဘဲ Suit ဝယ်တော့မယ်ဆို ကိုယ့်ခန္ဓာကိုယ်အတိုင်းကို ကြိုသိထားဖို့လိုအပ်ပါတယ်။
Source: Pinterest