ပုရိသတို့အကြိုက် ထူးဆန်းတဲ့ ပျော်စရာပွဲလေးကို အဝေးကြီးသွားစရာမလိုပဲ အိမ်မှာပဲ ကျင်းပလို့ရပါတယ်။ ပုရိသဆိုပေမယ့် ချစ်သူမိန်းကလေးတွေလည်း အကြိုက်တွေ့စေနိုင်မှာပဲ ဖြစ်ပါတယ်။ ဝိုင်အမျိုးအစားစုံလင်စွာနဲ့ ပျော်စရာပါတီပွဲလေးတစ်ခုကို ဆင်နွှဲလိုက်ကြရအောင်။

White Wine

Source : VinePair

ယေဘုယျအားဖြင့် အရောင်အဆင်းမပါတဲ့ ဝိုင်အမျိုးအစားတစ်ခုပါ။ စပျစ်သီးအစိမ်းနှင့် အဝါများကို အခြေခံပြီး ထုတ်လုပ်ထားပါတယ်။ တချို့ White Wine များကတော့ အဝါဖျော့ဖျာ့အဆင်းရှိကြသည်။

Rose Wine

Source: The Manual

နှစ်ချို့ထားတဲ့ ဝိုင်အမျိုးအစားတစ်ခုဖြစ်ကာ အနီရောင်အဆင်းရှိပြီး အရသာအထူးကောင်းမွန်ပါတယ်။ တချို့ Rose Wine များကတော့ ပန်းရောင်အဆင်းရှိကြပါတယ်။

Fruit Wine

Source: brewingexperience.com

ပန်းသီး၊ ဘယ်ရီသီး၊ စတဲ့အသီးများ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Wine တစ်မျိုးဖြစ်ပြီး Country Wine ဟုလည်း ခေါ်တတ်ကြပါတယ်။

Mead

Source: Baltic Review

အရသာအထူးကောင်းမွန်သော ပျားရည်ဝိုင်ဖြစ်ပါတယ်။ Honey Wine ဟုလည်း ခေါ်ကြပြီး ပျားရည်၊ သစ်သီးများနှင့် တဆေးတို့ကို ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။