(၂၄) နာရီအတွင်းမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို လူတော်တော်များများစိတ်ဝင်စားမိကြမယ်ထင်ပါတယ်။ တစ်ချို့ သက်ရှိသတ္တဝါတွေအတွက်ကြတော့ (၂၄) နာရီဆိုတာ တစ်ဘဝပါပဲ။ ဒါကို လူတွေကသတိမထားမိကြဘူး။ ဒီနေ့ kwee page ကနေပြီးတော့ တစ်ရက်တည်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေတော်တော်များများကို စုစည်းတင်ပြပေးလိုက်ပါတယ်။

  • တစ်ရက်အတွင်း လူပေါင်း (၃၆၅,၀၀၀) ယောက်ခန့် မွေးဖွားနေတယ်။
  • လူပေါင်း (၁၈) သန်းခန့် သူတို့ရဲ့ မွေးနေ့ပွဲကျင်းပနေကြတယ်။

Source: Pinterest

  • ကမ္ဘာပေါ်ကို မိုးကြိုးအကြိမ်ပေါင်း (၈.၆) သန်းခန့် ပစ်နေတယ်။
  • ကမ္ဘာပေါ်မှာနေထိုင်နေတဲ့ သတ္တဝါနှစ်ကောင်ကို သစ်ပင်တစ်ပင်တိုင်းက လုံလောက်တဲ့ အောက်စီဂျင်ထောက်ပံ့ပေးနေတယ်။
  • တရုတ်နိူင်ငံမှာ စပါးတန်ပေါင်း (၅၁၀,၀၀၀) တန်ခန့် ရိတ်သိမ်းနေတယ်။

Source: Flickr

  • ကြက်မတွေက ကြက်ဥပေါင်း သန်း (၁၉၀) ခန့်ဥချနေကြတယ်။
  • စက္ကူအိတ်တွေပြုလုပ်ဖို့အတွက် သစ်ပင်ပေါင်း (၄၀,၀၀၀) ခန့် နေ့စဉ်ခုတ်နေရပါတယ်။ ပြီးတော့ အိမ်သာသုံး စက္ကူအတွက် သစ်ပင်ပေါင်း (၂၇,၀၀၀) နေ့စဉ်ခုတ်ပစ်နေရပါတယ်။
  • ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့ကို (၁၅) ကြိမ်ခန့်ရယ်မောကြတယ်။
  • တစ်နေ့ကို သာမန်လူတစ်ယောက်ရဲ့ နှလုံးက (၁၀၄,၀၀၀) ကြိမ်ခုန်ပါတယ်။
  • လန်ဒန်မြို့တစ်မြို့ထဲမှာပဲ ကြွက်ပေါင်း (၉၃,၀၀၀) ခန့်မွေးဖွားပါတယ်။
  • (၁၅၀-၂၀၀) ကြားမှာရှိတဲ့ သစ်ပင်မျိုးစိတ်တွေ၊ အင်းဆက်တွေ၊ ငှက်တွေနဲ့ နို့တိုက်သတ္တဝါတွေဟာ ဂေဟစနစ်ပျက်စီးမူကြောင့် မျိုးတုံးပျောက်ကွယ်နေရတယ်။
  • လင်းနို့တစ်ကောင်က အင်းဆက်အကောင်ပေါင်း (၁,၀၀၀) ခန့်စားသုံးကြတယ်။

Source: The Port of Camas-Washougal

  • လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဆဲလ်ပေါင်း (၅၀) ထရီလီယံခန့် ဆုံးရှုံးနေပြီး ပြန်လည်ထုတ်လုပ်နေပါတယ်။
  • စီကရက်ပေါင်း (၁၅) သန်းခန့် ကမ္ဘာတစ်ဝှမ်းရောင်းချနေရပါတယ်။
  • တစ်နေ့တာဆိုတဲ့အချိန်အခိုက်အတန့်လေးဟာ မိုးပျံကောင် (mayfly) တွေရဲ့ တစ်ဘဝပါပဲ။