စကိတ်တွေ စတင်ပေါ်ပေါက်လာခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ စကိတ်နဲ့ပတ်သက်တဲ့ တခြားစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကို ထပ်ပြီးဝေမျှချင်ပါသေးတယ်။

အိုလံပစ်အားကစားတစ်ခုဖြစ်လာတဲ့ စကိတ်အားကစား

Source: static01.nyt.com

၁၉၉၈ ခုနှစ်မှာတော့ စကိတ်စီးတဲ့ အားကစားဟာ အိုလံပစ်အားကစားဖြစ်လာခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်တုန်းကတော့ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်စဉ်နှစ်တိုင်း ပါဝင်လာခဲ့ပါတယ်။ စကိတ်အားကစားကို ပထမဆုံးပွဲဦးထွက် ဝင်ပြိုင်နိုင်ခဲ့တဲ့ အိုလံပစ်အားကစားပြိုင်ပွဲကတော့ ၁၉၉၈ ခုနှစ်တုန်းက ဂျပန်မှာကျင်းပခဲ့တဲ့ပွဲပါ။

တစ်နေ့နေ့မှာတော့ လပေါ် စကိတ်စီးနိုင်တော့မှာပါ

Source: olympic.mn

၁၉၇၂ ခုနှစ်တုန်းက အာကာသယဉ်မှူးတစ်ယောက်ဟာ လပေါ်သွားရောက်လည်ပတ်တဲ့အခါမှာတော့ လပေါ်စီးနှင်းလျှောစီးလို့ရနိုင်တဲ့ နေရာလေးတစ်ခုကို သတိထားမိခဲ့တယ်လို့ သိရပါတယ်။ လမျက်နှာပြင်ပေါ် ဖြတ်သန်းပြီး စီးနှင်းလျှောစီးလို့ရနိုင်မယ်လို့ သူထင်မြင်တယ်လို့ ဆိုခဲ့ပါတယ်။

စကိတ်ကို ကိုယ်စီးနိုင်တာထက် ပိုမြန်အောင် စီးနိုင်ပါသေးတယ်

Source: xtremespots.com

စကိတ်ရဲ့ အမြန်နှုန်းဟာ ကိုယ်စီးနေတဲ့ လျင်မြန်နှုန်းထက်တောင် အများကြီးသွားနိုင်ပါသေးတယ်။ စကိတ်ရဲ့ အမြန်နှုန်းဟာ လူတွေကို အံ့သြမှင်သက်စေခဲ့ပါတယ်။ လက်ရှိမှာတော့ Simone Origone ဆိုတဲ့ စကိတ်သမားတစ်ဦးရဲ့ နှုန်းကတော့ တစ်နာရီကို ၁၅၆၂ မိုင်ဖြစ်တာကြောင့် မယုံနိုင်လောက်အောင်ပါပဲလို့ လူတွေက ပြောနေကြပါတယ်။

စစ်ပွဲတွေမှာ စကိတ်ကို အသုံးပြုခဲ့ကြ

Source: waralbum.ru

ဟိုးအရင်တုန်းက တောင်တန်းဒေသတွေမှာ စကိတ်ကိုအသုံးပြုပြီး စစ်တွင်းသယ်ယူပို့ဆောင်မှုတွေအတွက် အသုံးပြုခဲ့ကြပါတယ်။ ဒီစကိတ်တွေဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်တွေအတွင်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။

ရုပ်ရှင်ကားတွေမှာလည်း အသုံးပြုခဲ့

Source: https://i.ytimg.com

စကိတ်စီးတာနဲ့ စကိတ်ကို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အသုံးပြုကြတာ သိကြမှာပါ။ ထင်ထင်ရှားရှား ဥပမာပြရရင်တော့ လူကြိုက်အရမ်းများတဲ့ စုံထောက်ဇာတ်လိုက်ကျော်ကြီး ဂျိမ်းစ်ဘွန်းဟာ သူ့ရဲ့ ကျွမ်းကျင်လှတဲ့ နှင်းလျှောစီးစွမ်းရည်ကို အသုံးပြုပြီး ရန်သူတွေကို အနိုင်နဲ့ ပိုင်းခဲ့တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ကို မှတ်မိကြမှာပါ။

နှင်းလျှောစီး အပန်းဖြေစခန်းသီးသန့်တွေလည်း ထားကြတယ်

တချို့နိုင်ငံတွေမှာတော့ နှင်းလျှောစီးဧရိယာတွေဟာ ထင်မှတ်မထားနိုင်လောက်အောင် ရှိနေပါတယ်။ တချို့နိုင်ငံတွေမှာတော့ နှင်းလျှောစီးဖို့အတွက် အပန်းဖြေစခန်းတွေ ပြုလုပ်ထားပါတယ်။ အားလပ်ရက်တွေမှာ သွားရောက်အပန်းဖြေဖို့အတွက် နှင်းလျှောစီးဧရိယာတွေ ထားရှိကြတာပါ။ မြောက်ကိုရီးယားမှာတော့ Masik Pass၊ အာဖဂန်နစ္စတန်က Bamyan နဲ့ အစ္စရေးက Hermon တောင်တွေဟာ နာမည်ကြီးလှတဲ့ သေချာဆောက်လုပ်ထားတဲ့ နှင်းလျှောစီးအပန်းဖြေစခန်းတွေပဲဖြစ်ပါတယ်။