နဂါးပုံတက်တူးက တက်တူးချစ်သူတွေကြားမှာ ရေပန်းစားတဲ့အနုပညာတစ်ရပ်ပဲဖြစ်ပါတယ်။ ရှေးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက နဂါးဆိုတဲ့သတ္တဝါကို အင်အားကြီးမားတဲ့ဒဏ္ဍာရီလာသတ္တဝါအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တက်တူးချစ်သူတွေလည်း အင်အားကြီးမားကြောင်း၊ သန်မာကြောင်းနဲ့ ယောကျာ်းပီသကြောင်း ဖော်ပြချင်တဲ့အခါ နဂါးပုံတက်တူးကို ထိုးလေ့ရှိကြပါတယ်။

ဒီလိုနဲ့ပဲ နဂါးပုံတက်တူးထိုးထားတဲ့အမျိုးသားများက ဆွဲဆောင်မှုရှိတာကြောင့် လူအများရဲ့စိတ်ဝင်စားခြင်း ခံရပါတယ်။

စာဖတ်သူတို့အနေနဲ့ နဂါးပုံတက်တူးထိုးထားတယ်ဆိုရင်ပဲဖြစ်ဖြစ်၊ ထိုတက်တူးထိုးမယ်လို့ စိတ်ဆုံးဖြတ်ထားတယ်ဆိုရင် နဂါးပုံတက်တူးရဲ့နောက်ကွယ်က အဓိပ္ပာယ်​ကို သိထားဖို့တော့လိုမယ်နော်။

ခွန်အားကြီးမားမှု

နဂါးဆိုတဲ့ ဒဏ္ဍာရီလာသတ္တဝါက စွမ်းအားကြီးမားတဲ့အတွက်ကြောင့် ခွန်အားကြီးမားခြင်းကို ကိုယ်စားပြုတယ်လို့ သတ်မှတ်ကြပါတယ်။ သူ့ရဲ့ ပါးစပ်ကမှုတ်ထုတ်လိုက်တဲ့ မီးက တစ်မြို့လုံးကို ပျက်စီးပစ်နိုင်ပါတယ်။ ဒါ့ကြောင့် နဂါးကို စွမ်းအားနဲ့ သတ္တိအဖြစ် ရည်ညွှန်းထားပါတယ်။

ဘဝမှာ ဟန်ချက်ညီစွာ နေထိုင်နိုင်ခြင်း

ဂျပန်လူမျိုးတွေရဲ့ ရာဇဝင်တွေထဲမှာ နဂါးကို အထွဋ်အမြတ်ထားကြပါတယ်။ သူတို့ရဲ့ ဒဏ္ဍာရီတွေထဲမှာဆို နဂါးကို ရေနတ်ဘုရားအဖြစ် သတ်မှတ်ထားကြတာပါ။ ထို ရေနဂါးမှာ ကုလားအုတ်ဦးခေါင်း၊ ငါးအကြေးခွံ၊ ကျားရဲ့ ခြေဖဝါးနဲ့ သိမ်းငှက်ရဲ့ ခြေသည်းခွံတို့ ပေါင်းစပ်ထားကြတယ်လို့ ရှေးဂျပန်လူမျိုးတွေက ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် နဂါးပုံတက်တူးထိုးခြင်းက လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့အရာအားလုံးကို ဟန်ချက်ညီစွာပြုမူပြီး နေထိုင်ကျင့်ကြံနိုင်ဖို့ ကြိုးစားကြတယ်လို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။

ကံကောင်းခြင်း

တရုတ်လူမျိုးတွေကတော့ နဂါးကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးတဲ့ သတ္တဝါလို့ ယုံကြည်ကြပါတယ်။ တရုတ်ရိုးရာယဉ်ကျေးမှုမှာ နဂါးကို မြင့်မြတ်တဲ့သတ္တဝါအဖြစ်လည်း သတ်မှတ်ကြပါတယ်။ ကံကောင်းခြင်းအပြင် ဥာဏ်ပညာကြီးမားခြင်းနဲ့ စိတ်ကောင်းစေတနာကောင်းရှိခြင်းတို့ကိုလည်း ကိုယ်စားပြုပါတယ်။

ဒုစရိုက်မှုများ

တရုတ်နဲ့ ဂျပန်မှာတော့ နဂါးကို မွန်မြတ်တဲ့သတ္တဝါအဖြစ် သတ်မှတ်ကြပေမယ့် အနောက်တိုင်းနိုင်ငံတွေမှာတော့ မကောင်းဆိုးဝါးသတ္တဝါအဖြစ် သတ်မှတ်တာပါ။ ဂျာမနီနိုင်ငံမှာတော့ လောဘကြီးခြင်းနဲ့ အခြားအဆိုးမြင်အနက်အဓိပ္ပာယ်တွေနဲ့ ဖွင့်ဆိုထားတာပါ။ ရောမယဉ်ကျေးမှုမှာတော့ နဂါးပုံတက်တူးရဲ့ ဒီဇိုင်းပေါ်မူတည်ပြီး အကောင်းနဲ့အဆိုးက ကွဲပြားသွားတယ်လို့ ယူဆကြပါတယ်။

စွမ်းအားကြီးမားမှုကို ကိုယ်စားပြုတဲ့ နဂါးပုံတက်တူးကိုမှ တက်တူးထိုးချင်တယ်ဆိုတဲ့ စာဖတ်သူတို့အတွက် နဂါးပုံတက်တူးဒီဇိုင်းများကို ဝေမျှပေးလိုက်ပါတယ်။

Source: thestyleup.com