Alpha Male တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လို လက္ခဏာ တွေနဲ့ ပြည့်စုံနေရမလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။ မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။ Alpha Male တစ်ယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ လက္ခဏာ များကို ကွီးတို့ သိသွားပါလိမ့်မယ်။​

Alpha Male ဆိုတာ ဘာလဲ

man lion

ကမ္ဘာပေါ်မှာ အမျိုးသား အမျိုးအစားတွေ အများအပြားရှိတဲ့အနက်မှ လူအများကြားထဲမှာ ထင်ပေါ်နေပြီး လူအများအပေါ် သြဇာ လွှမ်းမိုးနိုင်တဲ့ အမျိုးသားများကို Alpha Male လို့ ခေါ်ပါတယ်။ တစ်နည်း အလွယ်ပြောရမယ်ဆိုရင်တော့ တောဘုရင် ခြင်္သေ့နဲ့ အလားသဏ္ဍာန် တူပါတယ်။ ရဲစွမ်း သတ္တိအပြည့်ရှိပြီး ခေါင်းဆောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်နှက်နေတဲ့သူကို ထိုကဲ့သို့ သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ် အောင်မြင်ရင် ပြီးရော အခြားသူတွေ ဘာဖြစ်ဖြစ် ချနင်းတတ်တဲ့ သူမျိုးတော့ ဖြစ်လို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားပြီး ကိုယ့် ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း လေးလေးစားစား ဆက်ဆံတတ်တဲ့သူတွေကို Alpha Male လို့ သတ်မှတ်ထားကြတာပါ။

ဘယ်လိုမဆို Alpha Male ဖြစ်နိုင်သလား

man leader

ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကွီးတို့ဆီမှာ ရဲစွမ်းသတ္တိအပြည့်၊ နှလုံးရည်၊ လက်ရုံးရည်လည်း ပြည့်ဝဖို့ လိုအပ်ပြီး သနားကြင်နာကာ ရိုင်းပင်းကူညီတတ်တဲ့ စိတ်ထားလည်း ရှိဖို့ လိုအပ်ပါတယ်။ ကိုယ့် ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားတတ်မယ်ဆိုရင်တော့ ကွီးတို့လည်း Alpha Male တစ်ယောက်ဖြစ်နိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွဗနဲ့ ပြည့်စုံနေရမလဲ

စိတ်ဖိစီးမှုတွေ အောက်မှာတောင် အပြုံးမပျက်တတ်တဲ့လူစားမျိုး

 Alpha Male လက္ခဏာ

လူတော်တော်များများကတော့ စိတ်ဖိစီးလာပြီဆိုတာနဲ့ မျက်နှာက ဘယ်လိုမှ ဟန်မဆောင်နိုင်တော့အောင် ပျက်သွားမှာ အမှန်ပါပဲ။ ဒါပေမဲ့ နှလုံးရည် လက်ရုံးရည်နဲ့ ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းတွေကျတော့ ဘယ်လောက်ပဲ စိတ်ဖိစီးမှုဒဏ်တွေ ခံနေရပါစေ အပြုံးမပျက်ဘဲ စိတ်ဖိစီးမှုတွေအောက်မှာ ကောင်းကောင်းကြီး အလုပ်လုပ်နိုင်ပါတယ်။ ဒီလို အလုပ်လုပ်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံလူ မလုပ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိတဲ့သူမှသာလျှင် ပြုလုပ်နိုင်တာပါ။

ခန္ဓာကိုယ် အနေအထားက ကြည့်လိုက်တာနဲ့ ခန့်ညားနေတာမျိုး

 Alpha Male လက္ခဏာ

ကွီးတို့ မျက်လုံးထဲမှာ မြင်ယောင်ကြည့်လိုက်ပါ။ လက်ပျဥ်ကုန်းကုန်း၊ ခါးကိုင်းကိုင်း အမျိုးသားနဲ့ ခါးမတ်မတ်ထားပြီး လက်ပျဥ်ကုန်းမထားဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်နဲ့ ရင်အုပ်ကို ကျယ်ကျယ် ဖွင့်ထားတဲ့ အမျိုးသား ဆိုရင် ဘယ်အမျိုးသားက လူတွေအပေါ် သြဇာ ပိုလွှမ်းမိုးနိုင်မယ်လို့ ထင်ပါသလဲ။

ဒုတိယ အမျိုးအစားပဲ ဖြစ်မှာပေါ့။ Alpha Male ဆိုတာလည်း ထိုနည်းအတိုင်းပါပဲ။ ခန္ဓာကိုယ် အနေအထားက ကုပ်ချောင်း ကုပ်ချောင်း ဖြစ်မနေဘဲ ကြည့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့် ရှိနေတဲ့ အမျိုးသားတွေသာလျှင် လူအများအပေါ် သြဇာညောင်းနိုင်တာပါ။

တစ်ချိန်လုံး ပုတ်သင်ညိုလို လုပ်မနေဘူး

 Alpha Male လက္ခဏာ

တစ်ယောက်ယောက်က စကားပြောတဲ့အခါ တအင်းအင်းနဲ့ ခေါင်းချည်းပဲ ညိတ်နေတာမျိုးက တစ်ဖက်လူ ပြောတာကို နားလည်လို့ သေချာ နားထောင်နေလို့ ခေါင်းညိတ်တာ မဟုတ်ပါဘူး။ တစ်ဖက်လူကို ကျေနပ်အောင် ကြိုးစားပြနေတဲ့ ခန္ဓာကိုယ် အနေအထားပဲဖြစ်ပါတယ်။ ဒီလိုလုပ်နေခြင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မရှိလို့၊ တစ်ဖက်လူထက် ကိုယ်က ပိုတော်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်မလုံခြုံခြင်းကြောင့်ပဲဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့သာ Alpha Male ဖြစ်ချင်တယ်ဆိုရင်တော့ သူများ ပြောသမျှတွေကို တစ်ချိန်လုံး ပုတ်သင်ညိုလို ခေါင်းညိတ်နေစရာမလိုပါဘူး။ တစ်ဖက်လူ ပြောတာကိုလည်း သေချာနားထောင်၊ ပြီးရင် ကိုယ့်အတွေးအမြင်တွေကိုလည်း သေချာ ပြန်ပြောပြတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် လျှောက်လှမ်းတတ်တဲ့ လူသားတစ်ယောက်ဖြစ်မှာပါ။

ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ လက္ခဏာတွေနဲ့ ပြည့်စုံနေရဲ့လား။

Source: Lovepanky.com

Featured Image: Medium