အက်သလက်တီကိုအသင်းဟာ ချယ်လ်ဆီးအသင်းမှ အငှားခေါ်ယူထားတဲ့ စပိန်တိုက်စစ်မှူး မိုရာတာကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါတယ်။အသက် (၂၆) နှစ်အရွယ် တိုက်စစ်မှူးမိုရာတာဟာ ပြီးခဲ့တဲ့၂၀၁၉ ဇန်နဝါရီလက ချဲလ်ဆီးအသင်းကနေအက်သလက်တီကိုအသင်းကို (၁)နှစ်ခွဲခန့်အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ကစား သမားတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာတော့ အက်သလက်တီကိုအသင်းအနေနဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးပါက တိုက်စစ်မှူးမိုရာတာကို အပြီးသတ်ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့သဘောတူညီမှုရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Source : indiatvnews.com

တိုက်စစ်မှူးမိုရာတာဟာ ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စတင်ခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီကမှ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း (၆၀) နဲ့ချယ်လ်ဆီးအသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။မိုရာတာဟာ ချယ်လ်အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၇၂)ပွဲကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၂၄) ဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်သို့သော်လည်း ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ပင် အတော်လေးရုန်းကန်ခဲ့ရတဲ့အတွက် အက်သလက်တီကိုအသင်းကို အငှားစာချုပ်နဲ့ သွားရောက်ဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

Source : Daily Mail

အက်သလက်တီကိုအသင်းအတွက်တော့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၁၇)ပွဲကစားခဲ့ပြီး သွင်းဂိုး(၆)ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။မိုရာတာရဲ့ အငှားစာချုပ်သက်တမ်းက လာမယ့် (၂၀၂၀) ခုနှစ်အထိ ရှိနေသေးတာကြောင့် အက်သလက်တီကိုအသင်းမှာ အငှားကစားသ မားဘဝနဲ့ပဲ ဆက်ရှိနေဦးမှာဖြစ်ပြီး လာမယ့် (၂၀၂၀) – (၂၀၂၁) ခုနှစ်ဘောလုံးရာသီမှ အပြီးသတ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားသွားမှာဖြစ်ပါတယ်။အက်သလက်တီကိုအသင်းအနေနဲ့ စာချုပ်ပါစည်းကမ်းချက်တွေအရ မိုရာတာကိုအပြီးသတ်ခေါ်ယူဖို့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၅၅ သန်းပေးဆောင်ရဖွယ်ရှိနေတယ်လို့သိရပါတယ်။

Source : marca.com

အက်သလက်တီကိုအသင်းဟာ ယခုနှစ်အပြောင်းရွှေ့ကာလတွင် တိုက်စစ်မှူးမိုရာတာအပြင် ယာအိုဖီးလစ် ၊ ဟက်တာဟာရဲရား၊ ဖိလစ်ပီ စတဲ့ကစားသမားတွေကိုပါငွေကြေးအမြှောက်အများသုံးစွဲပြီးခေါ်ယူကာ အသင်းကိုအားဖြည့်ထားတာပဲ ဖြစ်ပါတယ်။